အပိုင်း - ၂၁ (U+Z)

28.4K 3.9K 71
                                    

Unicode

လော့ချင်၏လက်က လေထဲတန့်သွားကာ
လင်းကျစ်ရှလည်း ခြေတစ်လှမ်းနောက်ဆုတ်
လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း
ကတိပေးပြီးသား"

လင်းကျစ်ရှ နက်နဲ‌သောမကျေနပ်မှုမျိုးနှင့်
ဆိုမိသည်။

"ခင်ဗျား ရှောင်အိုက်ကို မခေါ်သွားပါဘူးလို့
သေချာပြောခဲ့တာပဲ"

လော့ချင်ကိုယ်တိုင်လည်း လိပ်ပြာမလုံသလို
ခံစားရသဖြင့် အမြန်ရှင်းပြရသည်။

"လောလောဆယ်အတွက်ပဲလေ၊ ငါ့အဖေ
ထုံ့ချန်ကနေ ထွက်သွားတဲ့အချိန်ထိစောင့်ပြီး..."

"အရင်က ခင်ဗျားပြောခဲ့သမျှကို ကျွန်တော်
ယုံခဲ့မိတယ်၊ လော့ချင်...ကျွန်တော် မှားသွားပုံပဲ၊
တကယ်တော့ ခင်ဗျားနဲ့ ခင်ဗျားအဖေက
အကြံတူနေတာ"

လင်းကျစ်ရှ တတွတ်တွတ်ရေရွတ်နေမိသည်။

"ဟုတ်တယ်၊ အတူတူပဲ၊ ခင်ဗျားရဲ့ကလေးကို
ကျွန်တော့်လိုလူမျိုးက မစောင့်ရှောက်သင့်ဘူးလို့
ခင်ဗျား တွေးနေခဲ့တာ၊ ဒါကြောင့်လည်း
ပြန်တွေ့တုန်းက ခင်ဗျား ကျွန်တော့်ကို အဲ့လိုသိမ်ငယ်စေခဲ့တာ"

လော့ချင် တုန်လှုပ်အံ့အားသင့်သွားရ၏။

"လော့မိသားစုက အဲ့လောက်ကြီးကျယ်ခမ်းနား
နေသလား၊ ကျွန်တော် အဲဒီမှာနေခဲ့တုန်းက အဆင်ပြေတယ်လို့ နည်းနည်းမှမခံစားရဘူးပဲ၊ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့
အမြဲစဉ်းစားမိတယ်...ဒီနေ့ ငါ့ကို လော့ယောင် ဘယ်လိုလှောင်ဦးမလဲ၊ ဒါမှမဟုတ် လေလိုမျိုး ဘယ်တုန်းကမှမတည်ရှိခဲ့သလို ပျောက်ကွယ်
သွားရင် အကောင်းသားဆိုပြီး...ကျွန်တော်
တကယ်နားမလည်နိုင်ဘူး၊ ခင်ဗျားတို့
မိသားစုဝင်တိုင်းက ဘာကြောင့် ဒီလောက်ထိ
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်း၊
အေးစက်စက်နဲ့ မောက်မာပြီး တစ်ကိုယ်ကောင်း
ဆန်ရသလဲဆိုတာ"

လင်းကျစ်ရှက လော့မိသားစုဝင်အားလုံးကို
မနှစ်မြို့သလိုမျိုး ပြောလာသည်။

လော့ချင်ကိုပါ မချန်။

နားမလည်သလိုကြည့်နေသော‌ရှောင်အိုက်ကြောင့် လင်းကျစ်ရှ ကလေးကို အောက်ချလိုက်သည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now