"အိမ်ရှေ့စံလူမဟုတ်ရင်ရပြိိီ....ကျွန်တော်လိုက်္မယ်..."

"မင်းမလိုက်နဲ့လေ...မင်းလုိက်လို့သူသွေးထွက်လွန်သွားရင် အနားမှာလူရှိဖုိ့လုိတယ်...သူလက်ကုိပိတ်စနဲ့အုပ်ပြီး သွေးတိတ်အောင်ဖိထား...အခုပြန်လာခဲ့မယ်..."
ခေါင်းငြိမ့်ပြတော့မှ.ကျွန်တော်လည်းသမားတော်ပင့်ပြိီး ဆေးကုစေလိုက်တယ်...တော်သေးတာပေါ့...ကျွန်တော်သာမတွေ့ရင် ဒီကလေးနှစ်ယောက်တော့ မတွေးရဲစရာပဲ....

"လာ...မင်းခြေထောက္မှာလည်း သွေးတွေနဲ့ မင်းသိပ်ခေါင်းမာတာပဲ...သမားတော်ကိုမကြည့်ခိုင်းဘူး..."
ဆေးထည့်ပေးဖုိ့လုပ်တော့..

"ကျွန်တော်ကအရေးမကြိီးဘူး သခင်လေးကအရေးကြီးတယ်..."တဲ့...
သူတို့နှစ်ယောက်အကြာင်း သိသင့်တယ်မလား ဒါမှကာကွယ်လုိ့ရမယ်ေလ...

"မင်းလည်းအရေးကြီးတယ်...ဆေးထည့်ပေးမယ်...."ဆုိပြီး သူ့ဖိနပ်နဲ့ခြေအိတ်ချွတ်လိုက်တဲ့အခါ သူခြေထောက္မှာ ဘယ်လောက်တောင်ပြေးခဲ့ရလဲမသိဘူး ခြေကျင်းဝတ်လေးညိုမဲနေပြီ....ခြေထောက်တွေမှာလဲ ရှရာတွေဗရပွနဲ့ သွေးတွေစို့နေတာ...ကြည့်ရက်စရာတောင်မရှိဘူး....

"မင်းခြေထောက်တွေ...."

"ရတယ်ဘာမှမဖြစ်ဘူး...ဆေးမထည့်ပေးပါနဲ့....သခင်လေးကိုကုပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ..."

"မရဘူး မင်းဆေးထည့်ရမယ်.."
အတင်းဆေးထည့်ပေးမှာ လက်ခံတယ်...ကတယ်ခေါင်းမာတယ်....

ကျွန်တော်အိပ်ရာပေါ်မှာေတာ့ ဖြူဖြူအုအုလုံးလုံးလေးက နေရာယူလုိ့ အိပ်ရာပေါ်ကောင်လေးကုိကြည့်ရင်း ဘေးမှာအိပ်ပျော်သွားတဲ့ကောင်လေး...သူတို့နှစ်ယောက်ကိုကြည့်ရင်း ကျွန်တော်စိတ်ထဲသူတို့ကုိစောင့်ရှောက်ရမယ် သွားစရာမရှိရင်ခေါ်ထားပြီး ကျွေးမွေးထားမယ်...ညီလေးနှစ်ယောက္မွေးစားလိုက္မယ်လုိ့တွေးလိုက်္မိတယ်....

ဒီလုိနဲ့မိုးသောက်လုိ့ ကြက်တွန်တာနဲ့ ကျွန်တော်ကသူတုိ့စားဖုိ့တစ်ခုခုပြင်ဆင်နေရင်း အရပ်ရှည်ရှည်နဲ့ဓားကိုင်ထားတဲ့ကောင်လေးကနုိးလာပြီး

"ကျေးဇူးတင်ပါတယ်...အခုလုိကူညီပေးတာ..."

"ရပါတယ်...ဘာမှမဖြစ်ပါဘူး...မျက်နှာသစ်လေသွား..."လုိ့ပြောလိုက်တော့ ဒူးထောက်ပြီးအကူအညီတောင်းရှာတယ် ခြေထောက်နာနေတဲ့ကလေးကလေ...

မောင့်မူပိုင်သမားတော်💘Место, где живут истории. Откройте их для себя