"Hoseok....မျိုးရိုးကJungပါ..."
"အာ...hoseok ah....နာမည်လေးလှသားပဲ မင်းနဲ့လိုက်တယ်...ကလေးလေး..."ဆိုပြီး...လေးထောင့်ဆန်ဆန် အပြုံးလေးနဲ့ နူတ်ဆက်ထွက်ခွာသွားတဲ့သူ
"ကလေးလေး....ဟီး...သူငါ့ကိုကလေးလေးလို့ ခေါ်သွားတာပဲ....ပျော်လိုက်တာ....ဦးလို့ပဲခေါ်တော့မယ်...ဦးကကလေးအတွက်ပဲဖြစ်ရမယ်....ဟုတ်တယ်...တော်ဝင်မျိုးနွယ်လည်း ဘာဖြစ်လဲ ငါချစ်နေရင်ရပြီပဲကို...ဟီး....ဟီး...ပျော်လိုက်တာ......"
အကြိမ်ကြိမ်အခါခါ နုနယ်လွန်းတဲ့နှလုံးသားလေးက အထိအရှလွယ်လွန်းတာမို့ ပြုံးပြရယ်ပြရင်တောင် ကမ္ဘာကြီးမှာ အအေးလှိုင်းဖြတ်သလိုပဲ....အခုတော့အသုံးအနူန်းလေးဟာ ကိုယ့်အတွက်ပဲ တည်ရှိပါတော့လားဆိုတဲ့ အတ္တလေးက ရှဥ့်ပေါက်လေးမှာ ပျော်ဝင်လာပါရောလား....
"အဖေမျက်လုံးတွေက အရောင်တွေတောက်နေတယ်...သူရဲ့မျက်လုံးတွေရောပဲ....."
အဖြစ်အပျက်အစအဆုံးဟာ သူဆုံးရှုံးရဖို့ သေချာသလောက်ဖြစ်နေခဲ့ပြီိ....မွေးစားဖခင်ဆိုပေမယ့် ဖခင်အရင်းသဖွယ်စောင့်ရှောက်ခဲ့တဲ့သူ...အရာအားလုံးကိုနားလည်ပေးတဲ့ တစ်လောကလုံးမှာ တစ်ယောက်ပဲရှိတယ်သူ..."အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး"တဲ့ ဒီတစ်ခါတော့ တရားနဲ့ဖြေသိမ့်ဖို့ပဲ တွေးမိမှာပါ....ဖခင်မှာချစ်တဲ့လူဆိုတာရှားတယ် သူခင်တွယ်မြတ်နိုးရသူကိုသာ ကြည့်တဲ့အကြည့်မျိုး နက်ရိုင်းလွန်းတယ်....တစ်ခါမှမမြင်ခဲ့ဖူးဘူး...ခံစားချက်ချင်းတူနေတဲ့သူမို့ ဖခင်ဟာနေရောင်ခြည်လေးကို သူလိုမျိုးကြည့်နေခဲ့တာ....ချစ်နေခဲ့တာ....
တွေးရင်းနဲ့မျက်ရည်တွေဟာ စီးကျနေခဲ့တာ ပတ်ဝန်းကျင်မှာ မိုးသည်းနေမည်စိုးရတယ်....ကိုယ်ရံတော်လေးရဲ့ နှလုံးသားမှာကျွန်းခံနေတာ ပြိုင်ဘက်ဟာစစ်ခင်းလုရမယ့် သူမျိုးမဟုတ်ခဲ့ဘူး...လက်နက်ချလို့ ယူသွားပါလို့ကျေကျေနပ်နပ်ကြီး ပေးလိုက်ရမယ့်သူပါ....
"ကိုယ်တော့ မင်းကိုလက်လွှတ်ရတော့မယ် နေရောင်ခြည်လေးရယ်..."
"မင်းဟာ ကိုယ့်အတွက် တခါတလေမှ ထွက်ပေါ်လာတဲ့ သက်တန့်လေးဆိုတာ ကိုယ့်မေ့သွားတယ်...ကောင်းကင်ကြီးမှာရှိနေတဲ့ မင်းကိုကိုယ်ကပိုင်ဆိုင်ချင်ခဲ့တာ ကိုယ်ရူးခဲ့တာ..."
"မင်းဟာ အရောင်စုံသက်တန့်လေးမို့...ကောင်းကင်ကြီးနဲ့ပဲလိုက်ဖက်ပါတယ်...မြေပြင်ကအညတရကိုယ်လိုလူဆီမှာ မင်းအရောင်မှိန်မှာ ကိုယ်စိုးရိမ်တယ်...."
မျက်ရည်တွေဟာ စကားတစ်လုံးချင်းဆီနဲ့ စီးချက်ညီညီကျဆင်းနေတာ ကြေကွဲဖွယ်ရာ မြင်ကွင်းမျိုး...နူတ်ခမ်းဟလို့ ထွက်လာတဲ့စကားတိုင်းက ကိုယ့်ကိုကိုယ်ပြန်ထိုးနေရတဲ့ ချွန်မြမြဓားတစ်ချောင်းပဲ...."ရက်စက်တယ်လို့ အပြစ်မတင်ရက်ပါဘူး မင်းကိုလေ..."တဲ့ နာကျင်ရတာကို သူဟာအညတရမို့ မထိုက်တန်ကြောင်းနှလုံးသားကို ကြော်ငြာမောင်းခတ်နေတာ နွေခေါင်ခေါင်ကြီး မိုးချိုးဖိတ်ခေါ်နေတဲ့ လူသားလိုမျိုးပဲ မိုက်ရူးချင်တဲ့ ကောင်လေးကိုလှည့်စားရက်တဲ့ အချစ်တရားကြီးရယ်...
အချစ်တရားစီမံတဲ့ နတ်မင်းကြီးဟာ မြေပြင်ပေါ်က နှလုံးသားလေးတွေကို ထွေပြားပစ်လို့ စည်းတာခုန်နေသလား...ထွေပစ်လို့မှောက်ခုန်ကျတဲ့အချိန် နာကျင်မူအစုံကို လူသားလေးတွေမချိမဆန့် ခံစားရတယ်....ပက်လှန်အတည့်ကျတဲ့အချိန် ပျော်ရွှင်ဖို့လမ်းစလေးရလို့ လှမ်းလိုက်ချိန် ကြေမွသွားတဲ့ ထွေပြားလေးကို ရက်ရက်စက်စက်နင်းရက်လေသလား နတ်မင်းကြီးရယ်.....
______________________________
Upပါပြီ....minna မောင့်အရိပ်ဆိုတဲ့ ficကို pageမှာအရင်တင်ပါ့မယ်....
Thank my readers,
💜Minna💜
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~18~~~
Start from the beginning
