"ဦးလေး ၊သမီးကို ဆိုင်တစ်ဆိုင်ဆိုင်ပို့ပေးပါဦး "
"သူဌေးကတော်ကော သမီး"
"အမေက သူ့သူ ပြန်ခဲ့မယ်တဲ့၊ သမီးဗိုက်ဆာပြီ"
"ဟုတ်ကဲ့ ၊ဦးလေး လိုက်ပို့ပေးမယ်"

တမာန် ဒါရိုက်ဘာ လိုက်ပို့ပေးတဲ့ မြန်မာထမင်းဆိုင်မှာ ဒါရိုက်ဘာနှင့်အတူ ဝင်စားလိုက်သည်။အသက်ကြီးတဲ့သူကို စောင့်ခိုင်းပြီး တစ်ယောက်ထဲ စားရအောင်လည်း တမာန်စားမဝင်။

ဒါရိုက်ဘာ ဦးလေးကြီးကတော့ သူမကို ကျေးဇူးတင်ကာ တပြုံးပြုံးဖြင့်။
"သမီးက စိတ်ထားကောင်းလိုက်တာကွယ်၊ လိမ္မာလိုက်တဲ့ ကလေးလေး"
"ဟီး"
စားသောက်ပြီးတော့ တမာန် ဦးကို သတိရကာ တွေ့ချင်လာသည်။ဦးနှင့်သူမ တရားဝင် ချစ်သူဖြစ်ခဲ့ပြီးကတည်းက အခုထိ မတွေ့ရသေးတာ နှစ်ပတ်နီးပါးရှိတော့မည်။

"ဦးလေး..၊သမီးကို ဟိုအိမ်အဟောင်းဆီ ခဏ လိုက်ပို့ပေးပါလား"
"ဟုတ်"

တမာန် ၆လလောက် နေခဲ့ဖူးတဲ့ အိမ်ဆီရောက်တော့ လူမရှိတဲ့ အိမ်က တိတ်ဆိတ်ပြီး လေညင်းသဲ့သဲ့ ဝှေ့ချိန်မှာ စိန်ပင်းပင်အခက်တွေက လှုပ်ရှားသွားသည်မှာ ယိမ်းနွဲ့နွဲ့ဖြင့်။

"ဦးလေး ။ဒီလမ်းထိပ်မှာ ကွမ်းယာဆိုင်ရှိတယ်၊ ဦးလေးခဏ သွားထိုက်လိုက်လေ၊ တမာန် သူငာ်ချင်းဆီ ခဏသွားလည်မလို့"
"ဖြစ်ပါ့မလား"
"ရပါတယ်၊တမာန်ဒီမှာ အကြာကြီးနေဖူးတယ်၊ တမာန်လမ်းသိပါတယ်၊ တမာန်ပြီးရင် ဦးလေးဆီ လာခဲ့မယ် အဲ့မှာပဲ စောင့်နေလေ"

"ဟုတ်ပြီ၊ဒါဆို ဦးလေး အဲ့မှာပဲ စောင့်နေမယ်နော်"
"ဟုတ်"

တမာန် ဂါဝန်ဝဲဝဲကို ခါနေအောင် ဝဲလိုက်ပြီး ဦးအမြဲပြန်နေကျ လမ်းဘက်ကို မျက်နှာမူလိုက်ပြီး ပြေးသွားလိုက်သည်။
"ချစ်ရတဲ့ ဦးရေ၊ တမာန်လာပြီ!!"

တမာန် သွားရင်း လမ်းတစ်ဝက်ရောက်မှ သတိရသည်။ သူမ ဦးတို့အိမ်ကို မသိပေ။ အမေက အပြင်ထွက်ခွင့်မပေးတာကြောင့် အိမ်ဘေးခပ်လှန်းလှန်းထိကလွဲ၍ ရပ်ကွက်ထဲထိ လမ်းမသိပေ။

"သေပါတော့ တမာန်ရယ်။ ငါမှ အိမ်မသိဘဲ ဘယ်လိုသွားရှာမှာလဲ"

My Lovely Night Bird Boy (Completed)Where stories live. Discover now