"Jimin....jimin....!!!"
ကျွန်တော်တွေးတာမလွဲရင် သူရိပ်မိသွားမှာပါ...အခန်ထဲက ပြေးထွက်လေပြီ ပွဲခင်းရှိရာအရပ်ကို ဖိနပ်တောင်မပါဘဲ ပြေးလေရဲ့ ခြေဖဝါးနုနုနာတာထက် နှလုံးသားနုနုကြေမွနေမှာ အမှန်ပဲ....
"မဟုတ်ပါစေနဲ့ "ဆိုတဲ့ ဆုတောင်းကို ပြေးရင်းတောင် အသက္မရူမိတဲ့အထိ တောင်းနေခဲ့တာဆုတောင်းမပြည့်ခဲ့ဘူး....မြင်ကွင်းဟာ ရှင်းရှင်းလင်းလင်းနဲ့ပြတ်သားလွန်းလှတယ်...အိမ်ရှေ့စံနဲ့အိမ်ရှေ့စံမိဖုရားနဲ့ ထိမ်းမြှားခြင်းအခမ်းအနားက ခမ်းနားကြီကျယ်လွန်းတာထက်ပိုနေတယ်....jeonရဲ့မျက်နှာဟာလည်း အပြုံးတွေဝေလို့....jeonရယ် လုပ်ရက်လိုက်တာ...
"သံတမန်ရောက်နေတာပါလား....ကြွပါဆိုတဲ့.."
မင်းကြီးအကိုတော်ရဲ့ ခနဲ့တဲ့အသံကြားမှ ကိုယ်ရောက်နေတာ အခမ်းအနားရဲ့အရှေ့တည့်တည့်မှာ...ကိုယ့်ကိုမြင်မှ မသိမသာလေးပျက်သွားတဲ့ jeonရဲ့မျက်နှာ....
"သခင်လေး....ဖိနပ်စီးဦး...."
အသံပင်မထွက်နိုင်ခဲ့....ဦးရီးတော်ကို ခေါင်းငြိမ့်ပြရင်း အခမ်းအနားထဲဝင်ကာ နေရာယူလိုက္မိတယ်...
မျက်ရည်တွေဟာလည်း ကျလုလုဆဲဆဲကို ထိန်းရင်း မင်းကြီးနဲ့အိမ်ရှေ့စံကို ဂါဝရပြုလိုက်တယ်...
"မင်းကြီးနဲ့ အိမ်ရှေ့စံကို ဂါဝရပြုပါတယ်..."
"သက်သက်သာသာနေပါ jimin..."ဆိုတဲ့ မင်းကြိီးကြောင့် ယိုင်နဲ့နဲ့စိတ်ဟာ ပြိုလဲချင်မိသွားတယ်...မင်းကြီးဟာသိရက်နဲ့ လုပ်ရက်ခဲ့တာလား....အကြောင်းစုံအားလုံးကို ယုံကြည်အောင်ပြောပြခဲ့ပြီး...အရူးလိုသတ်မှတ်ခဲ့ကြတာလား....
ပြန်မဖြေနိုင်ပါဘူး..စီစဉ်ပေးတဲ့နေရာမှာထိုင်ရင်း အိမ်ရှေ့စံကိုတစိုက္မတ်မတ်ကြည့်နေပေမယ့် ပြန်ကြည့်မလာသူက ရက်စက်ခြင်းကိုတင်စားပြနေပြီ....မိုးမြေကန်တော့တဲ့အချိန် ရင်ကွဲမတက်တရစပ်ခုန်လာလေတဲ့နှလုံးသားလေး နာကျင်နေတာခေါင်းစဉ်ရှာဖို့ ခဲယဉ်းသွားတယ်...ရင်ဘတ်အစုံကိုဖိထားရင်း ပြိုကျခွင့်တောင်းခံနေတဲ့ မျက်ရည်တွေကို လွတ်လပ်ခွင့်ပေးသင့်လား မိဘကန်တော့တဲ့အချိန် ကိုယ်ဖြစ်ရမယ့်နေရာလို့ သတ်မှတ်ထားတဲ့နေရာလေးမှာ ကိုယ်မဟုတ်ခဲ့ဘူး...ပွဲကြည့်စဉ်ကအရူးလိုပဲ ရင်ကွဲမတက်ခံစားရင် ပွဲကြည့်သူအနေနဲ့ လက်ခုပ် သြဘာချီးမြှင့်ရသတဲ့လား....ဇနီးမောင်နှံခြင်းကန်တော့တဲ့အချိန် အရုပ်ကြိုးပျက်ခန္ဓာကိုယ်နဲ့ ပြိုဆင်းလာတဲ့မျက်ရည်တွေဟာ ဖုံးကွယ်လို့မရနိုင်ခဲ့ဘူး...အောင်နိုင်သူအပြုံးနဲ့လှောင်နေမယ့်သူတွေလည်း ဂရုမစိုက်နိုင်ခဲ့ဘူး.....အားလုံးစွန့်လွှတ်ပြီး လာခဲ့တာလေ ဘာလို့လုပ်ရက်တာလဲ...
ESTÁS LEYENDO
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~19~~~
Comenzar desde el principio
