အပိုင်း - ၁၇ (U+Z)

30.2K 4K 138
                                    

Unicode

လော့ချင်က ကဏန်းဟင်းပန်းကန်ကို လင်းကျစ်ရှ
ဘေးသို့ တွန်းပေးလိုက်သည်။

သူနှင့်လင်းကျစ်ရှ ထမင်းလက်ဆုံစားဖူးသည့်အကြိမ်အရေအတွက်က နည်းပါးသော်လည်း
လင်းကျစ်ရှ ကဏန်းကြိုက်မှန်း သူသိထားသည်။
အကြောင်းမှာ တစ်ခါက သူ အိမ်ပြန်လာတော့
စားပွဲခုံမှာထိုင်ရင်း လင်းကျစ်ရှကို အပြစ်ပြောနေသည့်လော့ယောင်အား တွေ့ဖူးသောကြောင့်ပင်။
လော့ယောင်က လင်းကျစ်ရှကို ကဏန်းစားရကောင်းလားဟူ၍ အပြစ်မရှိအပြစ်ရှာနေခဲ့တာ
ဖြစ်သည်။

လင်းကျစ်ရှ နှုတ်ခမ်းစွန်းတွန့်ကွေးရုံပြုံးကာ-

"ကျွန်တော် ကဏန်းနဲ့ ဓာတ်မတည့်ဘူး"

မူလကမ္ဘာမှာကတည်းက လင်းကျစ်ရှ ကဏန်းနှင့်ဓာတ်မတည့်သဖြင့် တစ်ခါမှမစားခဲ့။ ဤကမ္ဘာသို့
ရောက်လာကာ ခန္ဓာပြောင်းသွားတာတောင်မှ
သူ၏စိတ်ပိုင်းဆိုင်ရာခံစားချက်များက ယခင်
အတိုင်း ကျန်ရှိနေဆဲပင်။

လော့ချင်က လင်းကျစ်ရှကို စိုက်ကြည့်လိုက်ရင်း
မျက်ဝန်းများ အတန်ငယ်နက်မှောင်သွားခဲ့သည်။

သူတို့စားသောက်နေစဉ် ရုတ်တရက် နှင်းကျလာသဖြင့် အပြင်ထွက်ကြည့်ရာ မြေပြင်ပေါ် အလွှာ
ပါးပါးရှိနေပေပြီ။

စားသောက်ဆိုင်မှထွက်ထွက်ချင်း လင်းခယ်အိုက်
ခြေပုတိုလေးများဖြင့် အပြေးသွားသောအခါ
ဘုန်းခနဲနောက်ပြန်လဲကျလေသည်။ လူတိုင်း
ကြောင်အသွားရ၏။ လင်းခယ်အိုက်က
မြေပြင်ပေါ် ထိုင်လျက်သားအနေအထားနှင့်
ဘာလုပ်ရမှန်းမသိတော့ဘဲ လင်းကျစ်ရှကို
လှမ်းကြည့်သည်။ လင်းကျစ်ရှ စိတ်ပူသွားသော်လည်း ကောင်ကလေး၏ခြေပုတိုနှစ်ချောင်း
နှင့် မြေပြင်ပေါ် ငုတ်တုတ်ထိုင်နေပုံက ရယ်စရာ။

လင်းကျစ်ရှ မနေနိုင်ဘဲ ပြုံးမိရာတွင်
ရှောင်အိုက်က တုပ်တုပ်မျှမလှုပ်ဘဲ အော်ငိုတော့
သည်။

လော့ချင်က ဒူးတစ်ဖက်ထောက် ထိုင်ချကာ ကောင်ကလေးကိုနှစ်သိမ့်ဖို့ကြိုးစားသော်လည်း
ဘာစကားပြောရမှန်း မသိ၍ မျက်ရည်များကို
ပွတ်သုတ်ပေးရာတွင် ရှောင်အိုက်က မျက်ရည်သွင်သွင်ကျနေဆဲဖြစ်သည်။ အဆုံးမှာ လော့ချင် မတတ်နိုင်တော့သဖြင့် လင်းကျစ်ရှကို အကူအညီ
တောင်းရသည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now