အပိုင်း - ၃၄ (U+Z)

Start from the beginning
                                    

>>>>>

လော့ချင် ပြောင်းရွှေ့သွားသည့်ရက်များ
အတွင်း နေ့တိုင်းလိုလို လင်းခယ်အိုက်က
လင်းကျစ်ရှကို လက်ချောင်းလေးများဖြင့်
လှမ်းဆွဲကာ 'ဦးဦးလော့ ဘယ်တော့
ပြန်လာမှာလဲ'ဟုမေးလေ့ရှိသည်။
လင်းကျစ်ရှကတော့ ထိုအကြောင်းကို
သိပ်မတွေးဖြစ်ဘဲ ခါတိုင်းလို ရှောင်အိုက်နှင့် ရှေ့တိုးနောက်ငင် အလုပ်ရှုပ်ရင်း ပျော်ရွှင်
နေလေ၏။

လော့ချင်က အိမ်မှာမရှိသော်လည်း
လင်းကျစ်ရှနှင့်ရှောင်အိုက်အတွက် လိုအပ်
သည့်ပစ္စည်းများကို ဝယ်ပေးဖို့ မမေ့။
ဖွင့်ပြောပြီးနောက် လော့ချင်၏အချစ်က
ပိုမိုပွင့်လင်းလာကာ လက်ဆောင်ပေးရန်
မတွန့်ဆုတ်တော့။ လင်းကျစ်ရှ အိမ်ပြန်လာ
တိုင်း အသစ်အသစ်သောလက်ဆောင်များက
ကြိုဆိုနေလေ့ရှိသည်။ အစားအသောက်နှင့်
အဝတ်အထည်ကုန်ကျစရိတ်။ သူ ခန့်မှန်းဖို့
မတတ်နိုင်အောင် သူ့အခန်းပြည့်လုနီးပါး
များပြားနေပြီ။

တကယ်တော့ လော့ချင်ပို့သောမက်ဆေ့ခ်ျ
များကို လင်းကျစ်ရှ ဖတ်ဖြစ်သည်။ သူ့မှာ
ချင်းကျယ်နှင့်ရှောင်ချီကလွဲပြီး နောက်ထပ်
မိတ်ဆွေမရှိ။ လော့ချင်က သူ့ဆီ စာများစွာ
ပို့သော်လည်း အကြိမ်တော်တော်များများမှာ
သူ နားမလည်နိုင်။ လင်းကျစ်ရှ တစ်ခုခု
ပြောချင်သော်လည်း အဆုံးမှာ စာမပြန်ဖြစ်ဘဲ
အတိုချုံးဖတ်ကြည့်ပြီး ဘေးဖယ်ထားလိုက်တော့သည်။

နေ့လယ်ပိုင်း လင်းကျစ်ရှ စားသောက်ဆိုင်မှာ
တစ်မှေးအိပ်နေစဉ် တစ်စုံတစ်ဦးက
အလျင်စလိုရောက်လာ၏။

"အစ်ကိုကျစ်ရှ၊ ဒီစာရွက်စာတမ်းကို
ကျွန်တော့်ကိုယ်စား အစ်ကိုလော့ဆီ ပို့ပေးလို့
ရမလား!?"

ရှောင်ချီက ချိတ်ပိတ်ထားသောစာရွက်စာတမ်း
အိတ်ကို ကမ်းပေးသည်။ လင်းကျစ်ရှ တစ်ခုခု
ပြန်ပြောဖို့ အချိန်မရသေးခင်၊ ရှောင်ချီက
ပြေးထွက်သွားကာ

"ကျွန်တော် လိပ်စာကို ဖုန်းကနေ ပို့လိုက်မယ်၊
ဒါက တကယ်အရေးကြီးတာနော်၊ တခြား
လူတွေကို လက်လွတ်စပယ်မပို့ခိုင်းရဲဘူး၊
ဒါပေမယ့် ကျွန်တော် အခု လုပ်စရာရှိနေလို့၊
အစ်ကိုကျစ်ရှက ကျွန်တော့်ကိုယ်စား
ပို့ပေးနော်!"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now