"အဖေ..သားကုိခေါ်တယ်ဆုိ..."
"မင်းကြိီးက အလယ်ပိုင်းဒေသကုိ သံတမန်အဖြစ်သွားဖုိ့ မိန့်လာတယ် အဲ့ဒါကြောင့် သားကုိဒီကကိစ္စတစ်ချို့ ခိုင်းခဲ့မလုိ့.."
"ဟာ..အဖေကလည်း..."
ဘာ..အလယ်ပိုင်းဒေသဆုိတော့ jeon...jeonနေတဲ့နေရာေပါ့..
"အဖေ့...သားလိုက်လုိ့မရဘူးလား...သားလိုက်ချင်တယ်.."
"မရဘူး..သားကဒီမှာအဖေခိုင်းတာလေးတွေလုပ်ရမယ်...."
"ဟာ..မလုပ်ချင်ပါဘူး...သားလိုက်ချင်တယ်...နော်...နော်လို့..."
"Jimin!!!"
"ဟင့်...အီး.ဟီး...မေမေ...သားကုိဖေကြီးဆူနေပြီ..."
အမေချစ်သားမို့ အားကုိးရာလေ..
"ရှင်သားကုိဆူပြန်ပြိီလား...သားလေးလာ...ဘာဖြစ်တာလဲအမေ့ကုိပြော...ရှင်နော်ကျွန်မသားကုိမဆူနဲ့..."
"မင်းအလုိလိုက်လုိ့ အဲ့လုိဆိုးနေတာ..."
"သားလေးလာသွားမယ်...သားအဖေက အမတ်ဖြစ်ပြီး ဟောက်လုိက်တာများသူ့စာသင်သားတွေမှတ်နေလားမသိဘူး...သွားမယ်သား..."
"အမေ သားလေ.."
မိခင်ကုိ လုိက်သွားချင်ကြောင်းနဲ့ jeonအကြောင်းပြောလေတော့ မျက်နှာတော့မကောင်းရှာဘူး" သားလေးနဲ့မခွဲနိုင်ဘူး"တဲ့လေ..
"သားက အဖေနဲ့လိုက်သွားပြီး လည်ရုံပဲလေ ပြန်လာမှာပဲကုိ...နော်မေမေ.."
"သားရယ် ဖြစ်ပါ့မလား မင်းကြိိီးခိုင်းတဲ့ကိစ္စလေသားရယ်..."
ခွင့်ပြုချက်ကမရလေတော့ ဘယ်သူမှလဲမထောက်ခံဘူး...လမ်းကြောင်းရှာထွက်ဖို့ လမ်းစရှာတဲ့အခါ ခိုးထွက်လေဖို့ပဲ ဆုံးဖြတ်ရမယ်...အဲ့ဒီလုိစဥ်းစားကြပ်တဲ့အချိန် ကောင်းသတင်းကြုံလေသော် မင်းကြီးကအခေါ်တော်ရှိလေသတဲ့...
"မင်းကြိီး ကျွန်တော်မျိုးအခေါ်တော်ရှိတယ်ဆုိလုိ့ပါ..."
မင်းကြိီးက လက်ဆောင်ပဏ္ဍာဆက်သဖို့နဲ့ သူ့သမီးတော်နဲ့ အိမ်ရှေ့စံနဲ့ထိမ်းမြှားပေးပြီး နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် ကျွန်တော်ကုိလူငယ်မို့ အိမ်ရှေ့စံကိုအကဲခတ်ခိုင်းခဲ့တာ...ကျွန်တော်လည်းလွမ်းနေခဲ့တာ တစ်ရက်လေးမှမေ့မရတာမို့ ဘာပဲဖြစ်ဖြစ်ဆုိပြီး လက်ခံလုိက္မိတယ် ပြသာနာကအဲ့ကစတော့တာပဲ...
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~19~~~
Start from the beginning
