Part-12

2.4K 102 7
                                    

U&Z

*** ဤအပိုင်းတွင် စာရေးသူ၏စိတ်ကူကို
ပုံဖော်ကာရေးသားခြင်းဖြစ်ပါသည် ****

ဘေးမှာဖြတ်သွားသော အမျိုးသမီးဆီမှရေမွေးနံ့ကသိပ်မပြင်းပေမယ့် မာန် အတွက်တော့ခေါင်းအနည်းငယ်မူးသွားကာပြို့ပါတက်တော့၏

တစ်ဖက်ခြမ်းမှပြေးလာသည့်အလင်္ကာ

" ကိုကို ဘာဖြစ်လို့လဲ.."

" ဘာမှမဖြစ်ဘူး .. မင်းက ဘယ်လိုလုပ်ဒီရောက်လာတာလဲ.."

" ဪ! ဇော်ဇော်ကိုဖုန်းဆက်တော့ ကိုကို
ကိုဝေယံဆီရောက်နေတယ်ဆိုလို့ လိပ်စာမေးပြီးလိုက်လာတာ... ကျွန်တော်ကားနဲ့ပြန်မယ် လာ..."

" ငါ ကားပါတယ် ..."

" နောက်မှလာယူခိုင်းလိုက်.. အခုကျွန်တော်နဲ့ လိုက်ခဲ့..."

အလင်္ကာ လက်ကိုအတင်းဆွဲခေါ်နေသည်မို့ မာန် မငြင်းတော့ပဲလိုက်လာခဲ့သည်
နေလို့သိပ်မကောင်းသည်လည်းပါ၏

ကားထဲရောက်တော့သူခြေထောက်‌အောက်နားက စက္ကူအိပ်အဖြူလေးကိုကောက်ယူလိုက်ကာအဖွင့်

" ကိုကို.. မဖွင့်.."

အလင်္ကာ တားပေမယ့်နောက်ကျသွားပြီ

" ဘာလဲ ဒါက... ဟင်!!!  "

စက္ကူအိပ်ထဲမှာမနေ့ညသူ့ ဂျင်းဘောင်းဘီ နှင့်အတွင်ခံ ပင်
မာန် ရဲတက်သွားသည့် မျက်နှာနှင့် လျှင်မြန်စွာနောက်သို့ လွှတ်ပစ်လိုက်၏

" မဖွင့်ပါနဲ့လို့ပြောမလို့ပဲ ကိုကို လက်ကမြန်ချက်"

" မင်း ! မင်းက ဘာလို့ .. စက္ကူအိပ်နဲ့ထည့်ထားတာလည်း...."

" မနက်ကဆေးရုံသွားမှ ကားထဲကတွေ့တာ ဒါကြောင့် အိမ်ရောက်မှလျှော်မယ်ဆိုပြီး...."

" တော်! တော်ပြီ ... "

မာန် ပူလာသလိုပင်ခံစားရတာကြောင့် အဲကွန်းကိုသူ့ဘက်အနည်းငယ်လှည့်လိုက်၏

" အော့!! "

" ဟင်! ... ကိုကို.. "

အဲကွန်းတွင်တပ်ထားသည့်အမွှေးပုလင်းမှရနံ့

မာန် ခေါင်းများပင်မူးလာကာ အထပ်ထပ်ပြို့တက်လာတော့၏

" အော့!! အော့!! အော့!!! "

ETERNAL OWNER  [Completed]Where stories live. Discover now