တွေ့ရာပစ္စည်းတွေနဲ့ ပစ်ပေါက်တော့မှ minnaတစ်ယောက်အထိတ်ထိတ်အလန့်လန့် ....
"သွားပါ့မယ်....minnaကုိတော့ မမုန်းလိုက်ပါနဲ့နော်..."
တကယ်ပါ ကုိကုိမုန်းတာမခံချင်လုိ့ပါ...မချစ်ရင်နေပါကိုကိုရယ်...
"ဟက်...မင်းကိုသေလောက်အောင်မုန်းတာ မင်းသိထား...သွားကွာ..."
ဟက်ခနဲမြည်အောင် လှောင်ရယ်ရင်း မုန်းတယ်ဆုိတာကို တစ်လုံးချင်းပြတ်သားစွာပြောခဲ့တဲ့အခါ...minnaတစ်ယောက် မျက်ရည်တွေစီးကျလာခဲ့ပြီး...ထုိအခန်းလေးအာ နူတ်ဆက်ကာ ငုိရင်းပြေးထွက်လာခဲ့တော့တယ်....
"အိမ်ရှေ့စံမိဖုရား..."
မျက်ရည်တွေသုတ်ရင်း အားတင်းပြောလာလေတော့လည်း သနားစိတ်ဝင်မိပြန်တယ် သူမဟာလည်းချစ်တဲ့အတ္တလေးပဲရှိခဲ့တာကို...
"အော် ဝင်သွားလိုက်ပါ...နားချပေးပါဦး...ကျွန်မပြောတာနားမထောင်တာသိတယ်မို့လား....သံတမန်လေးကုိရော ရှာတွေ့ပြီလား..."
ကျွန်မတကယ်ပဲတွေ့စေချင်တာပါအရင်ကမနာလုိခဲ့ပေမယ့် ဒီတစ်ခါတော့ကုိကိုသာ ပျော်မယ်ဆုိရင် ကျေကျေနပ်နပ်ကိုလက်ခံပေးပါ့မယ်....
"ဟုတ်ရှာနေတုန်းပါပဲ..."
စကားအဆုံးမှာ သူမစကားလုံးတွေဟာတိမ်ဝင်သွားပြီး နောက်တစ်ကြိမ်မျက်ရည်တွေ သီတန်းလာပြန်တယ်...
"အိမ်ရှေ့စံ ...အိမ်ရှေ့စံ..."
အသံပြန်မလာတာကြောင့် ဝင်သွားမိတော့ မူးပြီးအိပ်နေလေရဲ့...
"အချစ်ကပူလောင်မှန်းသိသိရက်နဲ့ မီးပုံးထဲခုန်ချတဲ့ ပိုးဖလန်လိုပါလား အိမ်ရှေ့စံရယ်..."
####
"အိမ်ရှေ့စံ...မလုပ်ပါနဲ့ တောင်းပန်ပါတယ်...မလုပ်ပါနဲ့..."
မူးမူးရူးရူးနဲ့ ဓားဆွဲကာ သူနဲ့ဝင်တိုက္မိတဲ့သူအား ဓားနဲ့ရွယ်ထားသောကြောင့် အပျိုတော်လေးခင်မျာ ကြောက်လန့်နေတာ သေမတက်ေပါ့...
"နင်ကများ ငါ့ကုိဝင်တိုက်ရဲရအောင် နင်ကဘာလဲ....."
"ကျွန်မတောင်းပန်ပါတယ်....တောင်းပန်ပါတယ်...မလုပ်ပါနဲ့နော်...."
"နင်မို့်လား...ငါ့သမားတော်လေးထွက်သွားအောင်လုပ်တာနင်မို့လား...ဟမ်!!!"
ESTÁS LEYENDO
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~22~~~
Comenzar desde el principio
