ဟန်မုန့်က စိတ်ပျက်လက်ပျက်နဲ့ ရောက်လာပြီး စာအိတ်ကို သူ့ခုံပေါ်ပစ်ပေးသည်။
“ငါ့လိုလူက ဘယ်လိုရည်းစားစာမျိုး ရမှာမို့လို့လဲ? အကုန် မင်းဟာတွေချည်းပဲ၊ သူမက ငါ့ကိုနေ့တိုင်းနေ့တိုင်းပေးခိုင်းနေတာ၊ စိတ်ပျက်စရာကောင်းလိုက်တာဆိုတာ”

ကျန့်ယောင်က စာအိတ်ကိုကောက်ကိုင်ကြည့်ကာ :
“တစ်ခုတည်းလား?”

သူ့ခုံလေးအကန်ခံလိုက်ရတယ်၊ ဘေးကလူဆီက။
“ဘယ်နှစ်ခုများရချင်သေးလို့လဲ မင်းက?”

ဟန်မုန့် : “အမှန်ပဲ မင်းလူရှေ့မှာမို့....ချဲယ်ကောမျက်နှာနဲ့ ငါရှင်းပြလိုက်ပါ့မယ်၊ တခြားသူတွေအကုန် ငါငြင်းလွှတ်လိုက်တာပဲ ဒါမယ့် ဒီကောင်မလေးကတော့ တော်တော်ဇွဲကြီးတယ်၊ ငါလည်းမတတ်နိုင်ပဲ လက်ခံလိုက်ရတာပေါ့၊ အဲ့တာကိုတော့ မင်းကြိုက်သလိုလုပ်လိုက်တော့”

“ငါက ပြောပြတာပါ၊ ငါ့ကို crush‌နေတဲ့လူက တစ်ယောက်တည်းဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန့်ယောင်က ရယ်ကာပြောသည်။
“ချဲယ်ချဲယ် အန္တရာယ်ကိုခံစားမိနေပြီမလား၊ ခုတော့ ငါ့ကိုပိုပြီးကောင်းကောင်းဆက်ဆံချင်နေပြီဟုတ်?”

ရင်းချဲယ်က မျက်လုံးတွေကျဥ်းမြောင်းကာ :
“ငါ့အထင်တော့ အန္တရာယ်ကို မခံစားမိတာ မင်းလားလို့”

*Bang!*
အနောက်တန်းကနေ အသံကျယ်ကြီးတစ်သံ ထွက်လာခဲ့သည်။

ချန်ရင်းရင်းက ခုံကိုပုတ်ကာ လှည့်ကြည့်လာသည်။
“ဘယ်သူလဲဟဲ့! လူတွေကိုအေးဆေးမနားရတော့ဘူးလား!”

ရင်းချဲယ်က ကျန့်ယောင်ကို ကျောင်းယူနီဖောင်းကနေ ဆွဲထားရင်း :
“ဆောရီး အတန်းမော်နီတာ၊ သူ့ကိုအပြင်ထုတ်သွားလိုက်မယ်”

“မဟုတ်တာ၊ စိတ်ထဲမထားပါနဲ့ ချဲယ်ကောစိတ်တိုင်းကျသာဆက်လုပ်ပါ....”

...

ဗုဒ္ဓဟူးနေ့၊ First Highရဲ့ ခုနှစ်နှစ်ပြည့်ဘတ်စကတ်ဘောပြိုင်ပွဲအတွက် လူပေးစာရင်းသွင်းမှုများစတင်လက်ခံလေပြီ။

ကောကျစ်ရှုန်း တစ်နှစ်တာလုံး ဒီနေ့ကိုပဲ စောင့်မျှော်နေခဲ့ရတာဖြစ်သည်။ ဒီနှစ်တော့ စံချိန်တင်ရစေ့မယ်ဆိုတာ လှုံ့ဆော်မှဖြစ်မည်။ သူ့မယ် နေ့လည်စာပင်သွားမစားနိုင်။ ထို့အစား ကျောက်သင်ပုန်းပေါ်မှာ စာလုံးကြီးတွေနဲ့ ရေးနေခဲ့သည်။
“ငါတို့ဟာ alphaတွေပဲ! သန်မာထကြွရမယ်!”

Pay Attention To Me [Myanmar Translation]Where stories live. Discover now