###
"ဥိီးရီးတော်ပြန်ပါ...သခင်လေးက ဧည့်သည်တွေ့ဖို့ အဆင်မပြေသေးပါဘူး..."
မတွေ့ချင်ဘူး....အိမ်ရှေ့စံနဲ့ပတ်သတ်တဲ့လူတိုင်းကုိ လုံးဝမတွေ့ချင်ဘူး....
"အင်းပါ....မင်းရောအဆင်ပြေရဲ့လား....မျက်နှာလေးချောင်သွားသလိုပဲ..."
"ဦးရီးတော်.....ခွင့်ပြုပါဦး..."
ဘာစကားမှဆက္မပြောဘဲ အခန်းထဲပဲ ပြန်လာခဲ့လုိက်တယ်...
"နေ...နေ..ပါ...ဦး...."
ပြောတာတောင် မစောင့်ပါဘဲပြန်သွားတဲ့ ကလေးငယ် ကုိယ့်ကုိစိတ်နာသွားတာလား...ကုိယ်ဟာကြံရာပါလို့ထင်နေတာလား...ကုိယ်မင်းကုိချစ်မိနေတယ် ကလေးငယ်ရယ်...အသက်အရွယ်မမျှတဲ့ မင်းနဲ့ကုိယ်ကြားမှာ ဆူးညေှာင့်ခလုတ်လေးဝင်လာမှာကုိ အိပ်မက္ထဲထိ ကြောက်ခဲ့ဖူးတာပါ...အခုတော့ ဒီပြသာနာထဲမှာ ကလေးငယ်က ကုိယ့်ကိုပါရောမုန်းနေသလား ကလေးငယ်ရယ်....
"Jimin...ငါသူတုိ့နဲ့လုံးဝပေးမတွေ့ဘူး....မင်းမျက်နှာနုနုလေးကုိ အခုလုိဖြူရော်နေတဲ့လူပမာလေးလုိ လဲလျောင်းနေရတာ မတန်ဘူးလေ...မင်းအချစ်ကအစထဲက နာကျင်ခြင်းတွေနဲ့ စခဲ့တာကုိကွာ....
"အိမ်ရှေ့စံမိဖုရားကြွလာပါတယ်..."ဆိုတဲ့အဆောင်တော့ရှေ့က အသံ...
"သူကဘာလာလုပ်တာလဲ လှောင်ဖို့လာတာလား...."
"အိမ်ရှေ့စံမိဖုရားကုိ ဂါဝရပြုပါတယ်..."
"အင်း...သံတမန်သက်သာရဲ့လား.."
သေသွားတော့ ဘာဖြစ်မှာမို့လုိ့ရှင်နေသေးရတာလဲ ကုိကိုကငါပိုင်တာ နင်မရစေရဘူး....
"သက်သာပါတယ်..."
"ဒါနဲ့ သံတမန်ကမပြန်တော့ဘူးလား....ဒီမှာပဲတစ်သက်လုံးနေတော့မလုိ့လား..."
မမြင်ချင်ဘူး မြန်မြန်ပြန်...ကိုကုိကနင့်ကိုမြင်နေသေးရင် ငါ့ကုိချစ်လာမှာမဟုတ်ဘူး ပြန်ရင်ပြန်မဟုတ်ရင် ငါ့အဆိုးမဆုိနဲ့...
"ပြန်မှာပါ....သခင်လေးသက်သာသွားတာနဲ့ ပြန်ဖို့စီစဥ််ထားပါတယ်..."
မြေခွေးမ ရုပ်ကလေးလှသလောက် စိတ်ဓာတ်ကပုပ်ပွနေတဲ့ အသိုးမ....တန်တောင်မတန်တဲ့နေရာရထားတော့ အရူးလုိဖြစ်နေတဲ့ အရူးမ
"ဘယ်ကိုပြန်မှာလဲ..."
"ကုိကို...."
"အိမ်ရှေ့စံကုိ ဂါဝရပြုပါတယ်...."
သူကရောဘာလာလုပ်တာလဲ စိတ်ညစ်လုိ်က်တာ...ဟူး...
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~20~~~
Start from the beginning
