ကိုင်ထားသော ဖုန်းမှလည်း "Grace ဘာဖြစ်သွားတာလဲ Grace တစ်ခုခု ပြန်ပြောဦးလေ Grace မနောက်ရဘူးလေ" ဟု ပြောနေသည်ကို ကြားနေရသောကြောင့် ပြန်ဖြေချင်သော်လည်း ခန္ဓာကိုယ်က နာကျင်နေသည်မှာ အသံပင် မထွက်နိုင်ပေ။ ဘောလုံးပြေးကောက်ခဲ့သည့် ကလေးလေးကို ဖြေးဖြေးချင်း လှည့်ကြည့်လိုက်တော့ ပွန်းပဲ့ဒဏ်ရာက လွဲ၍ တခြားဒဏ်ရာ ကြီးကြီးမားမား ရသွားပုံတော့ မပေါ်ပေ။ လူတွေ ဘေးနားကို တဖြည်းဖြည်း ဝိိုင်းအုံလာသည်ကို ခံစားလိုက်ရသည့်အပြင် လူနာတင်ကား၏ အသံကိုလည်း ဝေးလာလိုက်၊ နီးလာလိုက်ဖြင့် ကြားနေရသည်။ ထို့နောက်တွင်မူ ကြားနေရသော အသံများက ချက်ချင်း တိတ်ဆိတ်သွားပြီးနောက် သူမ၏ ကမ္ဘာမှာလည်း အမှောင်အတိကျသွားတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်ခင်းနေ၏ အလင်းရောင်က မျက်လုံးပေါ်ကို စူးခနဲ ကျရောက်လာသောကြောင့် တစ်ဖက်ကို လှည့်ပြီး ပြန်အိပ်ဖို့ ကြိုးစားလိုက်သည်။ ထိုအချိန်မှာပင် မျက်စိကို လာစူးနေသော အလင်းရောင်က ပျောက်သွားသောကြောင့် ဘာဖြစ်သွားလဲဟုကြည့်ရန်အတွက် မဖွင့်ချင်ဖွင့်ချင်ဖြင့် မျက်လုံးကို ဖွင့်ကြည့်မိလိုက်သည်။ သို့သော် မြင်လိုက်ရသောသူကြောင့် မျက်လုံးအစုံမှာ ပြူးသွားတော့သည်။

*Professor Severus Snape!!!!!!*
.
.
.
.
.
.
.
.
.
.

မနေ့ညက ကိုယ်ရဲ့ မြတ်နိုးရတဲ့ မိန်းကလေးက သေဆုံးသွားသည်ကြောင့် လူက အသက်ပင်မရှိတော့သလို ခံစားနေရသည်။ ထို့ကြောင့် နာမည်တောင် မသိသည့် တောထဲကိုသာ တစ်ညလုံး လျှောက်ပတ်နေခဲ့လိုက်သည်။ ထိုအချိန်၌ သစ်ပင်တစ်ပင်၏ အောက်ခြေတွင် အဝတ်ထုတ်လိုလို တွေ့လိုက်ရသဖြင့် သွား၍ ဖွင့်ကြည့်လိုက်မိရာ မြင်လိုက်ရသည်က ၁ နှစ်အရွယ်လောက်သာ ရှိသေးမည့် ကလေးတစ်ယောက်ပင်။ အဝတ်ထုတ်ထဲ အချိန်အကြာကြီး ရှိနေခဲ့သောကြောင့် ချွေးတွေမှာ ရွှဲနစ်နေသည်။

အနီးအနားကို တစ်ချက်ကြည့်လိုက်သောအခါ ဘယ်သူမှ မရှိသောကြောင့် ကိုယ့်အိမ်ကိုသာ ခေါ်လာခဲ့လိုက်တော့သည်။ တောထဲ ကလေးကို တစ်ယောက်ထဲ ပစ်ထားနိုင်လောက်သည့်အထိတော့ စိတ်ဓာတ်က မမာပေ။ ကလေးမှာ သူ့ကို ပွေ့ချီလိုက်သည်ကိုတောင် နိုးလာခြင်းမရှိဘဲ ကိုယ့်အင်္ကျီကိုတောင် သူ၏ လက်သေးသေးလေးတွေနှင့် ဆုပ်ကိုင်နေလိုက်သေးသည်။ အိမ်သို့ ရောက်သည့်အခါ အိပ်ရာပေါ်ကို တင်ပေးလိုက်ပြီး ကိုယ်ကိုယ်တိုင်ကတော့ ဘေးနားရှိ ထိုင်ခုံပေါ်တွင် ထိုင်၍ စားပွဲပေါ်ကို အသာခေါင်းမှောက်ပြီး အိပ်ပျော်အောင် ကြိုးစားလိုက်သည်။

I was transmigrated into Harry Potter's WorldWhere stories live. Discover now