"Grace ထပြီလား"

"အင်း ထပြီ"

တွေးနေစဥ်မှာပင် ကြားလိုက်ရသော Pansy အသံကြောင့် မြန်မြန်ထကာ မျက်နှာသစ်၊ အဝတ်အစားလဲလိုက်သည်။ အကုန်ပြင်ဆင်ပြီး အောက်ရောက်ခါမှ မနက်စာမစားရသေးဘူးဆိုတာကို သတိရသွားသည်။ မတတ်နိုင်ဘူးလေ။ နောက်ကျတော့လည်း နှစ်နပ်ပေါင်းစားလိုက်ရုံပေါ့။ အောက်မှာ စောင့်နေတဲ့ Pansy ကို တွေ့လိုက်တော့ သူ့ဆီ မြန်မြန်ပြေးပြီး မေးလိုက်သည်။

"မနက်စာ စားပြီးပြီလား"

"အင်း စားပြီးပြီ ငါသွားမစားခင်တုန်းက နင့်ကို Draco က သွားနှိုးခိုင်းလို့ လာနှိုးလိုက်သေးတယ် နင်က အင်း ထပြီ လို့ ပြောတာနဲ့ ခဏနေ လာမယ်ထင်ပြီး ဆက်မနှိုးတော့တာ ပြန်ရောက်တော့လည်း နင်က အိပ်တုန်းဆိုတော့ ချလိုက်တာ အရမ်းနာသွားလား"

*မေးရက်တတ်နော် နာသွားလားတဲ့ အဟင့် အီဆောင့်သွားတာပဲ လက်သံအရမ်းပြောင်တယ်*

"နာတော့ နာတာပေါ့ လက်သံပြောင်တယ်နော် ဒါမဲ့လည်း နင်သာ မနှိုးရင် ငါ အခုထိ နိုးဦးမယ် မထင်ဘူး ဟီး ကျေးဇူးပဲ နှိုးပေးတာ"

"ရပါတယ် ငါလည်း Draco မပြောရင် နင့်ကို နှိုးဖြစ်မယ် မထင်ဘူး"

"ဘာလို့"

"ငါနိုးလာတော့ နင့်ခုတင်ဘက်လှည့်ကြည့်တော့ နင့်ကို ထသွားပြီ ထင်လိုက်တာ အောက်ရောက်တော့မှ Draco က နင့်ကို သွားနှိုးပေးပါဦး လို့ပြောတော့ ကြောင်တောင် ကြောင်သွားတယ် ပြီးကျမှ နင်က စောင်နဲ့ အုပ်နေတာလေ စောင်ဖယ်လိုက်မှ နင့်မြင်ရတယ် အဲ့လိုကြီး အိပ်တော့ အသက်ရှူမကျပ်ဘူးလား"

"အော် ငါက အိပ်ပျော်သွားပြီ ဆိုတာနဲ့ ဘာမှ မသိတော့ဘူး ဘေးနားမှာ စကားအကျယ်ကြီး လာပြောနေရင်တောင် နိုးချင်မှ နိုးမှာရယ် အော် အဲ့ဒါဆို နင်နဲ့ ငါနဲ့ အခန်းဖော်တွေပေါ့"

"အွန်း ဟုတ်တယ် တခြား နှစ်ယောက်လည်း ရှိသေးတယ် ဒါပေမဲ့ သူတို့နဲ့ မမိတ်ဆက်ရသေးဘူး"

"အော် အွန်းအွန်း"

"နင်နဲ့ ငါနဲ့ သူငယ်ချင်းဖြစ်သွားပြီပေါ့နော်"

I was transmigrated into Harry Potter's WorldWhere stories live. Discover now