အပိုင်း - ၂၉ (U+Z)

24.5K 3.5K 162
                                    

Unicode

လော့ချင်က ခပ်တွေတွေဖြစ်သွားပြီးမှ
နှာဖျားတစ်ချက်ပွတ်ကာ ပြန်ဖြေသည်။

"ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကလေးတွေ
အားလုံးနီးပါး အစားမက်တာပဲမဟုတ်လား"

"ကျွန်တော်တော့ အဲ့လိုမဟုတ်ခဲ့ဘူး"

လင်းကျစ်ရှ ခွန်းတုံ့ပြန်ပြီးမှ သေချာတွေးမိ
သည်။

တကယ်တော့ သူက အစားမမက်တာ
မဟုတ်ဘဲ စားစရာလုံလုံလောက်လောက်
မရှိခဲ့ခြင်းပင်။

ကလေးဘဝတုန်းက အတန်းဖော်များ
ကျွေးသော သရေစာမုန့်ကို သူ အလွန်နှစ်သက်
ခဲ့သော်လည်း မိဘမဲ့ဂေဟာမှာ ထမင်းဟင်း
တစ်နပ်ကို ဗိုက်ဝအောင်စားရလျှင်ပင်
အတော်ဟုတ်နေပြီဟု ဆိုရမည့်အနေအထား
ဖြစ်ခဲ့သည်။

ဒီလိုအခြေအနေတွေသာ မရှိခဲ့ရင်တော့...

လင်းကျစ်ရှ အားရပါးရရယ်လိုက်ကာ

"ဒါက သိပ်တော့အရေးမကြီးပါဘူး"

လင်းကျစ်ရှအပြုံးကို ကြည့်ရင်း လော့ချင်
ရင်ထဲ အတန်ငယ်ခါးသက်သွားသလို။

သို့သော်လည်း သူ နည်းနည်းကျေနပ်မိ၏။
သူနှင့်လင်းကျစ်ရှ ယခုလို ငြိမ်းငြိမ်းချမ်းချမ်း
စကားမပြောဖြစ်သည်မှာ ကြာခဲ့ပြီ။ ဒီရက်ပိုင်း
လင်းကျစ်ရှက သူ့ကို အေးတိအေးစက်
ဆက်ဆံနေသည်။ လော့ချင် နားလည်သော်
လည်း စိတ်မကောင်းဖြစ်မိဆဲ။ လင်းကျစ်ရှ
သူ့အပေါ် စိမ်းကားမှာကို သူ မလိုလား။
လော့ချင်က အလွန် လောဘကြီး၏။

သူ လင်းကျစ်ရှနှင့် ပိုနီးစပ်လိုသည်။

လော့ယောင်က မီးဖိုချောင်တံခါးနားတွင်
ရပ်ရင်း မျက်နှာမည်းလျက်။ သူမ ဤနေရာမှာ
ရပ်နေတာ အတော်ကြာပြီဖြစ်ကာ ဒီတစ်ကြိမ်
မှာတော့ တမင်ချောင်းနားထောင်ဖို့ လာခြင်း
မဟုတ်။ ဗိုက်ဆာလာသဖြင့် စားစရာတစ်ခုခု
ရှိမလားဟု မီးဖိုချောင်မှာလာရှာတာဖြစ်သည်။
မမျှော်လင့်ဘဲ သူမအစ်ကိုနှင့်လင်းကျစ်ရှက
ထိုနေရာမှာ စကားစမြည်ပြောနေကြ၏။
သူမ အတော်ကြာအောင်စောင့်နေသော်လည်း
ပြောလို့မပြီးသေး။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now