''ရော့...Yoonအတွက်...''

သူ့ရှေ့သို့ ချပေးလာသည့် ပေါင်မုန့်နို့စမ်း ပန်းကန်လေးကိုကြည့်ကာ လူက မျက်ရည်တောင် ဝဲလာရသည်....

''Yoon...စားလေ...''

''ဟုတ်ကဲ့ အကို...ကောင်းကောင်းစားပါ့မယ်...''

သူ့စကားအဆုံး အကိုဟာ ရယ်လေ၏...ထို့နောက် သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်သည့် အကိုက ကိုယ်ကိုရှေ့သို့ညွတ်ပြီး သူ့နှာခေါင်းကို လှမ်းဆွဲလာသည်...

''ချစ်ဖို့ကောင်းနေတာ...''

ပူရှိန်းရှိန်းဖြစ်လာသည့် ခန္ဓာကိုယ် အပြောင်းအလဲကြောင့် သူဟိုဟိုဒီဒီ အကြည့်လွှဲရင်း ရှေ့ကမနက်စာ ဆိုသည်လေးအား ခရင်းနဲ့ ထိုးစွပြီး ပါးစပ်ထဲ အရောက်ပို့လိုက်သည်...

အင်း...အရသာရှိနေရော...

အကို့ကို မဝံ့မရဲ မော့ကြည့်လိုက်တော့ ပေါင်မုန့်နို့စမ်းကိုသာ အာရုံထားပြီး စားနေလေသည်...ထို့ကြောင့် သူလဲ ငြိမ်ရင်းသာ မုန့်ထိုင်စားနေလိုက်တော့သည်...

''Yoon...ကိုယ်ရေချိုးဦးမယ်...အခန်းထဲ လိုက်ခဲ့လေ...လာ...''

မုန့်စားပြီးတာနဲ့ သူ့လက်ကိုဆွဲ၍ ခေါ်ပြန်သော အကိုကြောင့် ငြင်းလိုက်ချင်ပေမဲ့ မငြင်းရသေးခင်မှာပင် အခန်းဆီသို့ ရောက်သွားခဲ့ပြီဖြစ်သည်...

''Yoon...ထိုင်နေနော်...ကိုယ်ရေသွားချိုးမလို့...''

ကုတင်ပေါ် ထိုင်စေသည့် အကို့အား ခေါင်းငြိမ့်ပြုံးပြရင်း သူငြိမ်ငြိမ်လေး ထိုင်နေခဲ့လိုက်သည်...

မျက်လုံးအကြည့်တို့ကို ကစားမိတော့ ကုတင်ထိပ်က နံရံမှာ ချိတ်ထားတဲ့ အကို့ရဲ့ ဓာတ်ပုံအကြီးကြီးဆီကို ဦးစွာရောက်သွားရရဲ့...

''ချောလိုက်တာ...''

ခပ်တည်တည် မျက်နှာထားနဲ့ ကျပြန်တော့လည်း အကိုက မိမိုက်လွန်းနေပါ၏...ရုတ်တရက် ဘေးစားပွဲပေါ်က ထောင်ထားတဲ့ ဓာတ်ပုံလေးကို တွေ့လိုက်ရတာမို့ သူယူကြည့်လိုက်သည်...

''ဟင်?...''

အကိုနဲ့ တခြားမိန်းကလေးတယောက်...အချင်းချင်း ဖက်ထားကြတာကြောင့် သူ့စိတ်မှာ အတွေးတော်တော်များများ ချာလပတ် လည်ကုန်ရသည်...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now