တောက် .. စောစောကတည်းက နည်းလမ်းရှာပြီး ဒီမိန်းမကို ရှင်းပစ်ခဲ့သင့်တာ။ ဇာတ်လိုက်မတွေတိုင်းက အမတိုးရူ(အရင်ဘဝမှ ဇာတ်လိုက်မ)လို မဟုတ်ဘူး။ ဖလဲရာက သဘောကျစွာ ရှေ့တိုးလာပြီး နေသန့် မေးကို ကိုင်၍ ခေါင်းမော့စေသည်။

"ဟက် အချောလေးပဲ။ အဲ့တာကြောင့် ယောကျာ်းရော မုဆိုးမပါမကျန် ကြွေနေတာ။ ဒါနဲ့ ငါနင့်ကို ဘယ်မှာ မြင်ဖူးမှန်း မသိဘူး။ ပြောစမ်း နင်ဘယ်သူလဲ"
"ကျုပ် ဘယ်သူလဲ သိပြီးရင် ခင်ဗျား အသက်ဆက်ရှင်နိုင်မယ် မထင်ဘူး" 
"ဟက်ဟက် .. အပြောကတော့ မလျှော့ဘူးပဲ"

"ဖြောင်း"
လက်ပြန်တချက် ကျလာပြီး နေသန့်မျက်နှာ ကျိန်းစပ်သွားရသည်။ အသားနာတာ မကြိုက်တဲ့ နေသန် ဒေါသများ ထိန်းချုပ်ထားရလွန်းလို့ မျက်လုံးများရဲလာသည်။

နေသန် က ဖလဲရာကို ရွံရှာမုန်းတီးစွာ ကြည့်၍
"မင်း ဗိုလ်ချုပ်ကို psycho attack လုပ်ပြီး ထိန်းချုပ်တယ်။ အောက်ခြေလူသားတွေရဲ့ဘဝကို အမြတ်ထုတ်ပြီး မင်းကျတော့ ကောင်းကောင်းနေချင်တယ်။ ဒီထိ ငါလက်ခံသေးတယ်။ ငါ့ကို လှည့်စားပြီး ဖြေဆေးယူတယ်။ ကိုယ့်တယောက်တည်း အကျိုးအမြတ်အတွက် ဓာတ်ခွဲခန်းက လူတွေရဲ့ဘဝကို ချနင်းတယ်။ ဒါလည်း ငါမင်းကို လွှတ်ပေးထားသေးတယ်။ အခုတော့ ဒီလို လူမမယ် ကလေးလေးကို ဓားစာခံလုပ်ပြီး လူသတ်ဖို့တောင် လုပ်ရဲနေပြီပဲ"

ဖလဲရာ မျက်လုံးများ ပြူး၍ ပါးစပ်အဟောင်းသားနှင့် နေသန့်ကို သရဲသဘက်လိုကြည့်သည်။

"ဟက် ဖလဲရာ ... မင်းက ကမ္ဘာပေါ်မှာ မရှိသင့်တဲ့ လူတစ်ယောက်ပဲ။ မသေခင် မြဲမြဲ မှတ်ထား ငါက
Nathan .. Clark ...
Chris Clark ရဲ့ တဦးတည်းသောသား "

ဖလဲရာက မယုံနိုင်တဲ့စိတ်ကြောင့် နောက်တလှမ်းဆုတ်မိလိုက်သည်။ ပါးစပ်မှလည်း မဖြစ်နိုင်ဘူး ဟု ထပ်ခါ တလဲလဲ ပြောနေသည်။ ထိုစဉ် နေသန်က တစုံတခုကို သတိထားမိတာကြောင့် ဖလံရာ၏မျက်လုံးများကို စူးစိုက်ကြည့်၍ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်သည်။

နေသန်က ဖလဲရာနဲ့စတွေ့ချိန်တုန်းက နေသန့်၏ စိတ်ဒဏ်ရာနှင့် သံသယများကြောင့် ဖလဲရာက လနဲ့ချီ၍ အယုံသွင်းခဲ့ရသည်။ ထိုသို့ နေ့နေ့ညည အတူနေထိုင်လာတဲ့ သူမကိုယ်တိုင်တောင် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ နေသန့်ကိုကြည့်ရင်း တုန်လှုပ်မိသလို ..  ယခုလိုသေအံ့ဆဲဆဲအချိန်မှာ ပြုံးလာတဲ့ နေသန့်ကိုလည်း နားမလည်နိုင်ပေ။ သို့သော် သူမနောက်ကျောမှာ နာကျင်မှုကို ခံစားလိုက်ရသည့်အခါတွင်တော့ သူမ သဘောပေါက်တာနောက်ကျသွားလေပြီ။

The Stranger I love (System)Where stories live. Discover now