"မကြာလောက်တော့ဘူး၊ ဆရာကြီးကယ်လုအန်းက မက်ခါဒီဇိုင်နာလေ၊ ဒါကို ပထမဆုံးစက်ရုပ်တွေမှာ စမ်းသပ်တဲ့အနေနဲ့သုံးတာဖြစ်ရမယ်၊ နည်းပညာသာပိုကျွမ်းကျင်လာရင် မက်ခါတွေမှာလည်း သုံးလာလိမ့်မယ်"

"ဘုရားရေ... တကယ်လို့သာ အဲဒါကို မက်ခါမှာသုံးနိုင်ပြီဆိုရင်... စကြဝဠာထဲကမက်ခါတွေ အကုန်လုံးက ကြီးမားတဲ့ အပြောင်းအလဲနဲ့ကြုံရတော့မှာပဲ"

ကျန်းဖုန်းနဲ့ ကျိုးဟုန်ရိက ဝမ်ရှောင်းယွင်ရဲ့ သတိပေးချက် ရထားပြီးပြီ။ သူတို့က ဒီစက်ရုပ်တွေကို ဘယ်သူတီထွင်ထားတယ်ဆိုတာ ပြောပြဖို့ ငြင်းဆန်နေတယ်။ အဲဒါကြောင့် လူတိုင်းရဲ့အားကျတဲ့အကြည့်တွေကို ကြုံရတဲ့အခါ သူတို့နှစ်ယောက်က ရယ်လိုက်ပြီးတော့ မရေမရာပဲ ပြန်ဖြေနိုင်တော့တယ်။

နောက်ခံကောင်းပြီး ချမ်းသာတဲ့မိသားစုကလူတချို့က လူကိုယ်တိုင် ကယ်လုအန်းကို သွားရှာပြီး ပိုက်ဆံအပုံလိုက်ပေးကာ စိတ်စွမ်းအားနဲ့ ထိန်းချုပ်လို့ရတဲ့ မက်ခါတစ်စီး တီထွင်ပေးဖို့ ကယ်လုအန်းကို တောင်းဆိုလာကြတယ်။

ဒါကိုကြားတော့ ကယ်လုအန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်တယ်: "ဒီစက်ရုပ်နှစ်ရုပ်ကို ငါလုပ်တာမဟုတ်ဘူး"

"ဆရာကြီးလုပ်တာမဟုတ်ဘူးလား၊ မဖြစ်နိုင်တာ.. ဆရာကြီးကလွဲရင် ဒီလိုဒီဇိုင်းထွင်တဲ့အရည်အချင်း အင်ပါယာထဲမှာ ဘယ်သူများရှိသေးလို့လဲ"

ကယ်လုအန်းက လေးလေးနက်နက်ပြောတယ်: "ကလေး၊ စကြဝဠာဆိုတာ ကျယ်ပြန့်တယ်.. လူမှုအဖွဲ့အစည်းတွေ အမျိုးစုံတည်ရှိနေတယ်၊ ငါက အင်ပါယာထဲက အတော်လေးကျော်ကြားတဲ့ မက်ခါတီထွင်သူတစ်ယောက်သက်သက်ပဲ၊ ဒါပေမဲ့ အင်ပါယာအပြင်ဘက်မှာ ဖက်ဒရယ်မဟာမိတ်နိုင်ငံတွေရှိတယ်၊ နောက်ထပ် လူမှုအဖွဲ့အစည်းတွေရှိတယ်.. သူတို့လည်း အရာတွေအများကြီး သိနားလည်ကြတယ်၊ ငါက အထင်ကြီးစရာအကောင်းဆုံးသူ မဟုတ်ပါဘူး"

"ဒါပေမဲ့ ဖက်ဒရယ်မဟာမိတ်နိုင်ငံတွေတောင်မှ ဆရာကြီးကို အတော်ဆုံးမက်ခါတီထွင်သူအဖြစ် အသိအမှတ်ပြုထားတာပဲ၊ ဆရာကြီးမှမဟုတ်ရင် ဒီလိုစွမ်းရည်မျိုးပိုင်ဆိုင်ထားတာ ဘယ်သူလဲလို့ တကယ်မသိတော့ပါဘူး၊ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပါလား"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now