"Jimin!!!...သခင်လေး!!!...သခင်လေး.!!!.."
"အပြင်မှာဘယ်သူရှိလဲ...မြန်မြန်..."
ဝင်လာလေတဲ့အပျိုတော်တွေကုိ ဖယောင်းတိုင်ထွန်းခိုင်းပြီးတဲ့အခါ...အလင်းရောင်မြင်ရသော်...
အခန်းထောင့်မှာပုံရက်လေးလဲနေတဲ့ သခင်လေး...လက်ကောက်ဝတ်မှာလဲ...သွေးတွေနဲ့...မဟုတ်မှ...မဟုတ်မှ သတ်သေတာလား...
"သမားတော်...မြန်မြန်ခေါ်!!!"လုိ့သာအော်လိုက်ပေမယ့် ကျွန်တော်တော့ သွေးပျက်လုိ့သေတော့မယ်....သွေးတွေနဲ့လဲနေတယ် ကုိယ်လေးကိုအသာမပြီး သွေးတိတ်စေရန် အဝတ်စဖြဲလုိ့ဖိကပ်ထားလုိက်တယ်....ဒါပေမယ့် သွေးတွေဟာမတိတ်သွားခဲ့ဘူး....
"သမားတော် ခေါ်ခိုင်းတာ ဘယ်မှာလဲ မြန်မြန်...!!!!!"
ဒေါသတွေဟာ ပေါက်ကွဲဖို့နေရာမရှိခဲ့ဘူး...လက်ထဲကအနှိီးလူသားဟာ အချစ်အတွက် အသက်ပင်ပင်ဆုိတဲ့လုပ်ရက်္မျိုး မိုက်ရူးရဲဆန်ခဲ့ပြီ....မလုပ်ဖုိ့အတန်တန်မှာထဲကြားထဲက....
"မင်းရူးနေတာလား...ဟင့်..အင်း...မင်းရူးနေတာ...သတ်သေရလား..ငါ့ကိုသာသတ်လိုက်ပါလား...အား...!!!!
သွေးကမတိတ်လေတော့ ဒေါသကြောင့် နာကျင်စွာအော်သံတွေပါ လွင့်ပျံလာခဲ့ပြီ....
"မင်းကမိသားစုကုိထားခဲ့ပြီး...ကုိယ့်နိုင်ငံရဲ့မင်းကြီးကုိပါလိမ်လည်ပြီး အချစ်အတွက် အသက်ကုိဓားပေါ်တင်ထားခဲ့တာ ဒီလုိတွေဖြစ်လာဖို့လား...ဟမ်....."
"အိမ်ရှေ့စံဟာ အဆင်မပြေဘူး...မင်းသမီးနဲ့ပေးစားလုိ့မရဘူးလုိ့ လိမ်ညာထားတာ သိသွားရင် မင်းအသတ်ခံရမှာ မင်းအချစ်ကုိကိုးကွယ်လွန်းအားကြီးတယ်ကွာ..."
မင်းကသာချစ်ပြတာ သူကလက်ထပ်သွားပြီး မင်းပေးဆပ်ခဲ့တာ တန်ရဲ့လားကွာ...
သူငယ်ချင်းလေးရဲ့ခန္ဓာကုိယ်လေးကုိ လက်ထဲပေွ့ထားရင်း စကားတွေပြောနေခဲ့တာ တစ်ယောက်ထဲအရူးလုိ မခံမရပ်နဲ့....အတွေးစစနဲ့ နောက်ေကြာင်းတွေးမိတဲ့အခါ
Flash back....
သခင်လေး နန်းမြို့တော်မလာခင် တစ်ပတ်အလုိ....
"သခင်လေး သခင်ကြီးခေါ်နေတယ်..."
"ဘာလုပ်ဖို့လဲ..."
"မသိဘူးလေ...သွားမယ်..."
ဆူဆူအောင့်အောင့်နဲ့ပဲ လိုက်ရှာတယ် သခင်ကြိီးကုိတော့ကြောက်ရတယ်လေ မဟုတ်ရင်အရိုက်ခံထိမှာကို...
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~19~~~
Start from the beginning
