၃ နှစ်ပြည့်ပြီး ရက်နည်းနည်းအကြာမှာ Daddy က အပြင်သွားရအောင်ဟု ဆိုလာသောကြောင့် ဒီကမ္ဘာကို ရောက်ကတည်းက အိမ်ရဲ့ အနီးအနားတစ်ဝိုက်လောက်သာ သွားဖူးသော Grace တစ်ယောက် အလွန်စိတ်လှုပ်ရှားနေမိသည်။ ဘယ်ကို သွားရမှာလဲဟု တွေးယုံနှင့်ပင် စိတ်လှုပ်ရှားနေမိသည်။ ထို့နောက် Daddy Snape က ကိုယ့်ကို ချီပြီးနောက် apparation သုံးပြီး တစ်နေရာရာကို ရောက်သွားသည်။ ခေါင်းလေးကို တစ်ချက်မော့ကြည့်လိုက်ပြီး မြင်လိုက်ရသည်က 'Malfoy Manor' ကြီးပင်။ Daddy ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ကိုယ့်ကို ပြုံးပြပြီး ပါးစပ်လှုပ်ရုံဖြင့် "ဝင်ရအောင်" ဟု ပြောလာသည်။လုံးဝကို မေ့​နေခဲ့သည်လေ။ Daddy Snape က Draco Malfoy ရဲ့ Godfather ဆိုသည်ကို။

*အဟဲ အာ့ဆို Draco Malfoy ပေါက်စလေးကို တွေ့ရတော့မယ်ပေါ့ အရမ်းချစ်ဖို့ကောင်းနေ ​မှာပဲ မားမားလာပြီ သားလေးရေ သားလေးရဲ့ papa ခေါင်းထဲ ရိုက်သွင်းထားတဲ့ muggle အပေါ် ထားတဲ့ စိတ်တို့ Harry အပေါ် ထားတဲ့ စိတ်လေးတွေကို ပြောင်းဖို့ မားမားရောက်လာပြီ ဒီမားမားကို လာကြိုပါအုံး*

"အဟိ" ဟု အသံထွက်သွားသောကြောင့် ကိုယ့်ကို စိုက်ကြည့်နေသော Daddy Snape ကို သွားဖြီးပြလိုက်သည်။ အတွေးလွန်သွား၍ အသံထွက်သွားသည်။ ထို့နောက် Daddy နှင့်အတူ Malfoy Manor ထဲသို့ ရောက်သောအခါ living room ထဲ၌ စောင့်နေသော Lucius Malfoy နှင့် Narcissa Malfoy ကိုသာ တွေ့လိုက်ရသည်။ Draco ကိုတော့ မတွေ့။ ထိုအချိန် အပေါ်ထပ်မှ ပြေးဆင်းလာသော အသံကြောင့် လှည့်ကြည့်မိလိုက်ရာ *Draco လေးပဲ aigoo ချစ်စရာလေး မားမားသားလေး* ဟုတွေးရင်း မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်နေမိသည်။

*အင်း ဒီကလေး ကိုယ်ပြောတာတွေ ယုံအောင် ဘယ်လိုလုပ်ရမလဲ အတင်းကြီး သွားရောသင့်လား အချေ type နဲ့ပဲ နေရမလား သိမ်မွေ့တဲ့ မိန်းကလေးစတိုင်လ်ပဲ လုပ်ရမလား အဲ နောက်ဆုံးတစ်ခုကတော့ မဖြစ်နိုင်ဘူး ငါ ဘယ်လောက် ရွလဲ ငါ အသိဆုံးဆိုတော့ အဲ့တော့ အချေ type ပဲ လုပ်တာပေါ့*

Plan ချလို့ ကောင်းနေသည့်အချိန်မှာ Daddy နဲ့ Lucius Malfoy ရဲ့ အသံထွက်လာသဖြင့် feel ပျက်သွားရသည်။

"အဲ့ဒါ Draco လား မလာဖြစ်ခဲ့တဲ့ကြားထဲ တော်တော်တောင် ထွားလာပြီပဲ"

I was transmigrated into Harry Potter's WorldWhere stories live. Discover now