"Jimin....jimin....!!!"
ကျွန်တော်တေွးတာမလွဲရင် သူရိပ်မိသွားမှာပါ...အခန်ထဲက ပြေးထွက်လေပြီ ပွဲခင်းရှိရာအရပ်ကို ဖိနပ်တောင်မပါဘဲ ပြေးလေရဲ့ ခြေဖဝါးနုနုနာတာထက် နှလုံးသားနုနုကြေမွနေမှာ အမှန်ပဲ....

"မဟုတ်ပါေစနဲ့ "ဆိုတဲ့ ဆုတောင်းကုိ ပြေးရင်းတောင် အသက္မရူမိတဲ့အထိ  တောင်းနေခဲ့တာဆုတောင်းမပြည့်ခဲ့ဘူး....မြင်ကွင်းဟာ ရှင်းရှင်းလင်းလင်းနဲ့ပြတ်သားလွန်းလှတယ်...အိမ်ရှေ့စံနဲ့အိမ်ရှေ့စံမိဖုရားနဲ့ ထိမ်းမြှားခြင်းအခမ်းအနားက ခမ်းနားကြီကျယ်လွန်းတာထက်ပိုနေတယ်....jeonရဲ့မျက်နှာဟာလည်း အပြုံးတွေဝေလုိ့....jeonရယ် လုပ်ရက်လိုက်တာ...

"သံတမန်ရောက်နေတာပါလား....ကြွပါဆုိတဲ့.."
မင်းကြီးအကိုတော်ရဲ့ ခနဲ့တဲ့အသံကြားမှ ကုိယ်ရောက်နေတာ အခမ်းအနားရဲ့အရှေ့တည့်တည့်မှာ...ကိုယ့်ကုိမြင်မှ မသိမသာလေးပျက်သွားတဲ့ jeonရဲ့မျက်နှာ....

"သခင်လေး....ဖိနပ်စီးဦး...."
အသံပင်မထွက်နိုင်ခဲ့....ဦးရီးတော်ကုိ ခေါင်းငြိမ့်ပြရင်း အခမ်းအနားထဲဝင်ကာ နေရာယူလိုက္မိတယ်...
မျက်ရည်တွေဟာလည်း ကျလုလုဆဲဆဲကုိ ထိန်းရင်း မင်းကြီးနဲ့အိမ်ရှေ့စံကုိ ဂါဝရပြုလိုက်တယ်...

"မင်းကြီးနဲ့ အိမ်ရှေ့စံကို ဂါဝရပြုပါတယ်..."

"သက်သက်သာသာနေပါ jimin..."ဆုိတဲ့ မင်းကြိိီးကြောင့် ယိုင်နဲ့နဲ့စိတ်ဟာ ပြုိလဲချင်မိသွားတယ်...မင်းကြိီးဟာသိရက်နဲ့ လုပ်ရက်ခဲ့တာလား....အကြောင်းစုံအားလုံးကုိ ယုံကြည်အောင်ပြောပြခဲ့ပြီး...အရူးလုိသတ်မှတ်ခဲ့ကြတာလား....

ပြန်မဖြေနိုင်ပါဘူး..စီစဥ်ေပးတဲ့နေရာမှာထိုင်ရင်း အိမ်ရှေ့စံကုိတစိုက္မတ်မတ်ကြည့်ေနပေမယ့် ပြန်ကြည့်မလာသူက ရက်စက်ခြင်းကုိတင်စားပြနေပြီ....မိုးမြေကန်တော့တဲ့အချိန် ရင်ကွဲမတက်တရစပ်ခုန်လာလေတဲ့နှလုံးသားလေး နာကျင်နေတာခေါင်းစဥ်ရှာဖို့ ခဲယဥ်းသွားတယ်...ရင်ဘတ်အစုံကုိဖိထားရင်း ပြုိကျခွင့်တောင်းခံနေတဲ့ မျက်ရည်တွေကို လွတ်လပ်ခွင့်ပေးသင့်လား မိဘကန်တော့တဲ့အချိန် ကုိယ်ဖြစ်ရမယ့်နေရာလုိ့ သတ်မှတ်ထားတဲ့နေရာလေးမှာ ကုိယ်မဟုတ်ခဲ့ဘူး...ပွဲကြည့်စဥ်ကအရူးလိုပဲ ရင်ကွဲမတက်ခံစားရင် ပွဲကြည့်သူအနေနဲ့ လက်ခုပ် ြသဘာချီးမြှင့်ရသတဲ့လား....ဇနီးမောင်နှံခြင်းကန်တော့တဲ့အချိန် အရုပ်ကြိုးပျက်ခန္ဓာကိုယ်နဲ့ ပြိုဆင်းလာတဲ့မျက်ရည်တွေဟာ ဖုံးကွယ်လုိ့မရနိုင်ခဲ့ဘူး...အောင်နိုင်သူအပြုံးနဲ့လှောင်နေမယ့်သူတေွလည်း ဂရုမစိုက်နိုင်ခဲ့ဘူး.....အားလုံးစွန့်လွှတ်ပြီး လာခဲ့တာေလ ဘာလုိ့လုပ်ရက်တာလဲ...

မောင့်မူပိုင်သမားတော်💘Where stories live. Discover now