အပိုင်း - ၁၅ (U+Z)

31.5K 4.1K 142
                                    

Unicode

မီးဖွင့်လိုက်သောအခါ အိမ်အခင်းအကျင်းကို
သေချာမြင်ရသည်။

စတုရန်းမီတာ လေးဆယ်မှငါးဆယ်အတွင်း
ရှိသောအိမ်လေးတွင် ကလေးအသုံးအဆောင်
ပစ္စည်းများဖြင့် နေရာတိုင်း စုပုံနေပြီး နဂိုဧည့်ခန်း
ခပ်ကျဉ်းကျဉ်းကို ပို၍ကျပ်ညပ်နေသလို ထင်ရစေသည်။ သို့ရာတွင် တစ်ချက်ကြည့်လိုက်ရုံနှင့်
မြင်နိုင်မည့်နေရာများကိုမူ စနစ်တကျသန့်ရှင်း
ထားပေ၏။ ဇာအုပ်ထားသော မီးခိုးရောင်
ဆိုဖာများနှင့် ခင်းကျင်းထားသည့်ဧည့်ခန်း။
အပြာနုရောင်အလွှာခင်းထားသော စားပွဲပေါ်ရှိ
ဖန်ပန်းအိုးထဲက အဖြူရောင် Eustoma ပန်း
တစ်ခိုင်ကို ယူကလစ်ရွက်များဖြင့် ဂရုတစိုက်
အလှဆင်ထားကာ အံဝင်ခွင်ကျဖြစ်လို့နေသည်။

လော့ချင် အိမ်အတွင်းပိုင်းကို တိတ်တဆိတ်
အကဲခတ်ကြည့်နေရင်း။ လင်းကျစ်ရှက အိမ်ကို
နွေးနွေးထွေးထွေး၊ သက်တောင့်သက်သာ
ဖြစ်အောင် ဆင်ယင်ထားပုံပေါ်သော်လည်း
လော့ချင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်။

ပရိဘောဂအားလုံးက ရှေးဆန်သောခံစားချက်
မျိုးကို ပေးစွမ်းလျက်ရှိသည်။ နံရံကပ်စက္ကူ၏
အနားသတ်တို့ လိပ်တက်နေကာ ကြမ်းခင်းမှာ
အနည်းငယ်ကြွနေသဖြင့် လမ်းလျှောက်တိုင်း
တကျွိကျွိမြည်နေသည်။ ရေချိုးခန်းတံခါး
လက်ကိုင်တွင် သံချေးတက်နေပြီး စားပွဲပုလည်း
မရှိ။ တစ်ခုတည်းသောစားပွဲ၏အစွန်းချွန်ချွန်ကို
တိပ်ဖြင့်ကပ်ထားရသေးသည်။ ရှောင်အိုက်
ဆော့ကစားရင်း တိုက်မိမှာကို စိုးရိမ်ရသော
ကြောင့်။

လင်းကျစ်ရှက ရှောင်အိုက်ကို ဒီလိုနေရာမှာ
သုံးနှစ်လောက် ပျိုးထောင်ခဲ့သည်ပဲ။

လင်းကျစ်ရှ ဘူးများကို ချထားလိုက်ကာ
လော့ချင်အား တသီးတသန့်ဧည့်ခံနေဖို့
စိတ်ကူးမရှိ။ သို့ရာတွင် လော့ချင်၏ရင်ခွင်ထဲမှရှောင်အိုက်ကို အရင်ဆုံး ချီလိုက်ကာ အိပ်ပျော်
နေပြီဖြစ်သောကောင်ကလေးကို အိပ်ခန်းသို့
သွားပို့ရာ လော့ချင်က နောက်မှ အမြန်လိုက်သွားလေ၏။

အိပ်ခန်းနှင့်လေသာဆောင်မှာ ဆက်နေကာ
ကုတင်အသေးတစ်လုံးရှိပြီး အိပ်ခန်းက
နည်းနည်းကျဉ်းသည်။ နံရံကပ် တစ်ဖက်ပိတ်
အဝတ်ဗီရိုတစ်လုံးကိုတွေ့ရပြီး ကုတင်ဘေး ကော်ဇောပေါ်တွင် ပဟေဠိဆက်သည့်ကစားစရာ
ပြန့်ကျဲနေ၏။ လော့ချင်ပေးထားသော
လက်ဆောင်ပင်။ တစ်စစီဖြစ်နေကြောင်း တွေ့ရသည်။ လေးပုံတစ်ပုံမပြည့်တပြည့်အပိုင်းကို
လင်းကျစ်ရှ ဆက်ထားဟန်ရှိပြီး ကားအက်ဆီးဒင့်ဖြစ်ထားသလိုမျိုး မွစာကျဲနေသောအရုပ်ကား
များကတော့ ရှောင်အိုက်၏လက်ချက်ဟုတ်လိမ့်
မည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now