ဒေါသကြောင့်် yoongiအင်္ကီျကုိဆွဲရင်းမေးလေတော့ yoongiခင်မျာ ကြောင်အအရယ်....

မဟုတ်မှဆုိတဲ့စကားအနောက်္မှ မျက်ရည်တွေနဲ့ ခွေခေါက်ကျသွားတဲ့အိမ်ရှေ့စံဟာ စိတ်ပျက်လက်ပျက်နဲ့....

"ကိုကို....သူမနေချင်လုိ့ထွက်သွားတာနေမှာပေါ့...."
ဝမ်းသာလိုက်တာ...နှင်စရာမလိုပဲထွက်သွားတော့ အဆင်ပြေလိုက်တာ...

"မင်းပါးစပ်ပိတ်ထားminna...ငါ့ဒေါသတွေမင်းဆီပုံသွားမယ်....ထွက်သွား!!!!"

"ကိုကို...minnaကုိလူရှေ့မှာအရမ်းအော်တာပဲ...ဟင့်..."

သူမကတော့..မျက်ရည်စမ်းစမ်းနဲ့ လှည့်ထွက်ကာပြေးလေရဲ့...

[A\N-မသာမ...နည်းတောင်နည်းသေးတယ်...ငါသာဆုိပါးရုိက်ပစ်မှာ နင့်ကြောင့်ဆုိပြီးတော့ ဟွန့်.....]

"အိမ်ရှေ့စံ ကျွန်တော်မျိုး လိုက်ရှာပေးပါ့မယ်...."

"ကောင်းပြီ...အခုလိုက်ရှာ...တွေ့တဲ့နေရာကနေပြန်ခေါ်လာခဲ့ အကုန်ခေါ်သွား....သွား...အခုသွား..!!!!!"

yoongiတစ်ယောက်လည်း ရှာပုံတော်ဖွင့်ရန် ကိုယ်ရံတော်လူတစ်စုနဲ့ပေါ့....နေရာအနှံ့အချိန်အတော်ကြာရှာနေပေမယ့် အပုန်းတော်လွန်းတဲ့ hoseokကြောင့်အရိပ်အယောင်တောင်မတွေ့ခဲ့....

လုံးဝရှာမရခဲ့တဲဲ့အဆုံးမှာ အိမ်ရှေ့စံဟာဒေါသလား အပြစ်မကင်းတဲ့စိတ်ကြောင့်လားဆိုတာ ဝေခွဲမရခဲ့တဲ့အခြေအနေမှာ လုံးဝပြောင်းလဲသွားခဲ့တဲ့နတ်ဆုိးသဖွယ်...ပျက်ယွင်းလာတဲ့စိတ်ဓာတ် သေရည်သောက်စားပျော်မွေ့လာလေတယ်....လူဟာလည်းအရုိင်းဆန်လာခဲ့တယ် ထိန်းမရသိမ်းမရနဲ့ သတင်းဆုိးနဲ့ကျော်ကြားလာတဲ့ အိမ်ရှေ့စံ....

"ကိုကုိ..."
ကိုကိုရယ် အဲ့လောက်တောင်မှသူ့ကုိမြတ်နိုးတာလား..

"ဘာလုပ်လုပ်တာလဲ minna....မင်းကျေနပ်တယ်မို့လား...မင်းတို့သားဖကငါ့ဘဝကုိ ဖျက်ဆီးချင်တိုင်းဖျက်ဆီးနေကြတာ...ကျေနပ်ရဲ့လား!!!"

"မဟုတ်ပါဘူး...ကုိကုိ...minnaကုိကို့်ကုိတကယ်ချစ်တာပါ.."

"ပိတ်ထား...မကြားချင်ဘူး...မင်းချစ်တာလည်းမခံချင်ဘူး...မင်းကုိလည်းမလုိချင်ဘူး...မြင်လည်းမမြင်ချင်ဘူး ထွက်သွား...ထွက်သွားကွာ...."

မောင့်မူပိုင်သမားတော်💘Where stories live. Discover now