အပိုင်း - ၄၄ (U+Z)

22.2K 3.1K 200
                                    

Unicode

"ကျွန်တော် ခင်ဗျားကို စိတ်မကောင်းမဖြစ်စေ
ချင်ဘူးလို့ ပြောထားတယ်‌လေ"

လင်းကျစ်ရှက လော့ချင်မျက်နှာကို
လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။
အပြစ်တင်သလိုခံစားချက်နှင့် ဝမ်းနည်းမှုတို့
ထိုသူ့မျက်နှာထက် အထင်းသားပေါ်နေလေရာ
လင်းကျစ်ရှ နှစ်သိမ့်မိသည်။

"အားလုံး အတူတူပဲဆိုတာ ကျွန်တော်သိတယ်၊
တကယ်တော့ ခင်ဗျားက အပြစ်ကင်းပြီးသား၊
အဲ့လိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့ ခင်ဗျား
ဘယ်ထင်ခဲ့ပါ့မလဲ၊ အရင်လင်းကျစ်ရှက
မကောင်းတဲ့ကိစ္စတွေလုပ်ခဲ့တာမို့လို့ ခင်ဗျား
ကျွန်တော့်အပေါ်ပြုမူခဲ့တဲ့ သဘောထားကို
နားလည်ပေးနိုင်တယ်၊ ကျွန်တော် ခင်ဗျားကို
အပြစ်မတင်ပါဘူး"

လော့ချင် ခေါင်းခါမိသည်။

"ရှောင်ရှ...ကိုယ့်ကြောင့် မင်း အများကြီး
နာကျင်ခံစားခဲ့ရတာ၊ မင်းကို ဇိမ်ခံသင်္ဘောပေါ်
မှာလည်း တစ်ယောက်တည်းပစ်ထားခဲ့မိတယ်၊ နောက်ပိုင်း ကိုယ် မင်းကို လျစ်လျူရှုတဲ့အပြင် ဒုက္ခရောက်စေခဲ့တယ်၊ မင်း အပြစ်မမြင်ရင်
တောင် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘူး"

လင်းကျစ်ရှက လော့ချင်ကိုကြည့်နေရင်း
အနားတိုးကပ်ကာ နဖူးကို ဖွဖွနမ်းလိုက်လေ၏။
မပျက်ပြယ်သေးသော အမာရွတ်တိမ်တိမ်
ရှိနေသည့်နေရာ။

"တစ်ခဏလောက်တော့ ခင်ဗျား လက်လွှတ်
နိုင်မှာမဟုတ်မှန်း ကျွန်တော်သိပါတယ်၊
ဒါပေမယ့် ခင်ဗျားကို အတိတ်မှာ တဝဲလည်လည်
မဖြစ်စေချင်ဘူး၊ ကျွန်တော် အရှေ့ကိုပဲ
ဆက်လျှောက်ချင်တာ၊ အရင်တုန်းက
နားလည်မှုလွဲတာ‌လို့ ကျွန်တော်သိထားတယ်၊
အခု ခင်ဗျားက ကျွန်တော့်အပေါ်ကောင်းပေးနေ
တာပဲ"

လင်းကျစ်ရှ နှုတ်ခမ်းနှစ်လွှာကို ဖိထားလိုက်ကာ

"ကျွန်တော် အရင်နေခဲ့တဲ့ကမ္ဘာမှာလည်း မိဘမဲ့
တစ်ယောက်ဖြစ်ခဲ့တာ၊ ခင်ဗျားလိုမျိုး
ကျွန်တော့်ကို ကာကွယ်ပေးတဲ့သူ..ချစ်ပေးတဲ့သူ
မရှိခဲ့ဖူးဘူး၊ ခင်ဗျားက ပထမဆုံးပါပဲ"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now