ရုတ်တရက် မျက်နှာပေါ် ထိတွေ့လာတဲ့ လက်ချောင်းသေးသေးလေးတွေက သူ့Maskကို ဆွဲချသည်...ထို့နောက် သဘောတကျကို ရယ်နေ၏...

သူပြုံးလိုက်ပြီး ရှေ့က ကောင်လေးကို ငေးကြည့်မိသည်...လှုပ်ရှားလာတဲ့ လက်တွေကတော့ ကောင်​လေးရဲ့ ခါးဆီကို အလိုလို ရောက်သွားလေရဲ့...

တင်းနေအောင် ဆွဲဖက်မိတော့ အင့်ခနဲ ရင်ခွင်ထဲ ပစ်ဝင်လာတဲ့ ကိုယ်အိအိလေး...မျက်လုံးသေးသေးလေးတွေကလဲ သူ့ကို အလန့်တကြား မော့ကြည့်နေလေသည်...

ယောကျာ်းလေးတွေလှတာ ရှားပေမဲ့...သူ့လက်ထဲက အဖြူကောင်လေးဟာ ရူးလောက်အောင် လှသည်...ဟန်ပန်တွေက ချစ်ဖို့ကောင်းပြီး အပြုအမူတွေဟာ အသည်းယားဖွယ်ရာကောင်း၏...

တကယ်ပါ...စတွေ့ကတည်းက ဒီကောင်လေးကို သတိမထားခဲ့မိဘူးဆိုရင် သူလိမ်ရာကျသွားမှာပေါ့...

''အ...အကို...''

အသံ....ခပ်ရှရှ အဲ့ဒီအသံလေးကို သူအရမ်း စွဲလန်းခဲ့ရတာ...အထူးသဖြင့် သူ့အိပ်မက်ထဲက အရှင်ဆိုသူရဲ့ ခပ်ဝါးဝါး အသံယောင်နဲ့ တူနေခဲ့လို့...

''Yoon...''

တိုးလျလျခေါ်တော့ ဆက်ခနဲ တုန်သွားတဲ့ ခန္ဓာကိုယ်လေး...ခြေလှမ်းတွေကို အရှေ့တိုးတဲ့အချိန် နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားသူက သူ့စိတ်တွေကို ခုန်ထွက်လာအောင် လုပ်နိုင်လွန်းသူပေါ့...

''ကိုယ်အခွင့်အရေးယူတာ မဟုတ်ဘူး...လိမ်တာညာတာလဲ မဟုတ်ဘူး...ရင်ထဲက စကားတစ်ခွန်းကိုပြောမယ်...''

ဝိုင်းနေရာက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတဲ့ မျက်တောင်လေးတွေအောက်က မျက်စံရောင် အနက်တောက်တောက်လေးတွေထဲကို သူစူးစိုက်ကြည့်လိုက်သည်...

''ကိုယ်မင်းကို ချစ်နေမိပြီထင်တယ်...အင်း...ချစ်နေခဲ့တာကြာပါပြီ....''

''အကို!?..."

တအံ့တသြ ဖြစ်သွားတဲ့ မျက်နှာငယ်လေးကို ငေးကြည့်ရင်း ရေစိုစိုဆံချောင်းတို့ ဖြာကျနေတဲ့ နဖူးပြင်ထက် သူနှုတ်ခမ်းနဲ့ ဖိကပ်ပစ်လိုက်သည်....

ခံစားရသည်ကတော့ သူ့အင်္ကျီစကို ခပ်တင်းတင်း ဆွဲဆုပ်လေတဲ့ ကောင်လေးရဲ့ လက်ချောင်းလေးတွေကိုပေါ့...တဆက်တည်း...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now