Part-6 ( D-DAY )

3.1K 130 39
                                    

" မင်္ဂလာပါ ဥက္ကဠကြီး .."

" မင်္ဂလာပါ... ဪ! ကလျာ ဒီနေ့ ဒုဥက္ကဠ အလုပ်လာနိုင်မယ်မထင်ဘူး ဒါကြောင့် ဒီနေ့
ကလျာကပဲ  ကြည့်စီစဉ်လိုက်ပါ .."

ဦးမိုးမာန် မျက်နှာမှာပြုံးပျော်နေသည့်အရိပ်အယောင်တွေထင်ဟက်နေသည် သူတို့
ဥက္ကဠကြီးကို အခုလိုမျက်နှာမျိုး မမြင်ရတာဘယ်လောက်တောက်ကြာပြီလဲ..
ကလျာလည်း ဥက္ကဠကြီး ဘာကြောင့်ပျော်နေသလဲဆိုတာအနည်းနဲ့အများတော့ရိပ်မိသည်။

မနေ့ညက...

" တောက်! ခွေးကောင်လူပါးဝလို့  ဒင်းကမိန်းမပါအိပ်ခေါ်လာတယ်ဟုတ်လား .."

ဦးမိုးမာန် ခြံဝမှာကလျာနှင့်ဆုံခဲ့သဖြင့်ဒေါသတကြီးနဲ့လ‌သာဆောင်သို့ တက်လာခဲ့သည် ဒေါ်ခိုင်မီမီက နောက်မှထပ်ချပ်မကွာပြေးလိုက်ရင်းက

" မောင်ရယ်ဒေါသထိန်းပါအုံး‌တော်ကြာသွေးတိုးနေဦးမယ်"

" မထိန်းနိုင်ဘူး! မင်းဝင်မဆွဲနဲ့ ဒီတစ်ခါဘယ်သူ့မျက်နှာမှကြည့်မှာမဟုတ်ဘူး ဒီကောင်စောက်ချိုးပြောင်းရင်ပြောင်းမပြောင်းရင် အိမ်‌ပေါ်က‌ပြောင်းပဲ..."

ဒေါသရဲ့တွန်းပို့မူကြောင့်လဆောင်သို့ရောက်လာခဲ့သည့် ဦိးမိုးမာန် မောနေသည်ကိုပင်သတိမထားအား အခန်းတံခါးဖွင့်ကာ အော်မည်အပြုမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ခဏကြောင်အသွား၏   ဗုဒ္ဓဒေါ! .....

နောက်မှ တံခါးကိုတိတ်တိတ်ကလေးပြန်ပိတ်ရင်း ပြုံးဖြီး‌‌နေသည့်မျက်နှာကြီးနှင့်‌နောက်သို့အလှည့်

" မောင်! ဘာဖြစ်လို့လည်း.."

ဒေါ်ခိုင်မီမီအမေးကိုခေါင်းခါရင်း တဖက်သို့ဆွဲလှည့်လိုက်ကာ ပုခုံးလေးဖက်ရင်း

" မီ! ကိုယ် ဒီညတော့ အိပ်ပျော်ပြီ..!"

ဦးမိုးမာန် ဘာအဓိပ္ပါယ်နဲ့ပြောလိုက်သလဲ
ဒေါ်ခိုင်မီမီမသိ  အူတူတူနှင့် အောက်ထက်သို့အတူဆင်းလာခဲ့တော့သည်။

စောနကပဲဒေါသတကြီးနဲ့တက်သွားတဲ့ လူကြီးအခုကျ ပြုံးဖြီးနေ၏ ဒီအဘိုကြီး စိတ်မှမှန်သေးရဲ့လား..!

ETERNAL OWNER  [Completed]Where stories live. Discover now