Flash back jiminသတ်သေတဲ့ည...
"သမားတော်မရောက်သေးဘူးလား..."
"Hoseok....ဘာဖြစ်တာလဲ...ဟာ..."
အခမ်းအနားမပြီးခင် သံတမန်ကုိအကြောင်းကြားစရာရှိတာမို့ ရောက်လာခဲ့တယ်....အဆောင်တော့ရှေ့မှာ ယုတ်ယုတ်သဲသဲနဲ့မို့ အထဲဝင်သွားတာနဲ့ အော်သံကြားလုိ့ပြေးဝင်ခဲ့တော့ သခင်လေးဟာသွေးထွက်လွန်နေကာ သတိလစ်နေပြီ ကျွန်တော့်နေရောင်ခြည်လေးဟာ သွေးပျက္မတက် အော်ဟစ်သောင်းကာ သမားတော်ခေါ်ခိုင်းနေခဲ့တာ...
"Yoongi...လုပ်ပါဦး....သမားတော်မြန်မြန်ခေါ်ပေးပါ...သခင်လေးဘာမှဖြစ်လုိ့မရဘူး....yoongi....အီး..ဟီး...."
ကျွန်တော်အားကုိးရာရသွားသလုိပဲ သူရောက်လာတော့ အရမ်းဝမ်းသာသွားတယ် သူရှေ့ငိုဖို့လည်း မရှက်ခဲ့ဘူး သူ့ကိုမြင်တာနဲ့စိတ်သက်သာရာရခဲ့တာမို့ပါ..
"ခေါ်ခိုင်းထားတယ် ရောက်လာလိမ့်မယ်...အခုသခင်လေးကုိ သွေးတိတ်အောင်အရင်လုပ်ရမယ် ...လာခုတင်ေပါ်တင်လို်က်...."
"ဟုတ်..."
သူပြောသမျှ နားထောင်ပြီး သခင်လေးကုိ ခုတင်ပေါ်တင်လုိက်တော့ ရေဇလုံတစ်လုံးနဲ့ အဝတ်စတွေယူလာပြီး ဒဏ်ရာကုိဆေးကြောသန့်စင်နေခဲ့တယ်....သွေးတွေပြောင်စင်အောင် ဆေးမနိုင်ဘူး သွးေတွေဟာရေကျသလုိကျနေခဲ့တာ...အဲ့ဒါနဲ့သူကျွန်တော်ကုိလက်ကုိဆွဲ ဒဏ်ရာပေါ်ကအဝတ်နဲ့အတူဖိထားစေလိုက်တယ်....
"ဖိထားဦး..."
"အင်း...."
ခဏနေတော့.သမားတော်ရောက်လာတယ် သူသွားခေါ်လာတဲ့ပုံပဲ သူလည်းတအားမောနေတာ...
"မြန်မြန်ကြည့်ပေးပါ....သခင်လေးတစ်ခုခုဖြစ်လုိ့မရဘူး..."
"ဘာမှမဖြစ်ပါဘူး...ဒိီဘက်လာ.."ဟုဆိုကာ.ကျွန်တော့်ကိုဆွဲခေါ်ပြိိီး ခုံမှာထိုင်နားစေတယ်...သမားတော်ဟာလည်း အပျိုတော်တွေကုိ လုိအပ်တာတွေယူခိုင်းရင်း ဝင်ချည်ထွက်ချည် သွေးပေနေတဲ့အဝတ်စတွေဟာလည်း.တောင်လုိပုံနေပြိိီ...ကျွန်တော်မကြည့်နိုင်တော့ဘူး...jiminသာတစ်ခုခုဖြစ်လုိ့မရဘူး...သူနဲ့ကျွန်တော်အတူတူနေဖုိ့ အတူတူသေဖို့ ဆုံးဖြတ်ထားပြီးသား...
"ရအောင်ကယ်ပေးပါ....တောင်းဆိုပါတယ်.."
ကျွန်တော်ဒူးထောက်ကာ သမားတာ်ကုိ လက်အုပ်ချီရင်း တောင်းဆုိနေမိတယ် သက်သာလာမလားဆုိတဲ့မျှော်လင့်ချက်လေးနဲ့ပါ...
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~20~~~
Start from the beginning
