My Master-1 (Z+U)

Start from the beginning
                                    

သခင်လေးအမေက သခင်လေးSehunကိုမွေးပြီး ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒီအိမ်ရဲ့အစေခံတချို့ဆီမှကျနော်ကြားသိခဲ့ရသည်။

သခင်လေး အသက်20မှာ ဒီအိမ်ရဲ့သခင်ကြီး သခင်လေးအဖေaccidentဖြစ်ပြီးဆုံးသွားတာကြောင့် သခင်လေးကဒီအိမ်ရော သခင်ကြီးပိုင်ဆိုင်သမျှတွေမှာလက်ဆင့်ကမ်းရရှိခဲ့ရသည်။

သခင်လေးက တောင်ကိုရီးယားမှာ ပိုင်ဆိုင်မှုတွေ မနဲမနောရှိတ့ဲလူတစ်‌ေယာက်ဖြစ်သလိုသလို မြေအောက်လောကမှာလည်းရက်စက်မှုနဲ့နာမည်ကြီးတဲ့ ဂိုဏ်းခေါင်းဆောင်တယောက်ဖြစ်သည်။
သခင်လေးက ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး သခင်လေးSehunက ဒုခေါင်းဆောင်ဖြစ်သည်။

ကျနော်နဲ့Luhanကိုတော့ သခင်ကြီးကကျနော်တို့ အသက်5နှစ်အရွယ်မှာ မိဘမဲ့ဂေဟာကနေမွေးစားခဲ့ခြင်းဖြစ်သည်။ သခင်မကြီးဆုံးတာ 3နှစ်ပြည့်အနေနဲ့ မိဘမဲ့ဂေဟာကကလေးတွေကိုကျွေးမွေးရင်း 2လလောက်အကြာမှာကျနော်တို့ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။ သခင်ကြီးသည်ရက်စက်သော်ငြား တဖက်မှာလည်းနွေးထွေးတဲ့နှလုံးသားရှိသည်။ သို့သော် သခင်လေးChanyeolကတော့ ထိုသို့မဟုတ်။ အမြဲတစေ အေးစက်ရက်စက်သည့်အရိပ်အယောင်တွေနဲ့ပြည့်နေတတ်သည်။

ကျနော်နဲ့Luhanကိုမွေးစားခဲ့တုန်းကလည်း သခင်လေးChanyeolက " ကျနော်သူတို့ကိုမိသားစုစာရင်းထဲမထည့်နိုင်ဘူး Appa" ခါးခါးသီးသီးငြင်းဆန်ခဲ့တာကြောင့် ကျနော်တို့ဒီအိမ်ရဲ့အစေခံတွေလိုဖြစ်လာခဲ့ရသည်။

သခင်လေး Chanyeolရဲ့ငြင်းဆန်မှုတွေကြောင့်သခင်ကြီးမှာကျနော်တို့ကို ခြံဝန်းထဲတွင်ပဲအိမ်သေးသေးလေးတစ်လုံးဆောက်နေစေခဲ့သည်။ အိမ်သေးသေးလေးဟုပြောလိုက်သော်ငြား မိဘမဲ့ဂေဟာမှာနေခဲ့ဖူးတဲ့ကျနော်တို့အတွက်တော့ နတ်ဗိမာန်အလားဖြစ်သည်။

သခင်ကြီးကျေးဇူးကြောင့် ကောင်းကောင်းနေ ကောင်းကောင်းစား ကောင်းကောင်းပညာသင်ခွင့်ရခဲ့လေသည်။ သခင်လေးChanyeolက ကျနော့်အပေါ် ငယ်စဉ်ကတည်းက ရက်စက်လေသည်။

မနက်ဆိုလျှင်ကျနော် 4နာရီထပြီး သခင်လေးအတွက်မနက်စာပြင်ဆင်ပေးရလေသည်။ အစားဂျီးများတတ်သော သခင်လေးအတွက်ကျနော်ကိုယ်တိုင်ပြင်ပေးရသည်။

My Master (Completed) (Z+U)Where stories live. Discover now