"Jin huyngအတွက်လည်းအစုံပါတယ်...မှာတာတွေလည်းပါပြီ....jiminနဲ့hyungတော့ မျှော်နေတော့မှာပဲ.....မြန်မြန်ပြန်ရမယ်..."

တစ်ယောက်ထဲ စကားတွေပြောရင်း အိမ်မှာကျန်ခဲ့တဲ့လူသားလေးနှစ်ယောက်အတွက် လိုတာလေးတွေဝယ်ခဲ့ပေမယ့် သူ့အတွက်မပါ....မိသားစုသာရှိခဲ့ရင် လိမ္မာတဲ့သားတစ်ယောက်ဖြစ်မှာသေချာတယ်....အိမ်ထောင်များကျရ့င် အိမ်ထောင်ဖက်အပေါ် ဂရုစိုက်မှသေချာတယ်....သိပ်တော်ပြီးနှလုံးသားလှတဲ့လူသားလေး hoseokကတော့....စောင့်နေမယ့်လူနှစ်ကိုပဲ တွေးရင်းသာလျှောက်လာခဲ့တာ...နောက်ကပါလာတဲ့အရိပ်ကလေးကိုတော့ သူသတိမထားမိခဲ့ပါ....

လမ်းအတော်လျှောက်ပြီးတော့ ခပ်လှမ်းလှမ်းကမြင်နေရတဲ့ သစ်ပင်ကြီးအောက်က ဘဲပေါက်လေးကြောင့် မောတာတောင် ဘယ်ဆီဘယ်ဝယ်ရောက်မှန်းမသိ....

"Jimin ah!!!!..."

သဘာဝတရားကြီးနဲ့ အပြိုင်လှနေတဲ့ကောင်လေးဟာ နားထဲဝင်လာတဲ့အသံတစ်သံကြောင့် ထရာမှထိုင်ကာ အပြေးအလွှားပြေးဖက်လေရဲ့....

"Hoseok ah..."

အင့်..

"ဖြေးဖြေးလုပ်ပါ....jiminရယ်....သေတော့မှာပဲ..."

"မင်းနော်...တစ်နေကုန်ငါလွမ်းလို့သေတော့မယ်.....မင်းမရှိတာပျင်းဖို့ကောင်းတယ်...."

သူငယ်ချင်းလေးကို တစ်ရက်လေးတောင်မခွဲနိုင်တဲ့ကောင်လေးကတော့....ကိုယ်ပေါ့ကပ်နေတဲ့မျောက်လေးလိုပဲ မဆင်းသေးပဲ ချွဲနေတုန်း....

"ဟုတ်ပါပြီ...ဆင်းတော့ မင်းဝလာတာလား...လေးလိုက်တာ..."

"မင်းနော်....ဟွန့်..."

"နူတ်ခမ်းဆူမနေတဲ့ ဘဲနူတ်သီးနဲ့တူနေပြီ ဘဲပေါက်ရဲ့..."

"ဘာဘဲပေါက်လဲ....မင်းနော်..."

"ကဲပါ...huyngကိုမြင်ကြရဲ့လား..."
နှစ်ယောက်သားအလွမ်းသယ်နေကြတာ မတွေ့ရတာနှစ်ချီသလို....တစ်ယောက်ကလည်း ပစ္စည်းတွေလည်းမချဘဲ အလေးခံပြီးကပ်တွယ်ထားတဲ့ဘဲပေါက်လေးကိုလည်းမချ....တစ်ယောက်ကလည်းခုန်တက်ပြီးမျောက်လိုပဲ ချွဲနေတာ ကိုယ့်ကိုတောင်မမြင်နိုင်....

မောင့်မူပိုင်သမားတော်💘Where stories live. Discover now