"မင်းကဘာလာလုပ်ဒီကုိ...minna...."
မင်းတို့သားဖကြောင့်ဖြစ်ရတဲ့ ငါ့လူသားလေးကုိ နောက််ထပ်နှောက်ယှက်ကြည့် ငါနဲ့ထိပ်တိုက်တွေ့မယ်...

"ကုိကိုကလည်း သံတမန်ကုိစိတ်ပူလုိ့လာမေးတာပါ....."

"ပြန်တော့..."
မင်းမျက်နှာကုိ ဒီလူသားလေးအနားမှာ မမြင်ချင်ဘူး....ထွက်သွားစမ်းပါ...

"ဟုတ်...ဟုတ်ကဲ့...."
တကယ်ပဲ ဒီဂျပုကောင် မြန်မြန်ထွက်သွားမှအေးမယ်...ကုိကိုရယ် လူစိမ်းရှေ့မှာမှ နှင်ထုတ်ရသလား...

"အိမ်ရှေ့စံ....သခင်လေးကမသက်သာသေးဘူး အပြင်လူဝင်လုိ့မဖြစ်လို့ တောင်းဆုိပါတယ်..."
မင်းကုိမမြင်ချင်ဆုံးပဲ မင်းမလာလေကောင်းလေပဲ မင်းတုိ့လင်မယားလာပြီး ဒုက္ခလာမပေးကြနဲ့....

"ကုိယ်တော်ကအပြင်လူမှမဟုတ်ဘဲ..."

"အိမ်ရှေ့စံ....မသင့်တော်ပါဘူး....သခင်လေးဟာအိမ်ရှေ့စံနဲ့ဘာပတ်သတ်မူမှမရှိတဲ့ ဧည့်သည်ပါ....နံရံမှာနားတွေရှိကြတယ် မကောင်းပါဘူး..."
ရှက်တက်ရင် လဲသေလိုက်ပါလားအိမ်ရှေ့စံရယ်...

"ကုိယ်တော်..."
ဟုတ်သားပဲ....ဒီလူသားကုိဒဏ်ရာတွေချည်းပေးမိတာကုိ...

"ပြန်လိုက်ပါတော့ အိမ်ရှေ့စံ..."

"ကုိယ်တောင်းပန်ပါတယ် ....ကုိယ်မင်းကုိဒီလောက်ထိဖြစ်ဖို့မရည်ရွယ်ခဲ့ပါဘူး...ကုိယ်ဒီလုိလုပ်လုိက်ရတာကလည်း မင်းဘေးကင်းဖုိ့ပါ....မင်းကကုိယ့်ရဲ့အားနည်းချက်ပဲ အဲ့ဒါမင်းသိလား...ဖခမည်းတော်ပြောသလုိ မင်းနဲ့ပတ်သတ်လာရင် ကုိယ်ဏာအရှုံးသမားဖြစ်တော့မယ် သမားတော်လေးရယ်....ခဏပဲတကယ်ခဏပဲ ေစာင့်ပေးပါ...ကုိယ်အားလုံးဖြေရှင်းပြီးသွားတာနဲ့ မင်းကုိအားလုံးပြောပြပြီး မင်းပေးတဲ့အပြစ်အားလုံးကုိခံယူပါ့မယ်..."

တိတ်တဆိတ်ငိုကြွေးနေရတဲ့ ဇာတ်ကောင်လေးတွေလုိ့ စာရေးသူရဲ့ကြုိးဆွဲရာ စေစားတဲ့ဇာတ်ရုပ်ပမာ....ကုိယ်တုိ့နှစ်ယောက်ကုိလည်း ကံတရားကကြိုးကုိင်ထားတာမို့ အကောင်းဆုံးကပြမှရမယ်....ကြိုးကိုင်သူကုိအမြစ်ဖြတ်လုိ့ ကုိယ်မင်းဆီအနုပညာလှလှလေးတွေ စီတန်းမယ့်စာရေးသူနဲ့ သေချာပေါက်လာခဲ့မှာမို့ ကျေးဇူးပြုပြီးစောင့်နေပေးပါ....
______________________________
Upလုိက်ပါပြီ ဒါဒါတုိ့ရေ ဇာတ်မျောနေပြီလား...minnaနောက်ပိုင်းတွေသာယာဖို့ ဒီအပိုင်းတွေ မျောပါရစေနော်....
Thank my readers,
💜Minna💜
______________________________**zawgyi**

မောင့်မူပိုင်သမားတော်💘Where stories live. Discover now