လူတိုင်းက ချက်ချင်း သူတို့ကို မိစ္ဆာအယူကိုးကွယ်တဲ့ဂိုဏ်းလို့ ခေါ်တဲ့သူနဲ့ ကောင်းကောင်းစကားပြောချင်ခဲ့တယ်။

မမျှော်လင့်ဘဲ သူတို့လှည့်ကြည့်လိုက်တဲ့အခါ ဝမ်ရှောင်းယွင် ဘေးကပ်ရပ်က ကယ်လုအန်းကို မြင်လိုက်ရတယ်။ အားလုံးက တညီတညွတ်တည်း အံ့အားသင့်သွားကြပြီးနောက် အလျင်အမြန် ရိုရိုသေသေ ဂါရဝပြုလိုက်တယ်။

"ဗိုလ်ချုပ်ကြီး၊ ဆရာကြီး ကယ်လုအန်း"

သူတို့က "စကားကောင်းပြောမဲ့" အစီအစဉ်ကို လွှင့်ပစ်လိုက်တယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီး ကယ်လုအန်းပဲလေ။

ကယ်လုအန်းက သူတို့ကို ကြည့်လိုက်တယ်။ သူတို့ ဦးနှောက်ကျင်းခံထားရတဲ့လူတွေလိုမဟုတ်ဘဲ သာမန်လိုပဲပြုမူနေတာကိုတွေ့တော့ သူမနေနိုင်တော့ဘဲ မေးလိုက်တယ်: "မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ"

ကျန်းဖုန်းကဆိုတယ်: "ဆရာကြီး ကယ်လုအန်း၊ ကျွန်တော်တို့ ကင်းလှည့်သွားမလို့ အဆင်သင့်ပြင်နေတာပါ။ အခုပဲ ကြွယ်ဝခြင်းနတ်ဘုရားကို ပူဇော်နေကြတာ၊ ဒီနေ့ ကင်းလှည့်သွားရင်းနဲ့ ပစ္စည်းကောင်းလေးတွေ တွေ့အောင်နဲ့ အန္တရာယ်ကင်းအောင်လို့လေ။"

ကယ်လုအန်းက အံ့အားသင့်နေတဲ့ မျက်နှာနဲ့ : "ကြွယ်ဝခြင်းနတ်ဘုရား ဟုတ်လား"

လူတိုင်းက သူတို့ကိုယ်သူတို့ ဆရာကြီးကယ်လုအန်းရှေ့မှာ ထင်ပေါ်ချင်ပြီး အမြင်ကောင်းရအောင် လုပ်ချင်ကြတယ်။ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ ထူးခြားအံ့ဖွယ်အဖြစ်အပျက်တွေကိုလည်း မျှဝေချင်ကြသေးတယ်။ ဟိုလူကတစ်ကြောင်း၊ ဒီလူကတစ်ကြောင်းနဲ့ ကယ်လုအန်းကို ဖြစ်ကြောင်းကုန်စင် စတင်ရှင်းပြကြတော့တယ်။

အလျင်အမြန်ပဲ ကယ်လုအန်းက ဒီ "ကြွယ်ဝခြင်းနတ်ဘုရား" ဘယ်ကရောက်လာလဲဆိုတာ နားလည်သွားတယ်။

အဆိုအရတော့ သူ့ကို ကိုးကွယ်ပြီးရင် သင်က နည်းနည်းကံကောင်းရင် စွမ်းအင်ကျောက်တုံးတွေ ကောက်ရနိုင်ပြီး အလွန့်အလွန် ကံကောင်းရင်တော့ စွမ်းအင်သတ္တုတွင်းကိုတောင် ရှာတွေ့နိုင်သေးတယ်ပေါ့။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now