စဥ်းစားရင်းနှင့် လာလိုက်တော့ ထမင်းစားခန်းကို ရောက်မှန်းမသိ ရောက်လာသည်။ နေ့လည်က တစ်ခါလာပြီးသားဆိုတော့ မှတ်မိသည်လေ။ ပြီးတော့ တခြားအခန်းလည်း မဟုတ်၊ ဗိုက်ဖြည့်ရမယ့် နေရာကို။ ကြည့်လိုက်တော့ Draco က ရောက်နှင့်နေပြီး စားတောင်စားနေသည်။ သူ့ဘေးနားပဲ သွားထိုင်လိုက်သည်။ ကျန်တဲ့သူတွေကို သူမှ မသိပဲ။ ထိုင်လိုက်တော့ Draco က ရောက်ပြီလား ဆိုသည့် အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် သူ့ဟာသူ ဆက်စားနေသည်။

Grace လည်း သူ့ကို စကားမပြောတော့ သူလည်း မပြောပဲ သူ့ဟာသူ စားတော့သည်။ နည်းနည်းကြာတော့ Draco က စားပြီးသွားတော့ စကားစလာသည်။

"ဘာလုပ်နေလို့ ကြာနေတာလဲ ဘာတွေများ အများကြီး ပြောနေကြလို့လဲ"

"ငါ အရင်တစ်ခေါက်က နင့်ကို ပြောဖူးတဲ့ စာအုပ်လေ"

"spell တွေ အများကြီး ပါတယ်လို့ ပြောတဲ့ တစ်အုပ်လား"

"အွန်း အဲ့ဒါ ပေးတာ ပြီးတော့ နည်းနည်းပါးပါးလည်း မှာသေးတာပေါ့ ဘယ်လိုပဲ တစ်နေရာတည်း ​အတူတူရှိနေနေ သူက ငါ့ကို အမြဲ လိုက်ကြည့်ပေးနိုင်မှာ မဟုတ်ဘူးတဲ့ ပြီးတော့ ဂရုစိုက်ဖို့လည်း ပြောတာပေါ့ ဒါပါပဲ တခြားဘာမှတော့ မပြောပါဘူး အင်းပေါ့လေ အဖေတွေက သမီးတွေကို ပိုစိတ်ပူတတ်ကြတာပဲကို"

"အော် အင်းပါ"

"နင်ရော Harry နဲ့ ဘာတွေ ပြောဖြစ်လဲ"

"Quidditch အကြောင်းပါပဲ ပြီးတော့လေ သူက အရမ်းချစ်ဖို့ကောင်းတယ်သိလား ငါပြောပြတာလေးကို စိတ်ဝင်တစားလေး နားထောင်နေတာ သိလား ငါလေ သူနဲ့ Daddy ပြောလို့ သူငယ်ချင်း လုပ်တာမျိုး မဟုတ်ဘဲ တကယ်ကို ရင်းနှီးချင်တယ် သိလား သူ့ပါးလေးတွေကလည်း ကိုင်လို့ကောင်းတယ်သိလား ပြီးတော့လေ...blah......blah....."

*အော် ငါလေး မေးလိုက်တာ ဘာပြောကြတာလဲလို့လေ အဲ့အကြောင်းတွေ မေးဘူးလေလို့ဟာ ဒါမဲ့လည်း ကောင်းပါတယ် သူ့ဘက်ကလည်း သူငယ်ချင်းဖြစ်ချင်တယ်ဆိုတော့ နောက်တော့ သူငယ်ဂျင်း ပေါ့နော် ဟီး ဟီး*

"ဟီး ဟီး"

"ပြောပြနေတာကို နားမထောင်ဘဲ ဘာတွေ ဟီးနေတာလဲ သူများပြောပြတာကို စိတ်ဝင်တစားတော့ နားထောင်ပေးဦးမှပေါ့ Harry ​လေးနဲ့များ ကွာပါ့"

I was transmigrated into Harry Potter's WorldWhere stories live. Discover now