PROLOGUE+EP-1

1.9K 98 4
                                    

#သာသာပျက်သွားတဲ့အပိုင်းလေးပြန်တင်ပေးတာပါနော်။

[Unicode]

"ကိုကကလေးကိုပဲချစ်တာပါ"

ထိုစကားကမိန်းလေးတိုင်းကိုပြောနေသောဆော့ဂျင်ရဲ့လက်သုံးစကားတစ်ခု...

*ကိုယ့်ဘဝမှာမိန်းကလေးတစ်ယောက်ကိုချဥ်းကပ်ရတာအလွယ်ကူဆုံးပဲ...၊ မင်းကကိုယ့်ရဲ့ရုပ်သေးရုပ်ဖြစ်ပေးရမယ် ကိုယ်စေခိုင်းတဲ့အတိုင်းမင်းပြုမူရမယ် ဒါမင်းကံကြမ္မာပဲ....*

Kim Seok Jin

"ထပ်မပြောပါနဲ့တော့...အကုန်အလိမ်ညာတွေပဲမလား..."

ပထမဆုံးအချစ်ကိုစတင်ရင်ခုန်ဖူးတဲ့သူမကplayboyတစ်ယောက်နဲ့တွေ့ရင်ခံနိုင်ရည်ရှိပါ့မလား... ၊ ဟုတ်တယ်သူမအချစ်ရေးကံမကောင်းခဲ့ဘူး..။

*ကိုယ်သူ့ကြောင့်ပဲချစ်တတ်လာပြီးသူ့ကြောင့်ပဲမုန်းတတ်လာတယ်*

Min Seo Yeon

"Hyungလိုလူတစ်ယောက်လက်ထဲကို ကျွန်တော်ချစ်တဲ့မိန်းကလေးကိုအပါမခံနိုင်ဘူး"

မင်းကိုယ်တိုင်ချစ်နေရင်တောင်ကိုယ်ကလူကြမ်းလုပ်ပြီးရအောင်ကိုခွဲမှာ...

Min Yoongi

~~~~•~~~~•~~~~

ဆိုလ်းမြို့,နိုင်ငံခြားဘာသာတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူလေးမင်ဆောယွန်း...၊

ကျွန်တော့်နှလုံးသားကိုစတင်လှုပ်ခတ်စေနိုင်တဲ့သူလေးပေါ့...၊ အနုပညာမေဂျာကိုအဆောင်မှားရောက်လာတဲ့ပထမနှစ်ကျောင်းသူလေးကိုသူမြင်မြင်ချင်းချစ်ခဲ့မိတယ်...။

အခုဆိုဒုတိယနှစ်တောင်ရောက်လာခဲ့ပြီပဲ...။
မိန်းကလေးတွေဆိုဝေးဝေးကရှောင်တတ်တဲ့သူကသူမလေးကိုတော့တိတ်တဆိတ်စောင့်ကြည့်နေမိခဲ့တယ်...။
သူမကပထမနှစ်ကတည်းကတစ်ယောက်တည်းပဲနေလာခဲ့တာအခုထိလည်းသူမတစ်ယောက်တည်းပဲ...၊ ယောကျ်ားလေးတွေလာမိတ်ဆက်တိုင်းလည်းရှောင်ရှောင်ထွက်သွားတတ်သေးတာ...၊ အဲ့အကျင့်လေးတွေကြောင့်သူအရမ်းစွဲလမ်းနေရတာ... ၊

ကျွန်တော်ထင်တယ် သူမကရည်းစားတောင်မထားဖူးလောက်သေးဘူး...၊ တကယ့်ကိုအဖြူထည်လေးပါ ၊ ကျွန်တော်လည်းမြတ်မြတ်နိုးနိုးနဲ့ပဲအဝေးကနေပဲစောင့်ကြည့်နေမိခဲ့တယ်...၊ ကျွန်တော်သွားမိတ်ဆက်လည်းသူများတွေလိုပဲရှောင်ထွက်ခံရမှာပဲလေ ၊ သူမမျက်မုန်းကျိုးတဲ့ထဲတော့ကျွန်တော်မပါချင်ဘူး... ။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now