Part-9 ( I'm taller than you )

2.5K 113 4
                                    


U&Z

အိမ်၏စဉ်ဝင်အောက်သို့ကားရပ်လိုက်သည်နှင့်ကားပေါ်မှ အလင်္ကာ နှင့် မာန် ဆင်းလာကြ၏အိမ်ရှေ့အပေါက်ဝတွင် ဦးမိုးမာန် နှင့် ဒေါ်ခိုင်မီမီအပြင် အလင်္ကာ အဖေ နှင့် အမေပါရောက်နေကြသည် ။

မာန် ဦးထွန်းတောက် နှင့် ဒေါ်နွယ်နီကို ခေါင်းညိမ့်ကာရယ်ပြလိုက်ရင်း

" ဦး နဲ့ အန်တီ နေကောင်းတယ်နော်.."

ဦးထွန်းတောက် နှင့် ဒေါ်နွယ်နီက ပြန်ပြုံးပြရင်း

" ကောင်းတယ် သား ... လာ..လာ အိမ်ထဲအရင်ဝင်ကြ.."

အလင်္ကာရှေ့ကဝင်တော့ မာန် အနောက်ကလိုက်ကာ အိမ်ထဲသို့ဝင်လာခဲ့ကြသည် ဦးမိုးမာန် ကတော့ မာန် ကိုမျက်မှောင်ကြုံ့ကြည့်နေသည်

" ဦး နဲ့ ‌အန်တီ ကျွန်တော် အပေါ်ခဏတက်လိုက်ဦးမယ်နော်.."

ထို့အချိန် ဦးမိုးမာန်က ...

" ကြည့် ကြည့် ! ဘာ!.... ဦး နဲ့ အန်တီ လဲ အဖေ နဲ့ ‌အမေ လို့ခေါ်လေ မင်းကို ဒါတွေကအစသင်ပေးရမှလား.. မာန်ဟိန်း‌စေ.."

စပြီ .. ဒီအဖေ နဲ့ ဒီသားဆိုတာ ..

ဦးမိုးမာန် စကားဆုံးတော့ မာန် က အလင်္ကာမိဘတွေကို ခေါင်းတစ်ချက်ညိမ့်ပြရင်း အပေါ်တက်ခဲ့သည် ဦးမိုးမာန် ထရပ်ကာလှမ်းအော်မည်အပြု
ဦးထွန်းတောက်က

" မိုးမာန် .. မင်း ကလေးကို နေရာတကာ‌လိုက်ပြောမနေနဲ့ .. သူအဆင်ပြေသလိုခေါ်ပါလေ့စေ
ငါတို့ ဘယ်လိုမှသဘောမထားဘူး .. မင်းလည်းဒေါသကိုလျော့.."

ဦးထွန်းတောက် ဝင်တားတော့မှဆိုဖာပေါ်ပြန်ထိုင်လိုက်ရင်း

" မင်းမသိဘူး ထွန်းတောက် .. မင်းမသိဘူး.."

ဦးထွန်းတောက်က ခေါင်းခါရင်းရယ်သည်
ဒေါ်နွယ်နီကတော့ သူ့သားဘေးမှာထိုင်းရင်းလက်‌ကလေးကိုဆုပ်ကိုင်ကာ

" မနေ့ထဲက အမေလာချင်နေတာ
သားဖေဖေက သူ့ အသိဒေါက်တာကိုအကျိုးအကြောင်းလှမ်းမေးပြီး
စိတ်ချရတယ် မသွားနဲ့ဆိုလို့လေ..."

ဦးထွန်းတောက်ဘက်လှည့်ကာ မျက်စောင်းလေးတစ်ချက်ထိုးလိုက်သေး၏

ETERNAL OWNER  [Completed]Where stories live. Discover now