အပိုင်း - ၁၂ (U+Z)

30.9K 4.1K 172
                                    

Unicode

လော့ချင်၏ရုတ်တရက်ထွက်ပေါ်လာမှုက
လင်းကျစ်ရှကို ရက်အတော်ကြာ မသက်မသာ
ခံစားရစေခဲ့သည်။

ထိုနေ့က သူ လော့ချင်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သော်လည်း ပြန်တွေးကြည့်သည့်အခါ ထိုသူ
ပြောတာ လုံးဝ အ‌ကျိုးအကြောင်းမသင့်တာမျိုး
မဟုတ်ဟု ထင်မိသည်။

သူက ရှောင်အိုက်၏ဖြစ်တည်မှုကို လော့ချင်
မသိစေရန် တစ်ချိန်လုံးဖုံးကွယ်ထားခဲ့ခြင်း။ ကောင်ကလေးက ငယ်လွန်းသဖြင့် အဖေတစ်ဦးပဲ
ရှိသည်ဟု ထင်မှတ်နေတာ တော်သေး၏။
သို့သော် အနာဂတ်တွင် မည်သို့ဖြစ်မည်နည်း။
လော့ချင်သာ သူတို့ကို ရှာမတွေ့ခဲ့ပါက နဂို
အခြေအနေအတိုင်း ဆက်သွားလို့ရသော်လည်း
ယခုတော့ လော့ချင်က ပေါ်လာပြီ။ တစ်နေ့မှာ
ရှောင်အိုက်က အဖြစ်မှန်ကိုသိသွားပြီး သူ့အဖေ
ထိုမျှကြီးကျယ်ထက်မြက်ကြောင်း သိသွားခဲ့ရင်
ဘယ်လိုတွေးလိမ့်မလဲ။

လင်းကျစ်ရှက ထိုကိစ္စများနှင့်ပတ်သက်ပြီး
တစ်ခါမှတွေးမပူခဲ့။ အကယ်၍ လော့ချင်
ရှောင်အိုက်အကြောင်း သိသွားခဲ့လျှင်တောင်
သိပ်ဂရုမစိုက်လောက်ဟု သူ ထင်ထားသော
ကြောင့်ဖြစ်သည်။ လင်းကျစ်ရှက လော့မိသားစု
နှင့် မပတ်သက်ဘဲ မသိချင်ယောင်ဆောင်မည်
တွေးထားသော်လည်း အထင်နှင့်ကွဲလွဲစွာ
လော့ချင်က ရှောင်အိုက်ကို လော့အိမ်တော်သို့
ခေါ်သွားဖို့ အတည်ကြံစည်လာခဲ့သောအခါ။

လင်းကျစ်ရှ ဆိုင်မှာ ခပ်ငိုင်ငိုင်ထိုင်ရင်း
အ‌တွေးများနေပြီး စိတ်ဖိစီးကာ သက်ပြင်းချမိသည်။

ကောင်တာမှမိန်းကလေးက အပေါ်ဘက်ရှိနာရီထံ မော့ကြည့်ပြီး လင်းကျစ်ရှကို သတိပေးလိုက်၏။

"သူဌေး၊ ရှောင်အိုက်ကို သွားကြိုသင့်ပြီမလား"

လင်းကျစ်ရှ ကြည့်လိုက်ရာ ကျောင်းဆင်းချိန်
ရောက်လုနေပြီဖြစ်၍ Little Sun မူကြိုသို့
အလျင်စလိုပြေးသွားရတော့သည်။

ကျောင်းဆင်းချိန်တွင် လင်းခယ်အိုက်နှင့်
ချူရွှင်းက လက်အချင်းချင်းဆုပ်ကိုင်ထားရင်း တံခါးနားမှာရပ်နေကြသည်။ လင်းခယ်အိုက်
အိတ်ကပ်ထဲမှသကြားလုံးများကို ထုတ်လိုက်ကာ
ချူရွှင်းဆီကမ်းပေးရာ ငါးလုံးက‌ လက်ထဲ
တင်ကျန်နေပြီး သုံးလုံးမှာမူ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ရှောင်အိုက်က ပွစိပွစိရေရွတ်ပြီး
သကြားလုံးများကို ကုန်းကောက်ဖို့ပြင်သည်။အကျိုးဆက်အနေနှင့် အိတ်ကပ်ထဲမှချောကလက်လုံးများပါ ကျသွားသည်မှာ လျှောခနဲ။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now