Part-17

2.2K 94 8
                                    

U&Z

"ဒေါက်တာ.. အိမ်ပြန်မှာလား"

"မပြန်တော့ဘူး..နားနေဆောင်မှာပဲအိပ်လိုက်တော့မယ်.. တအားပင်ပန်းနေပြီ "

" ဟုတ်ကဲ့"

ယမှုံအိမ်ပြန်ရောက်မှ ညကြီးအချိန်မတော်သူတာဝန်ယူထားတဲ့ ကိုယ်ဝန်သည်ကလမစေ့ပဲ
ကလေးကခေါင်းပြူနေတာကြောင့်ဆေးရုံကိုတစ်ခေါက်ပြန်ပြေးရတော့သည်။မွေးခန်းကထွက်တော့ မနက်၁နာရီခွဲဝန်းကျင်ရှိနေတာကြောင့်အိမ်မပြန်ပဲနားဆောင်မှာအိပ်ဖို့သာဆုံးဖြတ်လိုက်တော့၏။ အခန်းထဲရောက်တာနဲ့နှစ်ထပ်အိပ်စဉ်ရဲ့အောက်ဆုံးအဆင့်မှာ တစ်ကိုယ်လုံးကိုပစ်လှဲလိုက်မိတော့သည်။

"အား! ပင်ပန်းတယ်"

ညီးညူးရင်းကမျက်လုံတွေကိုမမှိတ်မှီအလင်္ကာထိုင်နေကျခုံဆီသို့အကြည့်တို့ရောက်သွားတော့၏။Laptop ကဖွင့်လျှက်ဖြစ်‌နေတာမို့ ယမှုံပိတ်ပေးဖို့ခုံနားကိုထသွားလိုက်တော့သည်။

"ဒီကောင်အခုတလောဘာတွေပြယာခက်နေမှန်းမသိဘူး... ဟင်!!"

............................................................

ရင်ခွင်ထဲမြုပ်နေတဲ့သူရဲ့ဆံပင်တွေကိုလက်နဲ့ဖွလိုက်ရင်းက ပါးပြင်ကိုနှာခေါင်းနစ်ဝင်အောင်အားပါးတရနမ်းရိုက်လိုက်တော့မျက်ခွံလေးတွေက လေးလေးကန်ကန်ဖွင့်လာတော့သည်။

" မောနင်း"

" မင်းက ဆေးရုံမသွားဘူးလား"

" ဟာ..! ဒီနေ့နားရက်လေ မောင်ကိုဆေးရုံမှာပဲရှိစေချင်တာလား."

" ဖယ်"

ရော... ချွဲခြင်လဲသူပဲ စိတ်မပါရင်လည်းလူကိုနှင်ထုတ်သေးတယ်.. မဖယ်ဘူးကွာ!
သူ့ဖတ်ထားတဲ့လက်တွေကိုဖယ်ဟုဆိုကာရိုက်ထုတ်နေတဲ့သူကို တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တော့ရင်ခွင်ထဲကနေ နဂါးမျက်စောင်းနဲ့ကြည့်လာတော့သည်။

" အဲ့ဒီလိုမကြည့်နဲ့ "

" ဘာလို့ "

" ကိုကိုအကြည့်ကြောင့် မောင်ပြာဖြစ်သွားရင်ကိုကို..ဘယ်သူကိုသွားချွဲမှာလည်း.."

" ခွေးစကားတွေ"

" ဟာ!!! .. "

သူ့လက်တွေကိုအတင်းတွန်းထုတ်ရင်း
ခါးလေးကော့တော့တော့နဲ့ သန့်စင်ခန်းပြေးရှာတော့သည်။ မနက်ပိုင်းလုပ်နေကျ မျက်နှာသစ်သွားတိုက်တာဝန်တွေပြီးတဲ့အခါမှာတော့၊ Bathtub ထဲ‌ရေပူရေအေးအနေတော်လောက်နဲ့ပန်းသီးနံ့ဆပ်ပြာလုံးလေးထည့်‌ကာအဆင်သင့်ပြင်ပေးထားတဲ့ထဲကိုကိုကဝင်စိမ်နေတော့၏။သူလည်းကျောနောက်ကနေအသာလေးဝင်ထိုင်လိုက်တော့ ရှေ့ကိုအလိုက်သင့်လေးတိုး‌ပေးသည်အနောက်ကနေဗိုက်ပူပူလေးကိုလက်ကလေးနဲ့ပွတ်ရင်းဂုတ်ဆက်ဖွေးဖွေးတွေကို သူတယုတယလေးနမ်းတော့၊ တချက်တွန့်သွား၏

ETERNAL OWNER  [Completed]Where stories live. Discover now