Part -16

2.3K 108 6
                                    

U&Z

မောင်?????

မာန် ခေါင်းထဲကွမ်ရှင်မက်တွေထပ်ကုန်တော့သည်။ သူ့ကအခု ဒီကောင်ကိုစိတ်ထဲကနေ မောင် လို့သုံးနှုံးလိုက်တာလား

" ဖယ်ဇမ်း"

ခွပ်!!

"အ့"

အနောက်ကနေသူ့ခေါင်းကိုဖွဖွလေးနမ်းနေသည့်အလင်္ကာအားရှက်ရမ်းရမ်းကာ နောက်ပြန်ခေါင်းနဲ့တိုက်ချလိုက်သည်မို့ အလင်္ကာ နှာနုထိသွားပုံရ၏။ နှာခေါင်းကိုအုပ်ကာ ပလုံးပထွေးအသံတို့ဖြင့်

" ဟာ! ဘာထဖြစ်တာလည်း "

" နာသွားလား "

" နာတယ်"

" သေလိုက် "

ပြောပြောဆိုဆိုနှင့်‌လက်‌ဆေးမည်ဟုဆိုသောသဘောဖြင့် လက်နှစ်ဖတ်ထောင်ပြကာ ထွက်သွားသည့်သူကို အလင်္ကာ နားမလည်သလိုကြည့်နေမိ၏။

ဒီနေ့သူတို့သားဖွားမီးယပ်ပိုင်းတွေသီးသန့် ဆွေးနွေးလုပ်ကြသည်။ အကြောင်းအရာကတော့ ယောင်္ကျားလေး ကိုယ်ဝန်ဆောင်ခြင်းနှင့်အိုမီကာဆိုသည့် မျိုးပွားမှုအသစ်ဖြစ်၏။ ဆရာဝန်များကအမေးအဖြေနှင့်ပါမောက္ခကြီးရဲ့ရှင်းချက်တချို့ကိုလည်းမှတ်သားကြသည်။ ထို့ထဲမှာ စိတ်ပါဝင်စားဆုံးက အလင်္ကာ ပင်ဖြစ်သည်။ ယမှုံတစ်ချိန်လုံးသတိထားမိ‌သလောက်တော့ မေးခွန်းတော်တော်များများကို အလင်္ကာကပဲမေးတက်သည်။နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့မီးဖွားချိန်တွေကအစ Heat Circling အကြောင်းတွေကို သူသိထားသလိုနှင့်လိုအပ်သည့်အရာတွေကိုမှာအထပ်ထပ်မေးနေသည်က ကိုယ်တွေ့ကြုံဖူးနေသလိုပင်။
တစ်ခါတလေတချို့အကြောင်းအရာတွေက သူနှင့်တိုက်ဆိုင်နေသလိုမျိုး နှစ်နှစ်ကာကာပြုံးနေသေး၏။

ဆွေးနွေးပွဲပြီးတော့တောင်ပါမောက္ခကြီးက အလင်္ကာကို ချီးကျုးစကားဆိုရင်းနှင့်တောင် မင်းအမျိုးသားက ကိုယ်ဝန်ဆောင်နေရလို့လားဟု စစနောက်နောက်ပင်မေးလိုက်တော့ အလင်္ကာတစ်ချက်အကြပ်ရိုက်ကာတော်တော်နှင့်ဘာပြန်ဖြေရမှန်းမသိဖြစ်သွား၏။

သူဟာကိုကိုနဲ့ပတ်သတ်လာလျှင် ကျန်တဲ့ပတ်ဝန်းကျင်ကိုမမြင်တက်တော့တာခက်သည်။

ETERNAL OWNER  [Completed]Onde histórias criam vida. Descubra agora