_ Offered

Hand _

သူအခန်းထဲမှာ ထိုင်နေရင်းကပဲ အခန်းဝကို လှမ်းလှမ်းကြည့်မိသည်...အကိုပြောထားခဲ့တဲ့အတိုင်း သူဒီမှာပဲ စောင့်နေရမည်လေ....

နေ့လည်စာစားချိန် ရောက်နေပြီမို့ သူအကိုအလာကို မျှော်နေမိ၏...ဟော...အခန်းရှေ့ ရောက်လာတဲ့ အနက်ရောင် အရိပ်လေး...

Maskနဲ့ ဦးထုပ်ကြားက မျက်လုံးဝိုင်းလေးတွေ မှေးသွားချက်အရ အကိုသူ့အား ပြုံးပြနေတာ အတတ်သိနေရသည်လေ...သူလဲ မြူးထူးစွာပြုံးရင်း ခပ်မြန်မြန် ပြေးထွက်လိုက်သည်...

''အကို...''

''Yoon...ကိုယ်နဲ့လိုက်ခဲ့မလား...''

လက်လေးတဖက်ကမ်းပြီး မေးလာသည့် အကိုကြောင့် သူကြောင်အစွာကြည့်လို့ ခေါင်းငြိမ့်ပြီး ထိုလက်ကို ဆုပ်ကိုင်လိုက်သည်...

''အကိုခေါ်ရင် လိုက်မှာပေါ့...''

''Okay...သွားကြမယ်...''

တက်ကြွစွာ ရှေ့ကထွက်သွားသူ အကို့ရဲ့နောက်သို့လိုက်ရင်း သူတိတ်တခိုး ပြုံးရပါ၏...အခုလိုလေး နှစ်ယောက်အတူ နေရတာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ...

''အယ်...ကားကြီး...''

ကျောင်းအပြင်ဘက်က ခပ်ရှည်ရှည် အနက်ရောင် ကားတစီးပေါ်သို့ ဝင်ထိုင်ခိုင်းသူ အကိုကြောင့် သူကြောင်အစွာ ဝင်ထိုင်ရပြန်သည်...

''အကို...''

''ဟူးးး ခုမှပဲ အသက်ရှူဝတော့တယ်...''

သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည့် အကိုက Maskနဲ့ ဦးထုပ်ကိုချွတ်ရင်း သက်ပြင်းမောကြီးချလို့ ရင်ဘတ်ကိုဖိသည်...

''အကိုတချိန်လုံး ဒီအတိုင်းကြီး နေတာလား...''

''ဒီလိုပဲ နေရတာပေါ့ Yoonရယ်...အနုပညာသမားဆိုတော့လည်း မလွယ်ဘူး...အဲ့ဒါကြောင့် Canteenမှာ ထမင်းမစားပဲ Yoonနဲ့ ဒီမှာစားမလို့...''

ပြောပြောဆိုဆိုနဲ့ ရှေ့ခန်းက ထမင်းဘူးနှစ်ဘူးကိုယူပြီး အကိုက အဖုံးလှပ်​နေသည်...သူအကို့အား ကြည့်နေလျက် သက်ပြင်းချလိုက်သည်...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now