" သား မေမေဒူးနာလိုက်တာ "
" ဒီနားမှာခနထိုင်နေနော်။ မေမေ သားပစ္စည်းတွေ ကျောင်းပေါ်အရင်တင်လိုက်မယ်။
တီမိုးခနစောင့်နေနော် "" အေးအေး သားလေး "
သားနောက်ကျောကို ငေးကြည့်ရင်း ခင်ပွန်းသည်ကိုသတိရမိသွားခဲ့သည် ။
'' မိုးရေ။ ကျွန်မတော့ ချွေးမရတော့မလားပဲ ''
'' မမကြီးရယ် သားခွန်အေးဆေး ချစ်သူထားပါစေဦးလား။ ငယ်ပါသေးတယ် '
'' ကိုခွန်မရှိတော့ သမီးလေးများအစားရမလားလို့ပါ မိုးရယ် ချွေးမနဲ့ မြေးတွေနဲ့နေချင်ပြီလေ ''
'' ညီမနားလည်ပါတယ် မမကြီးရယ် ''
မအေတစ်ခု သားတစ်ခုနဲ့အထီးကျန်တဲ့ဘဝကို အေးချမ်းစေမဲ့လူဝင်လာပါစေကွယ်လို့သာ ဒေါ်မိုးငယ်ဆုတောင်းရတော့သည်။
'' ဟဲ့ ဝင်းယမှုံခေတ် လာ ပစ္စည်းလာကိုင် ငေးမောမနေနဲ့။ သေမယ် ''
''အမေကလဲ ။ လာပြီ ''
'' ရော့ သင်္ကန်းတွေကိုင် သေချာကိုင်နော် ရှပ်ပြာရှပ်ပြာမလုပ်နဲ့ ''
'' ဟိုက် ဟိုက် ''
'' ဖအေကိုပြောင်ချော်ချော်နဲ့ ''
အဖေ့လက်ထဲက သင်္ကန်းပြောင်းကိုင်ပေးပြီး ကျောင်းပေါ်သာတက်ခဲ့တော့သည် ။ လူကို ဝတယ်ဆိုပြီးအလေးတွေမခိုင်းနေကျတာများ။
" ဟွန့် ဝိတ်ကျလို့လှလာမှ သမီးလေးဆိုလို့ကတော့ ဆောတီးပဲ "
တူတော်မောင်မွေးနေ့မှာအလှုလာလုပ်ပါတယ်ဆိုမှ လှလှပပမနေရဘူး တကယ်ပဲ ။ အပြာဝမ်းဆက်နဲ့ ဆံပင်ဂုတ်ဝဲကို ဖဲပြားအကြီးလေးနဲ့ ချီထားတာမို့ ပါးဖောင်းဖောင်းလေးက ထင်းနေတော့သည် ။
ဆူပုတ်တဲ့မျက်နှာနဲ့ ကျောင်းပေါ် တက်လာတာမို့ ဆရာတော်ဘုရားရော၊ နေရောင်ရော လှည့်ကြည့်မိသည်။ လူကိုလဲမမြင်နိုင် ခွေးမြင်တောင်တက်နင်းသွားမဲ့ ကောင်မလေး။
" ဒကာမလေး ဘယ်လာသလဲ "
" တူလေးမွေးနေ့အတွက် မွေးနေ့အလှုပါဘုရား "
" အေးအေး လာလာ ဒကာမ "
" တင်ပါ့ ဘုရား "
'' ဟိတ်! ''
![](https://img.wattpad.com/cover/288619635-288-k778008.jpg)
YOU ARE READING
အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်
RomanceUnicode and Zaw Gyi❗️ Start date - Oct 18 2021 အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်တဲ့ အချစ်တွေ ရစ်ပတ်လာချိန်မှာတော့ ..... ဘယ်လိုရှေ့ဆက်မလဲ ဘာတွေဆက်ဖြစ်လာမှာလဲ။ အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်...
Part- 3
Start from the beginning