"မင်းကြီးက မင်းကုိလွဲပေးလိုက်တယ်ဆုိတာ ဘာကြောင့်လဲ မင်းဘာကြောင့်သွားချင်နေတာလဲ အိမ်ရှေ့စံကုိကြုိက်နေတယ်တော့ မပြောနဲ့နော် ...မင်းယောင်္ကျားချင်း....ငါတုိ့မျိုးနွယ်ကို မဖျက်ဆီးနဲ့ park jimin!!!"
"ချစ်မိတာလေးက ဘာမှားလုိ့လဲ..."
"မင်းပါးစပ်ပိတ်းစမ်း...မင်းမရှက်ပေမယ့် ငါတုိ့ရှက်တယ်...သွား...သွား..
ထွက်သွား..လုံးဝပြန်မလာခဲ့နဲ့ ငါတုိ့မျိုးနွယ်မှာ ယောင်္ကျားချင်းကြိုက်တဲ့ ေကာင်မျုိးမလုိချင်ဘူး..."
"အမေ..."
"မခေါ်နဲ့ မင်းမှာအမေမရှိဘူး ငါ့အမျိုးသမီးဟာ မင်းကိုမမွေးခဲ့ဘူး တစ်ခါထဲသွား...သွား..!!!"
"ဟီး....ဟင့်..အင်း....အိီး..ဟီး...."
ပြေးလွှားပြီး parkအိမ်တော်ထဲက ထွက်လာခဲ့မိတာ ပထမဆုံးအကြိမ် နောက်ဆုံးအကြိမ် အိမ်တော်ထဲနေရတာနဲ့ အမေနဲ့အဖေကို နောက်ဆုံးတွေ့ရလိမ့်မယ်လုိ့ မထင်ထားခဲ့ဘူး... ငိုယုိပြီးပြေးထွက်လာခဲ့ပြိီး အိမ်တော်ကိုပါတစ်ခါထဲနူတ်ဆက်ပြိီး အမိမြေနဲ့မိသားစုကုိ ထားခဲ့ရတယ်...
"သခင်လေး..."
"Hoseok...မင်းလုိ်က်လာတာလား..
ငါ့နောက်ကိုလေ..."
"ငါမင်းဘယ်သွားသွားလုိက်္မှာ သေရွာသွားရင်တောင်ပေါ့..."
"မဟုတ်တာတေွ...အဖေကjeonအကြောင်းဘယ်လိုသိတာလဲ..."
"မင်းကုိ အတို့အထောင်လုပ်လိုက်တာ ထားလိုက်ပါ....မင်းနားမှာဘာပဲဖြစ်ဖြစ်ငါရှိနေမှာ..."
"ကောင်းပြီေလ ငါ့ရဲ့jeonဆီသွားကြမယ်..."
Flash back end..
မိသားစုထက် နှလုံးသားကုိ ကြိုးတန်းပေါ်တင်ကာ လမ်းလျှောက်ခဲ့တဲ့သူ့ကုိ..
ကံတရားဟာ သခင်လေးအပေါ်သိပ်ရက်စက်သွားခဲ့ပြီ....မျှော်လင့်ထားတဲ့သူဟာ အခြားသူလက်ကုိဆွဲလုိ့ တစ်သက်လုံးနေထိုင်မှာကို ကြည့်ဖို့ရာအင်အားရှိတယ်ထင်နေခဲ့တာလား ဒါမှမဟုတ် သခင်လေးအချစ်တွေကုိ စမ်းသပ်လေသလား....သတ်သေတဲ့အထိ မခံစားနိုင်တဲ့နှလုံးသားနုနုပိုင်ရှင်ဟာ ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ ဒုက္ခကုိမခံစားနိုင်တဲ့အဆုံး လောကကြီးကိုနူတ်ဆက်ဖုိ့ ရွေးချယ်လုိက်တယ်...ကံတရားကုိအပြစ်တင်ရင်း အရုပ်ကြိုးပျက်အရှက်ကွဲခဲ့ရတဲ့ ခမ်းမအလယ်မှာ လှောင်ရယ်လုိ့ကျန်ခဲ့မယ်လူတွေထက် ထိမ်းမြှားလက်ထပ်လေတဲ့ ချစ်ရသူရဲ့မျက်နှာဟာ အစိမ်းလိုက်ခွဲလေတဲ့ ဓားတစ်ချောင်းလုိ့ ရက်စက်ခြင်းမပါဘဲ လှလှလေးသတ်ေသခဲ့အောင် ကံတရားဟာစီစဥ်ရက်လေတယ်....
______________________________
Upလိုက်ပြီနော် ရူတ်သွားရင် နောက်တစ်ပိုင်းကုိ ပြန်ရှင်းပြပေးပါ့မယ် feedbackလေးတွေလုိချင်မိတယ် ဒါဒါလေးတို့ရယ်
Thank my readers,
💜Minna💜
______________________________**zawgyi**
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~19~~~
Start from the beginning
