47

3.5K 231 12
                                    

Unicode
*********
"ကိုးပေါက်လာစမ်း!"

သင်းမြတ် သူမရှေ့က ဖဲချပ်ကို ဆွဲထုတ်ရင်း ပါးစပ်ကလည်း အသံထွက် ရွတ်လိုက်သည်။
"အာ....၊ ၂ပွင့်ထဲတဲ့"

စိတ်ပျက်လက်ပျက်နှင့် ဖဲချပ်ကို ပစ်ချလိုက်ပြီး ရှုံးသွားတာကြောင့် မျက်နှာက ရှုံ့မဲ့လို့နေသည်။
"အမေ...တမာန်ဗိုက်ဆာပြီ"

"ကျွတ် သမီးကလည်း နေဦး အမေတစ်အိမ်ဝင်လိုက်ဦးမယ်၊ ဒီအိမ်ပြီးမှ သွားမယ်"

{{ဖဲဝိုင်းတွေမှာ ဝင်ဆော့တဲ့သူတွေကို တစ်အိမ်လုံ့ သုံးတာ ကြားဖူးတယ်မလား။ ဖဲဝိုင်းမှာ လူတစ်ယောက် လိုသေးတယ်ဆိုရင် တစ်အိမ်လိုသေးတယ်လို့ ပြောတာလေ}}


"တမာန် ဗိုက်ဆာပြီ ။ အမေ့ဝိုင်းက ကြာဦးမှာ"

ဒေါ်သင်းမြတ် ဖဲဝိုင်းကလည်း မထချင်၊ သမီးဖြစ်သူကလည်း တကျီကျီ ပူဆာနေတာကြောင့် စိတ်တိုလာပြီး
"ရော့ရော့ ။ ကိုယ့်ကိုယ် သွားဝယ်စားလိုက်၊ ဒါရိုက်ဘာကို လိုက်ပို့ခိုင်းလိုက်။ စားပြီးရင် အိမ်ပြန်တော့ အမေ့ကို လာခေါ်စရာ မလိုဘူး။ ကိုယ့်ကိုယ် ပြန်လာခဲ့မယ်"

လက်ထဲ ပိုက်ဆံထိုးထည့်ပေးပြီး ဖဲဝိုင်းဖက် ပြန်လှည့်သွားတဲ့ အမေကြောင့် တမာန်ဘာမှ ဆက်မပြောတော့ဘဲ ထွက်လာလိုက်သည်။ သူမအမေရဲ့ အကျင့်ဆိုးတွေ ထပ်ဖြစ်လာပြန်ပြီ။
သူမမှတ်မိသေးသည်။ သူမ ငယ်ငယ်တုန်းက အိမ်ကြီးအိမ်ကောင်း မဟုတ်တောင် အတော်သင့် လှပကြီးမှာ နေထိုင်ခဲ့ဖူးပြီး အဆင်ပြေခဲ့ဖူးသည်ကို။ သို့သော် သူမ အသက် ၅နှစ်အရွယ်လောက်ရောက်တော့ အမေက လောင်းကစားလုပ်တတ်လာပြီး သူမတို့မှာ အကြွေးပတ်လည်ဝိုင်းနေလို့ ထွက်ပြေးခဲ့ရတဲ့ အချိန်တွေကို။
အမြဲလိုလို ရလိုက်ကုန်လိုက်ဖြင့် အကြွေးတွေ နှစ်ပြီးရင်း နှစ်ကာ အကြွေးမပေးနိုင်လို့ အိမ်ပေါ်က မောင်းချခံရပြီး လမ်းဘေးဘဝ ရောက်သွားခဲ့တာကို...။

ဒီနောက်ပိုင်း အမေက အလုပ်ကျိုးစားပြီး အဖေနဲ့တောင် လက်ထက်ခဲ့တာကြောင့် ထိုအလုပ်တွေ ဆက်မလုပ်တော့ဟု ထင်ခဲ့သော်လည်း လက်ထဲ ငွေရှိသည်နှင့် အကျင့်‌ဆိုတာ ဖျောက်မရခဲ့။

My Lovely Night Bird Boy (Completed)Where stories live. Discover now