Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 6 )

Start from the beginning
                                    

unicode
-------------
ဟော်ဟန် နောက်ဆုံးတော့ ရင်မေချောင်ကိုရှာတွေ့ခဲ့တယ် ။
" ကျွန်မကိုလာတွေ့တဲ့အထိ Mr.ဟော်ဘယ်လိုလုပ်ပြီးအားနေရတာလဲ "
စိတ်လွတ်နေပုံရတဲ့ဟော်ဟန်ကို ရင်မေချောင်ကြည့်လိုက်သည်။ သူဟာအရင်တုန်းကသူမနဲ့ယှဉ်ပြိုင်ခဲ့သလိုအားမာန်အပြည့်နဲ့သူတယောက်မဟုတ်တော့။ ရှုပ်ပွနေတဲ့ဝတ်စုံ ၊ မုတ်ဆိတ်တွေပစ်စလက်ခက်နဲ့ ယခင်ကစူးရှတောက်ပခဲ့တဲ့မျက်ဝန်းတွေဟာ အခုတော့ညှိုးမှိုင်းနေပြီးဝမ်းနည်းမှုတွေပြည့်နေလေသည်။
" Miss.ရင် "
" ဝမ်ဝမ် ခင်များဆီမှာရှိနေတာမလား "
သူမဆီကသဲလွန်စအနည်းငယ်ကိုတောင်လွတ်သွားမှာစိုးတာကြောင့်သူ သူမမျက်နှာကိုစိုက်ကြည့်နေမိသည်။
" သူမ နေမကောင်းဘူးမလား ၊ ကျွန်တော့ကိုသူမနဲ့တွေ့ခွင့်ပေးပါ "
ရင်မေချောင်ပြုံးလိုက်သည်။ ထိန်းသာမထားရင် သူမ
အော်ရယ်မိမှာ၊ ဒီကောင်ကတကယ့်ကို တုံးပြီးတကိုယ်ကောင်းဆန်တာဘဲ။
" Mr.ဟော်ကဟော်ထင်ကိုကြိုက်နေတာမဟုတ်ဘူးလား၊ အဲ့ဒီနေ့က ဆေးရုံမှာရှင် ရှန်းဝမ်ကိုပြောခဲ့တာတွေကျွန်မသေချာမှတ်မိနေသေးတယ်၊ ရှင် သူမကိုမကြိုက်ဘူး၊ ဘယ်တုန်းကမှလည်းမကြိုက်ခဲ့ဘူးဆို၊ လမ်းခွဲခဲ့တဲ့သူကရှင်နော်။ ကျွန်မ ရှင့်လိုလူစားမျိုးဘယ်တုန်းကမှမတွေ့ခဲ့ဖူးဘူး Mr.ဟော် ၊ ရှင့်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်တဲ့သူကိုအသုံးချခဲ့ပြီး နောက်မလိုတော့တဲ့အခါကျ သူမကိုအမှိုက်တစ်စလိုမျိုးလွှင့်ပစ်လိုက်တယ်၊ ရှင် ရှန်းဝမ်ကိုဘာအကြောင်းကြောင့်ဘဲတွေ့ချင်နေတာဖြစ်ဖြစ် ရှင့်မှာသူမနဲ့တွေ့ဖို့အရည်အချင်းမရှိဘူး "
ဟော်ဟန်ရဲ့နှလုံးသား နာကျင်သွားခဲ့သည်။
" ကျွန်တော် သူမကိုတွေ့ချင်ရုံလေးပါ၊ ကျွန်တော်..."
ရှန်းဝမ်ကိုကြိုက်နေတယ်လို့ ဟော်ဟန်ပြောမထွက်ခဲ့ပေ။
" ရှင်ပြန်လို့ရပြီ Mr.ဟော်၊ ကျွန်မ ရှင့်ကိုဝမ်ဝမ်နဲ့တွေ့ခွင့်ပေးမှာမဟုတ်ဘူး "
ဟော်ဟန် ပြောစရာအနည်းငယ်ထပ်ပြီးရှိနေသေးပေမယ့် သူမကိုယ်ရံတော်တွေကသူ့ကိုအတင်းနှင်ထုတ်လေသည်။ ရင်မေချောင်သာသူ့ကိုရှန်းဝမ်နဲ့မတွေ့စေချင်ရင် တကယ်ပဲတခြားနည်းလမ်းမရှိတော့ဘူးလား။
" ဝမ်ဝမ်ကို သေချာပေါက်ရှာရမယ်၊ မင်း ရင်မေချောင်ဆီသွားပြီးစောင့်ကြည့်နေလိုက် ရှန်းဝမ်ဘယ်နေရာမှာလဲဆိုတာသေချာပေါက်ရှာတွေ့လိမ့်မယ် "
ဟော်ထင် ဆေးရုံကထွက်ပြေးလာတဲ့အချိန်မှာဟော်ဟန်ကသူ့လက်အောက်ငယ်သားနဲ့ဖုန်းပြောနေခဲ့တာဖြစ်သည်။ သူမ သူ့စာကြည့်ခန်းရှေ့ရောက်တဲ့အချိန်မှာဒီစကားတွေကြားလိုက်ရသည်။ ကိုကိုကဘာဖြစ်လို့ရှန်းဝမ်ကိုလိုက်ရှာနေရတာလဲ။
" ကိုကို "
ဟော်ထင်တံခါးတွန်းဖွင့်ပြီးအထဲဝင်လိုက်သည်။ သူမ ဟော်ဟန်လက်မောင်းကိုလှမ်းဖက်လိုက်ပြီးချွဲ့နွှဲ့ကာမေးလိုက်သည်။
" ရှန်းဝမ်ကိုဘာလို့လိုက်ရှာနေတာလဲဟင် ကိုကို သူမနဲ့လမ်းခွဲပြီးပြီမဟုတ်လား ၊ ညီမလေးနဲ့တွဲမယ်လို့ ကိုကိုကတိပေးထားတယ်လေ"
" ဝမ်ဝမ် နေမကောင်းဘူး ထင်ထင်၊ ရောဂါကပြင်းထန်တယ်၊ သိပ်မကြာခင် သူမသေတော့မှာ ၊ ကိုကို သူမကိုရှာပြီး တောင်းပန်ချင်တယ်ပြီးတော့ ပြန်ပေးဆပ်ချင်တယ် "
သူမ နာကျင်နေပုံရတဲ့ဟော်ဟန်ကိုကြည့်နေရင်းမေးလိုက်တယ်။
" အဲ့ဒါအကုန်ဘဲလား ကိုကို "
" အင်း "
မဟုတ်ဘူး ကိုကိုလိမ်နေတာ ၊ သူမက ဟော်ဟန်နဲ့ရင်းနှီးတဲ့သူဖြစ်တယ်၊ သူ့မှာ ရှန်းဝမ်ကိုရှာပြီး တောင်းပန်ချင်ရုံ ပြန်းပေးဆပ်ချင်ရုံသာမကဘဲ ရှန်းဝမ်အပေါ်မရေမရာခံစားချက်တွေပါရှိနေတာကိုသူမ သေချာခံစားမိသည်။
ကိုကို ရှန်းဝမ်ကိုကြိုက်နေတာဘဲ ၊ ဟင့်အင်း သူမလက်မခံနိုင်ဘူး ။ ကိုကိုက အမြဲတမ်းသူမအပိုင်ဘဲ၊ ရှန်းဝမ်ကနောက်မှပေါ်လာတာ ပြီးတော့သူမအတွက်ကျောက်ကပ်လိုအပ်နေလို့သာ ကိုကိုကရှန်းဝမ်နဲ့တွဲခဲ့တာလေ။
" ညီမလေးသဘောမတူရင်ရော ကိုကို "
" ထင်ထင် ကိုကိုတောင်းပန်ပါတယ် ၊ ဒီတခါတော့ ကိုကိုသူမကိုရှာရလိမ့်မယ် "
" ကိုကို သူမကိုကြိုက်နေတာလား ၊ မဟုတ်ဘူးမလားဟင် ကိုကို "
ဟော်ဟန်နှုတ်ဆိတ်နေမိသည်။ သူ ရှန်းဝမ်အပေါ်တခြားခံစားချက်တွေထားမိတယ် ၊ ဘယ်အချိန်ကတည်းကဒီလိုခံစားချက်တွေသူ့မှာရှိနေမှန်းမသိပေမဲ့ တစ်ကြိမ်လောက်ဒီခံစားချက်တွေထွက်ပေါ်လာတာနဲ့သူ မထိန်းချုပ်ထားနိုင်တော့ဘူး။
ဟော်ထင် ဘယ်လောက်ပြောပြော ဘယ်လောက်ငိုငို ဟော်ဟန် သူ့စိတ်ကိုမပြောင်းလဲတော့ချေ။ နောက်ဆုံး သူတို့နှစ်ယောက်စကားများကြပြီး ဟော်ဟန် ဟော်ထင်ကိုအတင်းအကျပ်ဆေးရုံပြန်ပို့လေသည်။
[ 188 : ဝမ်ဝမ် ငါစဉ်းစားကြည့်ပြီးပြီ ၊ ငါအမြဲတမ်းတစ်ခုခုကမှားနေတယ်လို့ခံစားနေရတာ ]
[ ဘာမှားနေလို့လဲ ]
ရှန်းဝမ် ဆိုဖာပေါ်မှာနွေးနွေးထွေးထွေးခွေနေပြီး ဖုန်းနဲ့ဂိမ်းကစားနေခဲ့တယ်။ ပိန်လှီနေတဲ့သူမမျက်နှာဟာပြုံးနေခဲ့သည်။ သူမခန္ဓာကိုယ်ဟာပိန်ပါးနေပြီးအားနည်းနေတယ် ။ 188သာ ဒီဟာတွေကကင်ဆာဆေးတောင့်ကြောင့်ဆိုတာမသိခဲ့ရင် ကုမရတဲ့ရောဂါကြောင့်သူမ ဝေဒနာခံစားနေရတယ်လို့ တကယ်ထင်မိမှာဘဲ။
[ 188 : ဒီလောက်ထိရောက်လာတာတောင် ဇာတ်လိုက်မင်းသားရဲ့အခန်းတွေအရမ်းနည်းနေတယ်လို့ မင်းမထင်မိဘူးလား၊ မင်းနဲ့ ဇာတ်လိုက်မင်းသားရဲ့ အချစ်တွေပြည့်နေတဲ့အခန်းမျိုး ငါတစ်ခန်းမှမတွေ့ရသေးဘူး၊ အဲ့ဒီအစား...နေ့တိုင်းမိန်းကလေးနဲ့အခန်းတွေအရမ်းများနေသလိုဘဲ...မင်းဘာေတွလျှို့ဝှတ်ပြီးကြံနေတာတုန်း ] [ ဘာမှမကြံပါဘူးဟာ ၊ အခုထိalarmမမြည်သေးဘူးလေ ဟုတ်တယ်မလား ]
188 : ..... ဒေါသထွက်လိုက်တာ ။
ရင်မေချောင် ရှန်းဝမ်ကိုနေ့တိုင်းလာကြည့်လေသည်။ ရှန်းဝမ် ဟော်ဟန်ကိုမကြိုက်တာသေချာသွားကတည်းက ရှန်းဝမ်ထွက်ပြေးသွားမှာကိုသူမစိတ်မပူမိတော့။
တစ်ခါတစ်ရံ သူမကုမ္ပဏီမှာရှိနေတဲ့အခါ အစေခံကို ရှန်းဝမ်ဘာလုပ်နေလဲလို့မေးတတ်သည်။
ရှန်းဝမ်တနေကုန်လှဲပြီး ဂိမ်းဆော့နေတာမဟုတ်ရင် ဒရမ်မာကြည့်နေတယ်ဆိုတာသိရတဲ့အခါ သူမရယ်ရမလားငိုရမလားမသိတော့။
ဆိုးဆိုးရွားရွားနေမကောင်းဖြစ်ပြီးမကြာခင်သေတော့မယ့်လူတစ်ယောက်ကဒီလိုအကောင်းမြင်စိတ်ရှိနေတာမျိုးကိုသူမဘယ်တုန်းကမှမမြင်ခဲ့ဖူးဘူး။
" ပြန်လာပြီလား Miss.ရင် "
" အွန်း ပြန်လာပြီ "
ရင်မေချောင် ဖိနပ်လဲပြီး ရှန်းဝမ်ဆီလျှောက်သွားကာ ထိုင်လိုက်သည် ။ ပိန်လှီနေတဲ့ရှန်းဝမ်ပါးလေးကိုသူမဆွဲညှစ်လိုက်ပြီး
" မင်း ပိုပိန်သွားပြန်ပြီ၊ မင်းမသက်မသာခံစားနေရလားဟင် " သူမအမြင်မှာတော့ ရှန်းဝမ်ကပြင်းထန်တဲ့ရောဂါဝေဒနာခံစားနေရပြီး သူမခန္ဓာကိုယ်ကအရမ်းမသက်မသာဖြစ်နေမှာဘဲ။
ရှန်းဝမ် နေ့တိုင်းဂိမ်းကစားပြီးဒရမ်မာတွေကြည့်တာက အာရုံပြောင်းပြီး သူမခန္ဓာကိုယ်ကနာကျင်မှုတွေကိုလျစ်လျူရှုထားချင်လို့နေမှာ။
" ဟင့်အင်း "
ရှန်းဝမ် ခေါင်းအုံးပေါ်လှဲနေရင်း အကြည့်မရွေ့ဘဲဂိမ်းဆက်ဆော့နေလိုက်သည်။ ဒါ ကိစ္စကြီးမှမဟုတ်တာ၊ နည်းနည်းကြာရင်ကောင်းသွားမှာဘဲဟာ။
သူမ ရင်မေချောင်စိုးရိမ်နေတာကိုခံစားမိတော့ ဖုန်းကိုဘေးချလိုက်သည်။
" Miss.ရင် ကျွန်မတကယ်အဆင်ပြေပါတယ်၊ ကျွန်မကိုဂရုစိုက်ဖို့ရှင် ဒီလောက်လူတွေအများကြီးခေါ်ထားတဲ့ဟာ ဘယ်လိုလုပ်ပြီးမသက်မသာဖြစ်မှာလဲ "
အရမ်းကိုသက်တောင့်သက်သာရှိတယ် ဟုတ်ပြီလား ။
" မင်းသွားချင်တဲ့နေရာတစ်ခုခုရှိလား "
သူမ ရှန်းဝမ်ရဲ့လက်လေးကိုကိုင်လိုက်တယ်၊ ရှန်းဝမ်ရဲ့လက်က အသားအနည်းငယ်သာရှိတော့ကာအရိုးပေါ်အရေတင်ဖြစ်နေသည်။ အဲ့ဒါက သူမကိုအရမ်းဝမ်းနည်းစေတယ်။ တစ်စုံတစ်ယောက်ကိုချစ်မိဖို့ဆိုတာခက်ခဲတယ် ၊ ဒါပေမယ့် သူမ အဲ့ဒီလူကို လိုက်တောင်မလိုက်ရသေးခင် အဲ့ဒီလူရဲ့ဘဝကအဆုံးသတ်ခါနီးနေပြီ။
သူမ ရှန်းဝမ်ကိုစဉ်းစားမိတဲ့အချိန်တိုင်း သူမအသံဟာ ချစ်ခင်မှု ကြင်နာမှုတွေနဲ့ပြည့်နေခဲ့တယ်။
" မင်းသွားချင်ရင် ကိုယ်ခေါ်သွားပေးမယ် "
" ကျွန်မသွားချင်တဲ့နေရာမရှိဘူး "
ဒီဗီလာကအရမ်းကောင်းတယ်လို့သူမထင်သည်။ ကြီးပြီးတောက်ပတယ် ။ တနေ့သုံးနှပ်ပြင်ပေးမယ့်လူတွေလည်းရှိတယ်။ သူမ ဘာမှလုပ်စရာမလိုပေ၊ အရမ်းသက်တောင့်သက်သာရှိတယ် ။
" မင်း ဆန္ဒကဘာလဲ ၊ မင်းရယူချင်တာတွေရောမရှိဘူးလား "
ရင်မေချောင်ဝမ်းနည်းနေတာကို သူမခံစားမိပေမယ့် ဘယ်လိုနှစ်သိမ့်ပေးရမှန်းသူမ မသိပေ။ သူမခန္ဓာကိုယ်ထဲကကင်ဆာဆဲလ်တွေကအတုပါလို့ သူမပြောလို့မှမရတာ ။
" ရှင်ဝမ်းနည်းနေတာလား " သူမဖုန်းကိုဘေးပစ်လိုက်ကာ ရင်မေချောင်လက်ကိုပြန်ပုတ်ပေးလိုက်သည်။
" ဝမ်းနည်းမနေပါနဲ့တော့၊ ကျွန်မကအရမ်းအကောင်းမြင်တတ်တာ ၊ ဘယ်ပြောနိုင်မလဲတစ်နေ့ကျကောင်းသွားနိုင်တာဘဲလေ "
ကောင်းသွားနိုင်လို့လား၊ ကင်ဆာကနောက်ဆုံးအဆင့်ရောက်နေပြီး နေရာတိုင်းကိုပျံနှံ့နေပြီလေ၊ဘယ်လိုလုပ်ပြီးကောင်းလာနိုင်မှာလား။
သူမပိုပြီးစိတ်မကောင်းဖြစ်မိတယ်၊ မကြာခင်သေတော့မဲ့ ဒီအငတုံးမလေးကသူမကိုနှစ်သိမ့်ပေးနေသေးတယ်။ ဒီကမ္ဘာမှာ ပြင်းထန်တဲ့ရောဂါကကုသမှုမရှိဘဲပြန်ကောင်းလာတဲ့အဖြစ်မျိုးမရှိပေ၊ သူမလည်းပဲဒီလိုကိစ္စမျိုးကမဖြစ်နိုင်ဘူးလို့ယုံသည်။
" ကောင်းပါပြီ ၊ မင်းလိုချင်တာတစ်ခုခုရှိရင် ကိုယ့်ကိုပြောလို့ရတယ် " အဆုံးမှာ ရင်မေချောင်ထပ်ပေါင်းပြောလိုက်သည် ။
" ဟော်ဟန်နဲ့တွေ့မှာကလွဲရင် "
သူမပြောပြီးတဲ့အခါ ကြက်ကလေးအစာကောက်နေသလို ခေါင်းညိမ်နေတဲ့ရှန်းဝမ်ကိုတွေ့တော့ တင်းကြပ်နေတဲ့သူမနှလုံးသားဟာပြေလျော့သွားခဲ့တယ်။
" ဟော်ဟန်ကိုသက်ညှာပေးပါနော် Miss.ရင် ၊ အဲ့လိုသာလုပ်ပေးရင် အနာဂတ်မှာရှင်ပြောသမျှနားထောင့်ပါ့မယ်လို့ ကျွန်မကတိပေးပါတယ် "
ဒီတကြိမ်တော့ ရင်မေချောင်တကယ်ရယ်လိုက်မိသည်။ ရှန်းဝမ် ဟော်ဟန်ကိုမကြိုက်ပေ။ ရှန်းဝမ်စိတ်ထဲမှာဘာတွေရှိနေသလဲဆိုတာသူမတကယ်နားမလည်တော့ဘူး။
" Miss.ရင်ကအရမ်းလှသလို ဝယ်လာပေးတဲ့ပန်းကလည်းအရမ်းလှတယ် "
ရှန်းဝမ် နှင်းဆီပန်းကိုယူကာနမ်းကြည့်လိုက်သည်။ သူမ လုံးဝမငြင်းခဲ့ပေ၊ သူမအရမ်းကြိုက်တယ်၊ 188ကို သူမမျက်နှာဖုံးထားပေးဖို့ပြောလိုက်တယ်။
ဇာတ်ကြောင်းကထပ်ပြီးလွဲသွားတော့မှာကို 188 သိလိုက်သည်။
ရှန်းဝမ်ရဲ့တုံ့ပြန်မှုကြောင့် ရင်မေချောင်အံ့သြသွားပေမယ့် အဲ့ဒါကြောင့်ဘဲသူမစိတ်အခြေအနေပိုကောင်းသွားခဲ့တယ်။ သူမ ဆိုဖာပေါ်မှာသက်တောင့်သက်သာနေလိုက်ပြီး
" မင်းကြိုက်လား "
" ကြိုက်တယ်၊ မိန်းကလေးတွေက ပန်းလှလှလေးတွေကိုကြိုက်တယ်မလား "
သူမ ရှန်းဝမ်ဘေးနားရွေ့လိုက်ကာ
" နှင်းဆီပန်းရဲ့အဓိပ္ပါယ်ကိုသိလား ရှန်းဝမ် "
" သိတယ်လေ "
" ကိုယ် မင်းကိုကြိုက်တယ်ဆိုတာကိုလည်းသိတယ်မလား "
" အွန်း "
ရင်မေချောင်နှုတ်ခမ်းတစ်စုံဟာပြုံးသွားခဲ့တယ်
" ကိုယ် မင်းကိုနှင်းဆီပန်းပေးတာ ဘာအဓိပ္ပါယ်မှန်းလည်းသိတယ်မလား "
" အင်း "
ရှန်းဝမ် သူမလက်ထဲကပန်းလှလှလေးကိုကြည့်လိုက်သည် ၊ ကျွတ် အရမ်းလှတာဘဲ ၊ ဒါပေမဲ့ Miss.ရင်ကပိုပြီးလှနေသေးတယ်။
Miss.ရင်သာအရမ်းစိတ်အားထက်သန်နေရင် သူမအရမ်းစိတ်လှုပ်ရှားပြီး Miss.ရင်ကိုကြိုက်တယ်လို့တိုက်ရိုက်ပြောလိုက်ချင်မိတယ် ၊ ဒါပေမဲ့ သူမဒီကမ္ဘာကနေဆွဲထုတ်မခံချင်ပေ။
" ဝမ်ဝမ် "
မီးအလင်းရောင်အောက်မှာရင်မေချောင်ကအရမ်းကြည့်ကောင်းနေတယ်။ ရင်မေချောင်တစ်ခုခုပြောလိမ့်မယ်လို့ရှန်းဝမ်ထင်ပေမယ့်ရင်မေချောင်ကပြုံးကာသူမမျက်နှာကိုပွတ်သပ်လေသည်။
" စောစောအိပ် ၊ မင်းကြိုက်ရင်ကိုယ်နေ့တိုင်းတစ်ခုယူလာပေးမယ် "
" အလှဆုံးတစ်ခုလား "
" အွန်း အလှဆုံးတစ်ခု " အကောင်းဆုံးအရာတွေကသာ မင်းနဲ့တိုက်တန်တယ်။
အဲ့ဒီနေ့ကစပြီး ရင်မေချောင် ရှန်းဝမ်ကိုနေ့တိုင်းနှင်းဆီပန်းတစ်ပွင့်ပေးလေသည်။ သူမ ရှန်းဝမ်ဆီကအဖြေမလိုချင်ပေ၊ တတ်နိုင်တုန်းအချိန်မှာ သူမ ခံစားချက်တွေအကုန်လုံးကိုဖော်ပြချင်ရုံသာဖြစ်သည်။
တစ်နေ့ကျ ဟော်ဟန် လူအချို့နဲ့ ဗီလာထဲဝင်လာပြီး သူမကိုအဝေးခေါ်သွားပေးမယ်ဆိုပြီးပြောလာတယ် ။
ဧည့်ခန်းမှာထိုင်ပြီးဂိမ်းကစားနေတဲ့ရှန်းဝမ်ဟာ သူမဖုန်းကိုဘေးချလိုက်ရတယ်၊ ဟော်ဟန်ကိုမုန်းလိုက်တာ !!
ဂိမ်းဆော့နေတုန်းအစပိုင်းမှာထွက်လိုက်ရင် credit pointတွေဘယ်လောက်တောင်လျော့ခံရမလဲမသိဘူး ၊ အသင်းသားတွေreportလုပ်တာလည်းခံရအုံးမယ် ။
" ဝမ်ဝမ် ကိုယ်မင်းကိုအဝေးခေါ်သွားပေးမယ်နော် ၊ မင်းဒုက္ခခံခဲ့ရပြီ "
ပိန်လှီနေတဲ့ ရှန်းဝမ်ကိုတွေ့တော့ သူမျက်ရည်တွေလျှံထွက်လာတော့မလိုဘဲ။ ဘာလို့ သူမအရမ်းပိန်သွားရတာလဲ၊ သူမမျက်နှာကလည်းအရမ်းဖြူဖျော့နေတယ် ။
ရှန်းဝမ် : Miss.ရင်ရေ မြန်မြန်ပြန်လာပါတော့
ရှန်းဝမ် ဆုတောင်းပြီးရုံရှိသေး အပြင်ဘက်ကနေရင်မေချောင်အသံထွက်ပေါ်လာခဲ့သည်။
" ရှင်တခြားသူပိုင်တဲ့အဆောက်အအုံထဲကိုချိုးဖောက်ဝင်လာတာဘဲ Mr.ဟော် "
ကိုယ်ရံတော်အုပ်စုဝင်လာပြီး ဟော်ဟန်ကိုဝိုင်းထားလိုက်တယ်၊ ရင်မေချောင် ရှန်းဝမ်ကိုတစ်ချက်ကြည့်လိုက်ပြီး " သူ့ကိုရိုက်ကြ "
ဟော်ဟန်ပြန်မတုံ့ပြန်ရသေးခင်မြေကြီးပေါ်လဲသိပ်ခံရလေသည်။ သူ နာလို့အော်ညည်းမိတဲ့အထိအရိုက်ခံရလေသည်။
ရှန်းဝမ် ပါးစပ်ကိုအုပ်ကာ သူ့ကိုစိုက်ကြည့်နေမိသည်။ ဒါပေမယ့် သူမ စိုးရိမ်မနေဘဲ သူမမှာစိတ်လှုပ်ရှားမှုသာရှိနေခဲ့သည်။
ရိုက် ရိုက် ပိုပြီးနာနာသာရိုက် ဒီမြေခွေးလိုကောင်ကိုသေအောင်သာရိုက်ပစ်။
ရှန်းဝမ်မျက်လုံးထဲကစိတ်လှုပ်ရှားနေမှုကိုရင်မေချောင်မြင်ပြီးသူမနှုတ်ခမ်းထောင့်စွန်းတွေအနည်းငယ်ကွေးသွားခဲ့သည်။ ဝမ်ဝမ်ကျေနပ်မယ်ဆိုတာသူမသိသားဘဲ။
ဆယ်မိနစ်ကြာပြီးနောက် ရှန်းဝမ်အော်လိုက်တယ်
" ရပ်ပါတော့ ! "
" Miss.ရင် ဟော်ဟန်ကိုလွှတ်ပေးလိုက်ပါ၊ ရှင်ပြောသမျှလုပ်မယ်လို့ ကျွန်မကတိပေးပါတယ် "
ရှန်းဝမ် မျက်ရည်သုတ်ချင်ယောင်ဆောင်လိုက်ပေမယ့် သူမစိတ်ထဲမှာတော့ ပျော်လွန်းလို့ရူးတော့မတတ်ဘဲ။
" သူ့ကိုထပ်ပြီးမရိုက်ပါနဲ့တော့ "
ရင်မေချောင် တကယ့်ဗီလိန်တယောက်လိုလှောင်ရယ်လိုက်ပြီး
" ကိုယ်ပြောသလိုလုပ်မှာတကယ်လား "
" ရှင် ဟော်ဟန်ကိုလွှတ်ပေးသရွေ့ ကျွန်မဘာမဆိုသဘောတူပါတယ် "
" မလုပ်နဲ့ ..ဝမ်ဝမ် ၊ သူမကိုကတိမပေးနဲ့ ၊ ကိုယ်မင်းကိုခေါ်သွားမှာ "
ဟော်ဟန်ရဲ့မျက်လုံးတွေနီရဲနေတယ် ၊ ဒါပေမယ့် သူမြေကြီးပေါ်လှဲဖိထားခံရတာကြောင့် အမျိုးသမီးနှစ်ယောက်ရဲ့အမူအရာတွေကိုမတွေ့နိုင်တာတော့သနားစရာဘဲ။ မဟုတ်ရင် သူ့ဘဝကိုသံသယဝင်ပြီး ဒီနေ့ဖြစ်သမျှက သူ့ဘဝတစ်လျှောက်အရိပ်ပမာလိုက်နေလိမ့်မယ်။
ရင်မေချောင် ရုတ်တရက်စိတ်လှုပ်ရှားသွားမိတယ်။
သူမ ရှန်းဝမ်ဆီလျှောက်သွားကာ ရှန်းဝမ်မေးလေးကိုကိုင်လိုက်သည်။သူမ ရှန်းဝမ်နှုတ်ခမ်းထောင့်လေးကိုနမ်းလိုက်ပြီး
" မင်းကို ကိုယ်နဲ့အတူနေပြီး ကိုယ့်ကိုလက်ထပ်စေချင်တယ် မင်းသဘောတူလား "
_________________________________________
နောက်ဆုံးတော့နမ်းလိုက်ပါပြီ....🎉🎉
အခုမှနည်းနည်းရိပ်မိလာတဲ့ 188ကိုသနားလိုက်တာ 😂😂

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now