Part-8 ( I will protect you )

2.6K 121 5
                                    

U&Z

အခုတလောအလုပ်ကအိမ်ကအလုပ်နှင့်
ဖိလုပ်နေသည်မို့ မာန် တော်တော်ပင်ပြိုင်းနေမိသည် ဒီနေ့တော့ အိမ်ကို‌စောစောပြန်ခဲ့၏

အခန်းတံခါးဖွင့်ပြီးပြန်ပိတ်လိုက်ကာလော့ပါ
တစ်ခါထဲချလိုက်သည် ပြီးမှ လက်ထဲရှိကုက်အင်္ကျီကို ခုံပေါ်ပစ်တင်လိုက်ကာ Necktie ကိုဖြေလျော့လိုက်သည် တစ်ဆက်ထဲလက်မှလက်ပတ်နာရီကိုချွတ်နေရင်းက စိတ်ထဲတွင်
နောက်မှ တစ်‌ယောက်‌ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် ခေါင်းကိုနောက်သို့ အနည်း‌ငယ်စောင်းကြည့်လိုက်၏

" WTF**..! "

အခန်းမီးမှမှိန်ပြပြ တချို့အခန်းဒေါင့်နေရာတွေကအနည်းငယ်မှောင်၏  ထို့ဒေါင့်တစ်နေရာ၌ မတ်တပ်ရပ်နေသည့် အဖြူဝမ်းဆက်နှင့် အလင်္ကာ ...  လန့်လဲလန့်ချင်စရာ!

မာန် နောက်သို့အနည်းငယ်ယိုင်သွား၏ ပြီးမှခန္တာကိုပြန်မတ်ကာ ခပ်တည်တည်နှင့် စားပွဲပေါ်နာရီကို ပစ်တင်လိုက်ပြီး

" သူခိုးကျင့် သူခိုးကြံနဲ့ ဘာရပ်လုပ်နေတာလဲ.."

အလင်္ကာ ပိုက်ထားသည့်လက်ကိုဖြေရင်း
ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်လိုက်ကာ
မာန် အနားသို့လျှောက်လာခဲ့သည်
မသိမသာလေး နောက်သို့ဆုတ်လိုက်သည့် မာန်

" ရှောင်နေတဲ့သူကရှောင်နေတော့ ကျွန်တော်က သူခိုးကျင့်သူခိုးကြံ ကြံရပြီပေါ့..."

မာန် အနားထက်တိုးလိုက်ရင်း နား နားသို့ကပ်ကာ တိုးတိုးလေးထပ်ပြောလိုက်သေး၏

" ကိုကို ပိန်သွားတယ် .."

ဒီတစ်ခါတော့ မာန် လန့်ဖြန့်ကာ နောက်သို့သိသိသာသာဆုတ်ချလိုက်တော့ နောက်ကစားပွဲခံနေသဖြင့် စားပွဲပေါ်ထိုင်လျှက်ဖြစ်သွားသည်

အလင်္ကာ ကစားပွဲဘေးအစွန်းကိုလက်ထောက်လျှက် မာန် မျက်နှာနားသို့ ကပ်သည့်ထက်
ကပ်အောင် တိုးလိုက်ပြီးသူ့နှုတ်ခမ်းလေးသူကိုက်ကာ ရွှန်းလဲ့နေသည့်မျက်လုံးတွေနဲ့ မာန် နှုတ်ခမ်းကိုစိုက်ကြည့်နေသည်

" အင့်! အာ့! "

လွတ်နေတဲ့ခြေထောက်က အလကားမဟုတ်ဘူး အလင်္ကာ.......
အားနဲ့ခြေထောက်ကိုအပေါ်မြှောက်ချလိုက်ကာ အလင်္ကာ ကျားကိုကန်ချလိုက်သည့်မာန် ..... လုပ်ချင်နေတာကြာပေါ့!!

ETERNAL OWNER  [Completed]Where stories live. Discover now