Part -4

2.6K 131 15
                                    

[Unicode]

" အခုလဲမဖြစ်နိုင်သလို နောင်လည်းမဖြစ်စေရဘူး.."

" သိပ်လည်း ဒေါသထွက်မနေပါနဲ့ မာန်ရာ
အနေအထားအရ မင်းရဲ့ အမျိုးသားဖြစ်နေတာပဲ ပြီးတော့ မင်း အဖေအကြောင်းလည်း သိရဲ့သားနဲ့ မင်းက ပိုရွတ်ရင် မင်းအဖေကနှစ်ဆပိုတယ်ဆိုတာ မင်း သိရဲ့သားနဲ့ .... "

" မင်းမသိဘူးဝေယံ  အဲဒီကောင်ကဉာဏ်သိပ်များတာ .. အေးသလိုလိုနဲ့ကုက်ကမြင်း အဖေတို့ရှေ့တစ်မျိုးနောက်ကွယ်ကျတစ်မျိုး  အခုလည်း ဘယ်လိုစည်းရုံးထားလည်းမသိဘူး အဖေနဲ့အမေကသူ့ဘက်ကပဲ .."

" တစ်ယောက်တစ်ခန်းစီပဲဟာ မင်းသိပ်ကြီးလည်း ပေါက်ကွဲမနေနဲ့ပါနဲ့ကွာ .."

" ဟျောင့် ! တစ်ခန်းစီပေမယ့် တစ်အိမ်ထဲကွ!
ဒုတိယထပ်မှာသူနဲ့ငါ ပဲရှိတယ် ငါကသူ့မျက်နှာကိုမြင်ကိုမမြင်ချင်တာ.."

ဘယ်လိုမှပြောမရကြာတော့ ဝေယံစိတ်ညစ်လာတော့သည် ဖုန်းနဲ့ဖြောင်းဖျလို့ရမယ်မထင် ဒါကြောင့်

" ကဲပါ မင်းအလုပ်အပြန် ငါ့ဆိုင်ဝင်ခဲ့လေ
မင်းစိတ်ညစ်စရာမှန်သမျှ ပေါက်ကွဲပစ်ပေါ့ အခု ငါ ဘယ်လိုလိုပြောပြော မင်းဒေါသပဲထွက်နေမှာ .. ဘာတွေပဲဖြစ်ဖြစ် ငါက မင်းဘက်မှာအမြဲတမ်းရှိတယ် မာန်  ... OK! "

" OK! Seen you too night.."

မာန် ဝေယံနဲ့ဖုန်းပြောပြီးသည်နှင့်ထိုင်ခုံနောက်မှီ ကိုမှီချလိုက်တော့သည် ပြီးမှပြက္ခဒိန်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်

"  အဲဒီနေ့တောင် ရောက်တော့မှာပဲ...."

....….................................................................

" Dr အလင်္ကာ.."

နောက်ကခေါ်လိုက်သည့်အသံကြောင့်  လှည့်ကြည့်လိုက်သည့် အလင်္ကာ...

" ဟာ ! ယမှုံ ဘယ်လိုဖြစ်ပြီးတော့ရောက်လာတာလည်း.."

" ရောက်လာတာမဟုတ်ဘူး အလင်္ကာ
ဒီနေ့ကစပြီး ဒီဆေးရုံမှာအလုပ်စဆင်းမယ့်  ‌
Dr ယမှုံဦး ဆိုပါတော့ ...."

ယမှုံဆိုတာ ဆေးကျောင်းမှာခင်ခဲ့တဲ့
သူငယ်ချင်းပင်ဆေးကျောင်းပြီးသည်နှင့်  နိုင်ငံခြားမှာဆက်လေ့လာချင်သည်ဟူ၍
ထွက်သွားသည့်မိန်းကလေး  တကယ့်တော့အလင်္ကာ လက်ထက်လိုက်ခြင်းကြောင့်ပင် 

ETERNAL OWNER  [Completed]Where stories live. Discover now