"ယောင်းကလဲ အိပ်လိုက်ရင်ခနလေးပဲဟာ မောင်က ၁နာရီလောက်ဆိုပြန်ရောက်မှာပါ"

"မသွားရပါဘူးဆို သွားရင် ယောင်းကိုမချစ်ဘူးလို့ သတ်မှတ်မှာ"

ထယ်ယောင်းရဲ့ အနဲငယ်ချွဲပစ်ပစ်အသံကြောင့် ဂျောင်ကုဟာ အရည်ပျော်ကျသွားခဲ့ရပီဖြစ်သည်။

"‌အဲလိုတော့မတွေးလိုက်ပါနဲ့ မောင်ပြောကြည့်လိုက်ဦးမယ်နော်"

‌ဖုန်းနံပတ်တချို့ကိုဂျောင်ကုခေါ်နေတာကိုကြည့်ရင်း ထယ်ယောင်းဟာ အပြုံးခပ်ယဲ့ယဲ့ကို ပြုံးလိုက်မိသည်။ဘယ်ဆိုးလို့လဲ ဒီလိုသာဆို ဂျောင်ကုက သူ့ကိုတကယ်ချစ်နေတာပဲ ဒါပေမဲ့မသနားဘူး သူ့လမ်း‌သူရွေးခဲ့တာပဲဟာ....

"တောင်းပန်ပါတယ် Hyungရယ် ~ကျွန်တော်တကယ် ခေါင်းကိုက်နေလို့ပါ"

"အေးပါ ရပါတယ်~နောက်နေ့မင်း‌နေကောင်းတာနဲ့ ပြန်လုပ်ကြမယ်လေ"

"ဟုတ် Hyung အားနာရပါတယ် ဗျာ"

"ရပါတယ်ဆိုကွာ~မင်းသာနေကောင်းအောင် မြန်မြန်လုပ်"

Leader ဖြစ်သော Namjoon Hyung ကိုညာလိုက်ရတာမို့ စိတိမကောင်းသော်လည်းဘယ်တတ်နိုင်ပါ့မလဲ။သူ့အချွဲစိန်လေးက ပထမဦးစားပေးမဟုတ်ပါလား။ဒါ‌လေးအပေါ် ရက်စက်ခဲ့မိတာတွေကို အခုအချိန်မှာရသလောက်နည်းနဲ့ ပြန်လည်ပေးဆပ်ဖို့တွေးထားသည်။

သူတို့အလုပ်က အဖွဲ့ဝင်တယောက် schedule ဖျက်တာနဲ့ အကုန်ပျက်ရသည်။တစ်‌ယောက်ထဲအလုပ်မဟုတ်တာမို့ တစ်ခုခုဆို ၅ယောက်လုံးနဲ့ဆိုင်သည်မို့ ဂျောင်ကုဟာ အမြဲအလုပ်ကိုလေးစားခဲ့သည်။

Idol ဖြစ်တာ ၃နှစ်ကျော်ကာလမှာတခါမှ Schedule မဖျက်ဘူးတဲ့သူမို့ Hyungကလဲ ယုံကာ နားလည်ပေးခဲ့ခြင်းဖြစ်သည်။

"ကဲရပီ နော် အဆိုး‌လေး ~လာပါဦး မောင့်ရင်ခွင်ထဲကို"

‌ထယ်ယောင်းဟာဂျောင်ကုရဲ့ ရင်ခွင်ထဲကို ခိုဝင်လိုက်ပီး ရင်ဘတ်ကျယ်ကျယ်ကို တို့ထိနေမိသည်။

"ယောင်းကို မောင်သိပ်ချစ်တာပဲ...ငယ်ငယ်ထဲက ဒီကောင်လေးကို ချစ်လာရတာ အခုအချိန်ထိ ချစ်သွားမိလိမ့်မယ်လို့မောင်မထင်ထားခဲ့မိဘူး"

WE CAN'T BE FRIENDS(Complete)Where stories live. Discover now