သူမက ဘယ်သူလဲ...အကိုနဲ့ ဘယ်လိုပတ်သက်တာလဲ...အကို့သူငယ်ချင်းလား...အကို့အသိလား...

ချလောက်!

''Yoon...အော်...ဓာတ်ပုံကြည့်နေတာလား...''

ရေချိုးခန်းထဲက ထွက်လာတဲ့ အကိုကြောင့် လန့်ဖြန့်သွားရပေမဲ့ ဓာတ်ပုံယူကြည့်သည်ကို အကိုက စိတ်ဆိုးဟန်မပြတာမို့ သူခေါင်းငြိမ့်ရင်း စားပွဲပေါ် ပြန်တင်ပေးလိုက်သည်...

''အဲ့ဒါ ကိုယ့်ရဲ့ သူငယ်ချင်းမလေးလေ...အရမ်းချစ်ဖို့ကောင်းတာ...နာမည်က Jae YuHarတဲ့...''

အကိုက ပြောလာတာကြောင့် သူခေါင်းငုံ့ထားရာက လှမ်းကြည့်လိုက်တော့ ဗီရိုကိုဖွင့်၍ အင်္ကျီရှာနေသည့် အကိုဟာ အောက်ပိုင်းတပတ်တထည်နဲ့...

သူမျက်လုံးပြူးရချေပြီ...အစောက ဓာတ်ပုံကြည့်မိလို့ အကိုစိတ်ဆိုးမှာဆိုး၍ ပူထူနေမိတာနဲ့ သတိမထားမိခဲ့တာ...သူခပ်မြန်မြန် အကြည့်လွှဲပြီး ခေါင်းကိုအောက်သို့ ပြန်ငုံ့လိုက်သည်...

''Yoonမှာရော အဲ့လိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ မရှိဘူးလား...''

သူခေါင်းကို အတွင်တွင် ခါပြလိုက်သည်...ထိုစဉ် သူ့ရှေ့ရောက်လာသည့် ရင်အုပ်ကျယ်ကျယ်...

''Yoon!...ဘာလို့လဲ..နေမကောင်းဘူးလား!..''

အနီးကပ် မြင်နေရတဲ့ ရင်အုပ်ဖွေးဖွေးနဲ့ ကြွက်သားအမြောင်းလိုက်တွေကြောင့် သူနှာခေါင်းသွေးပါ လျှံချင်လာရသည်...မဟုတ်...

''Yoon!..နှာခေါင်းသွေးတွေ...''

သူ့နှုတ်ခမ်းထက် စီးကျလာတဲ့ သွေးစက်တွေကို ဖိသုတ်လာသည့် အကို့လက်အား ပုတ်ထုတ်ကာ မတ်တပ်ထရပ်လိုက်သည်...

''ကျွန်..ကျွန်တော်အဆင်ပြေပါတယ်..အကိုအင်္ကျီလဲနှင့်နော်...ကျွန်တော်အောက်ကပဲ စောင့်တော့မယ်...''

''အင်း...ဒါဆို...''

ဂျိမ်း...

အကို့ဆီက အဖြေပင် မစောင့်အားပဲ သူအခန်းအပြင်သို့ အမြန်ထွက်ခဲ့ရသည်...ဘယ်လိုတောင် အရှက်ကွဲခဲ့တာပါလိမ့်...

''အားးး''

ပူကျစ်နေတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ခပ်ဆက်ဆက် ပိတ်ရိုက်ရင်း သူခေါင်းခါလိုက်သည်...တကယ်ရင်ခုန်စရာကြီး...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now