ကျွန်းပေါ်တွင် ( I will save it )

2.3K 307 79
                                    


သစ်ရွက်တွေသည် လေပြေများ၏ ခဏတာဆော့ကစားခံရခြင်းကြောင့် ထွန့်ထွန့်လူး၍ ​မြေခကြရသည် ။ ခဏတာ သာယာမှုကို တဘဝစာထင်ပြီး နေရပ် ​​သစ်ပင်ကိုစွန့်ခွာကာ လိုက်ခဲ့တဲ့ရွက်ဝါလေးတွေပဲ မှားသလား... စိတ်ပြေလက်ပြောက် ကျီစယ်သွားတဲ့ လေပြေကပဲမှားသလား... ။

သေချာတော့ မသိပေမဲ့ အပေါ်viewကနေကြည့်ရာ လမ်းမကြီးတခုလုံး ရွက်ကြွေဖြင့်သာဝေဆာနေသည် ။ အမြင်တော့လှပါရဲ့... ဘဝတော့လှမှာမဟုတ်ပါ ။

" ကောင်းကင်ထက် အနောက်ရပ်သို့တိုးဝင်သွားသော နေမင်းကြီးကြောင့် တနေ့တာကုန်ဆုံး​ခြင်းကို သတ်မှတ်ထားသည်မို့ ဘာလိုလိုနဲ့ခွဲစိတ်ပြီး 1ပတ်ပင်ကြာခဲ့လေပြီ.. ။ "

<< တပတ်ဆိုသည့်ကာလအပိုင်းလေးအတွင်းမှာလဲ လက်ကိုင်ဖုန်းလေးကို အိပ်ရင်တောင်လက်ထဲကမချ.. ဖုန်းသံကိုလဲ အဆုံးထိချဲ့ကာ တရေးအိပ်ချိန် ဖုန်းဝင်လာခဲ့သည်ရှိသော် လွတ်သွားမှာစိုးပင်.. ။ သို့သော်... Messageလေး တကြောင်းတောင် ရောက်မလာခဲ့ပါ ။ >>

*** ဘယ်လိုအင်အားတွေနဲ့ ဒီလိုနေနိုင်ရက်တာလဲ.. မေးခွင့်ရှိရင်မေးခြင်ပါသည် ။ ***

[ ခွဲစိတ်ပြီးအစားမှန်အအိပ်မှန်မှရမည်ဆိုတဲ့ စကားတွေလဲ မင်းသစ်ခေါင်းထဲမရှိတော့ပါ ။ သူအလုပ်ရှုပ်နေလို့ ဖုန်းမကိုင်အားတာပါဟု အကြိမ်ကြိမ်အခါခါ လိမ်မိသော ကိုယ့်ကိုယ်ကိုလဲ အားနာလှပါသည် ။ အချိန်ပြည့်ကိုယ့်အား လစ်လျှူရှုထားသော ထိုဖုန်းနံပတ်တစ်ခုထဲသာ စွဲခေါ်ရလွန်းလို့ လူသာဆို ထဆဲနေလောက်ပြီ ။ ]

ဒါပေမဲ့... လိုအပ်သည်လေ...

<< ကလေးဆိုတဲ့အခေါ်အဝေါ်လေးရော... သူ့ကိုယ်သူ " ကို "လို့သုံးတက်တာကိုရော.. Hazelတွေနှင့် ခပ်သဲ့သဲ့ရယ်သံများပါ.. အရမ်းလွမ်းသည် ။ >>

သို့သော် မငိုဖြစ်ပါ ။ စိတ်ကုန်သွားလို့ စိတ်ကောက်နေလို့ဆိုတာထက်... သူ့ကိုယုံလို့ပါ ။ အချိန်တန်ရင် ရင်ခွင်ထဲပွေ့ကာ ပါးပြင်ထက်အနမ်းများချွေ၍ ချော့မည်ဆိုတာသိသည်လေ... ဒါကြောင့် မျော့မျော့ပဲ ကျန်တော့သည်စိတ်ကိုတင်း၍ထားသည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now