အကြိမ်ကြိမ်အခါခါ နုနယ်လွန်းတဲ့နှလုံးသားလေးက အထိအရှလွယ်လွန်းတာမို့ ပြုံးပြရယ်ပြရင်တောင် ကမ္ဘာကြီးမှာ အအေးလှုိင်းဖြတ်သလိုပဲ....အခုတော့အသုံးအနူန်းလေးဟာ ကုိယ့်အတွက်ပဲ တည်ရှိပါတော့လားဆုိတဲ့ အတ္တလေးက ရှဥ့်ပေါက်လေးမှာ ပျော်ဝင်လာပါရောလား....
"အဖေမျက်လုံးတေွက အရောင်တေွတောက်နေတယ်...သူရဲ့မျက်လုံးတေွေရာပဲ....."
အဖြစ်အပျက်အစအဆုံးဟာ သူဆုံးရှုံးရဖို့ သေချာသလောက်ဖြစ်နေခဲ့ပြီိ....မွေးစားဖခင်ဆုိပေမယ့် ဖခင်အရင်းသဖွယ်စောင့်ရှောက်ခဲ့တဲ့သူ...အရာအားလုံးကုိနားလည်ပေးတဲ့ တစ်လောကလုံးမှာ တစ်ယောက်ပဲရှိတယ်သူ..."အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး"တဲ့ ဒီတစ်ခါတော့ တရားနဲ့ဖြေသိမ့်ဖို့ပဲ တွေးမိမှာပါ....ဖခင်မှာချစ်တဲ့လူဆုိတာရှားတယ် သူခင်တွယ်မြတ်နိုးရသူကုိသာ ကြည့်တဲ့အကြည့်မျုိး နက်ရူိင်းလွန်းတယ်....တစ်ခါမှမမြင်ခဲ့ဖူးဘူး...ခံစားချက်ချင်းတူနေတဲ့သူမို့ ဖခင်ဟာနေရောင်ခြည်လေးကုိ သူလုိမျိုးကြည့်နေခဲ့တာ....ချစ်နေခဲ့တာ....
တေွးရင်းနဲ့မျက်ရည်တေွဟာ စီးကျနေခဲ့တာ ပတ်ဝန်းကျင်မှာ မိုးသည်းနေမည်စိုးရတယ်....ကုိယ်ရံတော်လေးရဲ့ နှလုံးသားမှာကျွန်းခံနေတာ ပြုိင်ဘက်ဟာစစ်ခင်းလုရမယ့် သူမျိုးမဟုတ်ခဲ့ဘူး...လက်နက်ချလုိ့ ယူသွားပါလုိ့ကျေကျေနပ်နပ်ကြိီး ပေးလိုက်ရမယ့်သူပါ....
"ကုိယ်တော့ မင်းကုိလက်လွှတ်ရတော့မယ် နေရောင်ခြည်လေးရယ်..."
"မင်းဟာ ကုိယ့်အတွက် တခါတလေမှ ထွက်ပေါ်လာတဲ့ သက်တန့်လေးဆိုတာ ကိုယ့်မေ့သွားတယ်...ေကာင်းကင်ကြီးမှာရှိနေတဲ့ မင်းကုိကိုယ်ကပိုင်ဆိုင်ချင်ခဲ့တာ ကုိယ်ရူးခဲ့တာ..."
"မင်းဟာ အရောင်စုံသက်တန့်လေးမို့...ကောင်းကင်ကြီးနဲ့ပဲလိုက်ဖက်ပါတယ်...မြေပြင်ကအညတရကုိယ်လုိလူဆီမှာ မင်းအရောင်မှိန်မှာ ကုိယ်စိုးရိမ်တယ်...."
မျက်ရည်တွေဟာ စကားတစ်လုံးချင်းဆီနဲ့ စီးချက်ညီညီကျဆင်းနေတာ ကြေကွဲဖွယ်ရာ မြင်ကွင်းမျိုး...နူတ်ခမ်းဟလုိ့ ထွက်လာတဲ့စကားတိုင်းက ကုိယ့်ကုိကိုယ်ပြန်ထုိးနေရတဲ့ ချွန်မြမြဓားတစ်ချောင်းပဲ...."ရက်စက်တယ်လို့ အပြစ်မတင်ရက်ပါဘူး မင်းကုိလေ..."တဲ့ နာကျင်ရတာကုိ သူဟာအညတရမို့ မထိုက်တန်ကြောင်းနှလုံးသားကို ကြော်ငြာမောင်းခတ်နေတာ နွေခေါင်ခေါင်ကြီး မိုးချိုးဖိတ်ခေါ်နေတဲ့ လူသားလုိမျိုးပဲ မိုက်ရူးချင်တဲ့ ကောင်လေးကုိလှည့်စားရက်တဲ့ အချစ်တရားကြီးရယ်...
VOUS LISEZ
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~18~~~
Depuis le début
