''ငယ်...''

''ဗျာ...''

သူပြန်ထူးလိုက်သော်လည်း အကိုက တော်တော်နဲ့ စကားစမလာ...ထို့ကြောင့် အကို့ပခုံးပေါ် နောက်ပြန်မှီချရင်း အကို့ကို မော့ကြည့်လိုက်တော့ နမ်းချင်စရာ ကောင်းလောက်အောက် ဆွဲဆောင်မှုရှိတဲ့ မေးရိုးထင်းထင်းနဲ့ ထိပ်တိုက်တိုးရဲ့...

''ပြောလေ အကို...မွ***''

တကယ်ပဲ မထိန်းနိုင်စွာ မေးရိုးကို လှမ်းနမ်းတော့ အကိုက ငုံ့ကြည့်လို့ပြုံးပြီး သူ့နဖူးကို ဖိကပ်နမ်းလာသည်...မှိတ်ကျသွားတဲ့ မျက်ခွံထက်ကိုလည်း ဖိနမ်းလာသေးတာမို့ သဘောတကျရယ်တော့ အကိုက နှာခေါင်းရှုံ့လို့ အသည်းယားဟန်ပြု၏...

''ဟို...ကိုယ်တို့အကြောင်းတွေကိုလေ...Mediaက သိသွားပြီ...''

''ဗျာ???''

သူအလန့်တကြား အကို့ရင်ခွင်ထဲကထွက်ဖို့ ပြင်လိုက်ပေမဲ့ အကိုက ပြန်ချုပ်ပြီး ဒီအတိုင်း နေခိုင်းသည်...ဆူညံနေတဲ့ အကို့ရင်ခုန်သံတွေက သူ့ကျောပြင်ကိုပင် ရိုက်ခတ်နေသေးတာ...

''ဒါမဲ့ မပူပါနဲ့...ကိုယ့်Fanတွေက နားလည်မှုရှိပါတယ်...ဘာမှမဖြစ်ဘူး...နော်...''

သူ့ကိုမစိုးရိမ်ဖို့ ပြောနေတဲ့ အကိုက ကိုယ်တိုင်တော့ ဝေခွဲရခက်နေတဲ့ပုံ ပေါ်တာမို့ သူသက်ပြင်းချပြီး အကို့ရင်ခွင်ထဲ ပိုလို့တိုးဝင်ရင်း ခါးပေါ်က လက်တွေကို ပြန်လည်အုပ်ကိုင်လိုက်သည်...

''အကိုအဆင်ပြေရင် ပြီးရောလေ...''

''အင်း...ပြေတယ်...ပြေတာမို့လို့ ကိုယ့်အနားမှာပဲ...''

Ring Ring Ring

ပြောနေရင်းက စားပွဲပေါ်မှ မြည်ထွက်လာတဲ့ ဖုန်းသံကျယ်ကျယ်လောင်လောင်ကြောင့် အကို့စကားတွေဟာ ရပ်တန့်သွားသည်...

''ငယ်...ကိုယ်ခေါင်းတွေကိုက်နေလို့ သံပရာရည်လေး ဖျော်ပေးမလား...''

ပါးကိုနှာခေါင်းနစ်ဝင်​အောင်ထိ နမ်းရှိုက်ပြီး ​ပြောလာသူကြီးအား ခိုင်းစားနေတာလားဆိုတဲ့ အကြည့်တချက်ကို ကြည့်ပေးခဲ့ရင်း သူထွက်လာခဲ့လိုက်သည်...

သို့သော် မီးဖိုချောင်ထဲရောက်မှ သူပြန်သတိရသည်က သူမှ သံပရာရည် မဖျော်တတ်တာ...ထားလိုက်တော့...အကို့အတွက်ပဲဟာ...ဖျော်တတ်သလိုသာ ဖျော်သွားလိုက်တော့မည်...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Tempat cerita menjadi hidup. Temukan sekarang