Part-11( Call Me Baby )

2.8K 112 9
                                    

U&Z

ရေးရေးလေးမူးနေသလို တိုက်ခက်လာသည့်‌လေပြေအေးအေးကြောင့်ခံစားချက်ကအလွန်ကောင်းနေ၏

" ၂၈,၂၉,၃၀... ရောက်ပြီ.."

လှေကားဆုံးတော့ မီးလင်းနေသည့်နှစ်ထပ်အိမ်လေး

" ပေါက်စ...အိပ်နေပြီလား...?  "

အပြင်ကခဏကြာရပ်ကြည့်ရင်းက ပြန်တော့မည်အပြု ရုတ်တရက်ဆိုသလို ခြံတံခါးဆောင့်ဖွင့်သံနှင့်အတူ ပြေးထွက်လာသည့် ဇော်ဇော်

အသံကြောင့်ဝေယံ လှည့်ကြည့်လိုက်တော့
ဘောင်းဘီတိုလေးနှင့် T Shirt Over Size ကိုအပေါ်မှ ဆွယ်တာလက်ရှည်ကြီး ထပ်ဝတ်ထားရင်း အိမ်တွင်းစီးဖိနပ်နှင့် လက်ထဲမှာဖုန်းလေးကိုင်ထားသည့် ဇော်ဇော်

" ပေါက်စ.."

သူခေါ်‌လိုက်တာကို မကြားသည်လားအာရုံမရှိသည်လား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည့်ပုံစံဖြင့် ပြာယာခက်နေသည့်‌ကောင်လေး ပါးစပ်မှတဖွဖွရွတ်နေသည်က

" ဖွားဖွား.... ! ဖွားဖွား... "

ဝေယံ သူ့အနားကိုလျှင်မြန်စွာလျှောက်သွားရင်းကပုခုံးနှစ်ကိုကိုင်ကာအားနဲ့လှုပ်ချလိုက်ပြီး

" ပေါက်စ.. ဟေ့! ဇော်ဇော်.... ဟျောင့်!...."

ထို့မှ ဇော်ဇော်သူ့ကို မော့ကြည့်တော့သည်
မျက်ဝန်းထဲပြည့်အိုင်နေသည့်မျက်ရည်များနှင့် အားကိုးတကြီးမော့ကြည့်နေတာမို့ ဝေယံ
စိုးရိမ်စွာဖြင့်

" ဘာဖြစ်လို့လဲ ဇော်ဇော် .. ကိုယ့်ကိုပြော
ကိုယ်ဘာကူညီပေးရမလဲ..."

သူ့စကားဆုံးတော့ ပြည့်အိုင်နေသည့်မျက်ရည်များကပါးပေါ်သို့ တသွင်သွင်စီးကျလာကာ

" ဖွားဖွား ... ဖွားဖွားက .... ဆေးရုံမှာတဲ့..."

" ကိုယ်လိုက်ပို့ပေးမယ် ...ဘယ်ဆေးရုံလဲ.."

ဇော်ဇော်လက်တွေကိုဆုပ်ကိုင်ကာလှေကားထစ်တွေအတိုင်းပြေးဆင်းခဲ့ကြ၏

......................…...................................

ကားလေးကအနည်းငယ်လှုပ်ခက်နေသယောင် ပြင်မှအေးနေသော်ငြားလည်း ကားထဲကလူသားနှစ်ဦးကတော့ချွေးများပင်ပြန်လျှက် 

ETERNAL OWNER  [Completed]Where stories live. Discover now